Pages

Subscribe:

Sunday, February 22, 2015

ဆွမ်ဆီးတွင် ပွဲကို စိုးမိုးနိုင်ခဲ့သော်လည်း ကံမကောင်းခဲ့ကြောင်း ဗန်ဂါးလ် ပြောကြား



ဆွမ်ဆီးတွင် ပွဲကို စိုးမိုးနိုင်ခဲ့သော်လည်း ကံမကောင်းခဲ့ကြောင်း ဗန်ဂါးလ် ပြောကြား

စနေနေ့က ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲတွင် အသင်း ကစားသမားများ အနေဖြင့် ကံမကောင်းခဲ့ကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

အဆိုပါပွဲစဉ်တွင် အန်ဒါဟာရဲရားက ယူနိုက်တက်အတွက် အဖွင့်ဂိုး သွင်းယူခဲ့သော်လည်း နှစ်မိနစ် အကြာတွင် ကီဆောင်ယောင်း၏ ချေပဂိုး သွင်းယူခြင်းကို ခွင့်ပြုခဲ့ရသည်။ ထို့နောက် ယူနိုက်တက်သည် ဒုတိယပိုင်းတွင် ဆွမ်ဆီးကို ဖိအားပေးနိုင်ခဲ့သော်လည်း ၇၃ မိနစ်တွင် ဂျွန်ဂျိုရှယ်လ်ဗီ၏ ကန်ချက်က ဘာဖတ်တင်ဘီ ဂိုမစ်၏ ခေါင်းနှင့်ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားခဲ့သောကြောင့် ဆွမ်ဆီးက အနိုင်ရရှိသွားခဲ့သည်။

“ကျွန်တော်တို့က ဒီပွဲမှာ ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတစ်ပွဲမှာ အနိုင်အရှုံးက ဂိုးအရေအတွက်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ သူတို့က ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက ဒီနေ့ ကံမကောင်းခဲ့ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ယူနိုက်တက်အနေဖြင့် လုံလောက်သည့် ဂိုးဖန်တီးမှုများ ရရှိခဲ့သလားဟု မေးမြန်းမှုအပေါ် ဗန်ဂါးလ်က “ရခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပါ။ ပထမပိုင်းမှာကတည်းက ပွဲကို စိုးမိုးထားနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဒီထက်ပိုကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ဒီနေ့ ကံမကောင်းခဲ့ပါဘူး” ဟု ဖြေကြားခဲ့သည်။
ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ခြင်းသည် ယူနိုက်တက်၏ နောက်ဆုံး လိဂ်ပွဲ ၅ ပွဲတွင် ပထမဦးဆုံး အရှုံးရလဒ်ဖြစ်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment