Pages

Subscribe:

Thursday, April 30, 2015

အက်ဖ်အေဖလား ပြိုင်ပွဲကို အမ်းမရိတ်စ် အက်ဖ်အေဖလားဟု အမည်ပြောင်းတော့မည်



အက်ဖ်အေဖလား ပြိုင်ပွဲကို အမ်းမရိတ်စ် အက်ဖ်အေဖလားဟု အမည်ပြောင်းတော့မည်
Written by  ဝေဘုန်းလူ

လန်ဒန်၊ ဧပြီ ၂၉။          ။ ကမ္ဘာပေါ် တွင်ရှေးအကျဆုံး ရှုံးထွက်ပြိုင်ပွဲ တစ်ပွဲဖြစ်သည့် အက်ဖ်အေဖလားဘောလုံး ပြိုင်ပွဲမှာပေါင်သန်း ၃၀ တန်စပွန်ဆာစာချုပ် သစ်အရ အမ်းမရိတ်စ်အက်ဖ်အေ ဖလားဟု အမည်ပြောင်း ရတော့မည်ဖြစ်သည်။

ယင်းမှာရှေးရိုးစွဲ များအတွက် မထင်မှတ်သည့် အပြောင်း အလဲ တစ်ခုဖြစ် လာနိုင်ပြီး အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေသည် အမ်းမရိတ်စ်လေကြောင်း လိုင်းနှင့် သုံးနှစ် စာချုပ် လိုက်ခြင်းဖြစ် သည်ဟု ယူဆရသည်။

အက်ဖ်အေဘုတ် အဖွဲ့ဝင်များက ကြသပတေးနေ့တွင် ဆုံးဖြတ်မည့်  ယင်းစပွန်ဆာ စာချုပ်မှာ  တစ်နှစ်ပေါင် ၁၀  သန်းတန်ကြေး ရှိသော်လည်း နာမည်ပြောင်း လိုက်ခြင်းက သက်တမ်း ၁၄၄ နှစ်ရှိ အက်ဖ်အေဖလား ပြိုင်ပွဲချစ်သူ များအတွက် စိတ်မသက်မသာဖြစ် လာစေနိုင်သည်။

အမ်းမရိတ်စ်လေကြောင်းလိုင်းသည် အာဆင်နယ်အသင်းအိမ်ကွင်းနှင့် ဝတ်စုံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် အားကစားနှင့်ပတ်သက်ပြီး စပွန်ဆာပေးနေသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ အမ်းမရိတ်စ်အနေဖြင့် ဖီဖာနှင့်ချုပ်ဆိုထားသောပေါင်သန်း ၃၀တန်စပွန်ဆာကို ၂၀၁၈နှင့် ၂၀၂၂ တွင်ဆက်လက်ပေး အပ်ခြင်း မပြုရန် နိုဝင်ဘာလအတွင်းက ဆုံးဖြတ်ခဲ့သောကြောင့် အခြားနေရာများတွင် ငွေပမာဏကြီးမားစွာ အသုံး ပြုရန် ဆုံးဖြတ်ထားသည်။

ဒူဘိုင်းအခြေစိုက် အမ်းမရိတ်စ်၏ပြိုင်ဘက် အီတီဟတ်လေကြောင်းလိုင်းနှင့် စာချုပ်ထားသည့်မန်စီးတီးမှာ အမ်းမရိတ်စ်အက်ဖ်အေဖလား ဝင်ပြိုင် ရန်ပြဿနာ ရှိမည် မဟုတ်ပေ။

Ref; Daily Mail

Mizzima

အသင်းတည်ထောင်ပြီး ၁၁၆ နှစ်အကြာမှာ စီးရီးအေကို တန်းတက်လာသည့် အသင်းငယ်လေး ကာပီ



အသင်းတည်ထောင်ပြီး ၁၁၆ နှစ်အကြာမှာ စီးရီးအေကို တန်းတက်လာသည့် အသင်းငယ်လေး ကာပီ
Written by  အောင်ငြိမ်းသွေး

အီတလီ၊ ဧပြီ ၂၉။         ။ ဘာရီအသင်းနှင့် ၀-၀ ရလဒ်ဖြင့် သရေကျပြီးနောက်တွင် အသင်းငယ်လေး ကာပီအက်ဖ်စီသည် အသင်းတည်ထောင်ပြီး ၁၁၆နှစ်အ ကြာ၌ စီးရီးအေသို့ ပထမဆုံး တန်းတက်လာ ခဲ့သည်။

အီတလီနိုင်ငံမြောက်ပိုင်းတွင် တည်ရှိသည့် ကာပီမြို့တွင် အခြေစိုက်သော ကာပီအက်ဖ်စီ အသင်းသည် လက်ကျန် ပွဲစဉ်လေးတွင် ရမှတ် ၂ မှတ်ထက် ပိုရပါက စီးရီးဘီ ချန်ပီယံဆုကို ဆွတ်ခူးနိုင် မည်ဖြစ်သည်။

ကာပီမြို့သည် လူဦးရေ ၇၀၀၀၀ ၀န်းကျင်သာ ရှိပြီး ကာပီအသင်းပိုင် Stadio Sandro Cabassi ကွင်းမှာလည်း ပရိသတ် ၄၁၄၄ ဦးသာ ၀င်ဆံ့သည်။

ကာပီအသင်းသည် စီးရီးဒီမှ တန်းတက် လာပြီးနောက် ငါးနှစ်အတွင်း စီးရီးအေသို့ တန်းတက် လာနိုင်ခြင်း လည်းဖြစ်သည်။ နည်းပြ ဖာဘရီဇီယို ကက်စတိုရီ၏ အသင်းသည် လူငယ် ကစားသမား အများစုဖြင့် ဖွဲ့စည်း ထားပြီး လာမည့် ရာသီတွင် ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အင်တာမီလန် စသည့် အသင်းကြီးများနှင့် ရင် ဆိုင်ကစား ရတော့ မည်ဖြစ်သည်။

နည်းပြ ဖာဘရီဇီယို ကက်စတိုရီက 'တကယ်ကို ထူးဆန်း အံ့သြ ဖွယ်ရာကောင်းတဲ့ ခရီးတစ်ခုပါပဲ။ တန်းတက်နိုင် ခဲ့လို့ အလွန်ပျော်ကျေနပ်ဝမ်း သာမိပါတယ်။ အသင်းဟာ တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်လာနေပါတယ်။ အသင်းက ကစားသမားလေးတွေ ဟာတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထား သူတွေဖြစ် ပါတယ်' ဟုပြောသည်။

ယခုကဲ့သို့တန်းတက်လာခြင်းသည် ကာပီအသင်းနှင့် ပရိသတ်များအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သော်လည်း စီးရီးအေ ၏စည်းမျဉ်း များအရ အိမ် ကွင်းမှာ အနည်းဆုံးပရိသတ် ၂၀၀၀၀ ၀င်ဆံ့ရမည် ဖြစ်သောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။

လာဇီယိုဥက္ကဋ္ဌ လိုတီတိုကလည်း ကာပီအသင်းတန်း တက်လာခြင်းသည် ဘဏ္ဍာရေးအရ ထိခိုက်နစ်နာမှု ရှိကြောင်းဝေဖန်ပြောကြား ထားသည်။

Ref: Daily Mail

Mizzima

ချယ်လ်ဆီး၏ တစ်ရာသီလုံး ဖြတ်သန်းမှု ထူးကဲ ကောင်းမွန်ခဲ့ဟု မော်ရင်ဟို ညွှန်းဆို



ချယ်လ်ဆီး၏ တစ်ရာသီလုံး ဖြတ်သန်းမှု ထူးကဲ ကောင်းမွန်ခဲ့ဟု မော်ရင်ဟို ညွှန်းဆို

ချန်ပီယံဆု အတွက် သေချာရန် နိုင်ပွဲ တစ်ပွဲသာ လိုအပ်တော့သည့်နောက် ချယ်လ်ဆီး၏ ခြေစွမ်းသည် ယခုရာသီ ထူးထူးကဲကဲ ကောင်းမွန်ခဲ့ကြောင်း မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ညွှန်းဆို ပြောကြားလိုက်သည်။
ချယ်လ်ဆီးသည် လက်ဆက်စတာ စီးတီးကို (၃-၁)ဖြင့် အနိုင်ကစားခဲ့ပြီးနောက် (၂၀၁၀)ပြည့်နှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ခွင့်ရရန် အသေချာဆုံး အနေအထားမျိုးသို့ ရောက်ရှိလာခဲ့သည်။ ဘောလုံးရာသီ ထက်ဝက်ကျိုးချိန်မှ စကာ ခံစစ်ကို ပိုမိုအထိုင်ချသည့် ပုံစံမျိုး ပြောင်းလဲသွားသဖြင့် ဝေဖန်မှုများ ကြုံခဲ့ရသည့်တိုင် မော်ရင်ဟိုကမူ ၎င်းတို့၏ ဖြတ်သန်းမှုကို အသင်းတိုင်း အားကျနေလိမ့်မည်ဟု ညွှန်းဆိုခဲ့သည်။ ချယ်လ်ဆီးသည် တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ ခရစ္စတယ်လ် ပဲလေ့စ်ကို အနိုင်ရခဲ့ပါက ချန်ပီယံဆုကို စောစီးစွာ သိမ်းယူနိုင်မည် ဖြစ်သည်။
“ကျွန်တော့်အသင်း လုပ်ပြခဲ့ပုံကတော့ ထူးကဲလွန်းပါတယ်။ ပြိုင်ပွဲစကတည်းက အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ဦးဆောင်ဖို့ ဆိုတာဟာ မလွယ်ပါဘူး။ အသင်းတိုင်းက ကျွန်တော်တို့ရဲ့ အနေအထားမျိုး ဖြစ်ချင်ကြပါလိမ့်မယ်။ စတမ်းဖို့ဒ် ဘရစ်ဂ်ျဟာ အောင်ပွဲခံဖို့ အခုအချိန်မှာ အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ ပရိသတ်ကို ကျွန်တော် တောင်းဆိုချင်တာက ကြိုတင် အောင်ပွဲမခံသေးဖို့ပါပဲ။ တနင်္ဂနွေနေ့ ပွဲစဉ်ကို ကျွန်တော်တို့အားလုံး နိုင်ချင်ကြပါတယ်။ ဒါပေမဲ့ အဲဒီပွဲစဉ်ဟာ ခက်ခဲမှာ အမှန်ပါပဲ။ စတမ်းဖို့ဒ်ဘရစ်ဂ်ျ ပရိသတ်ဟာ ကျွန်တော်တို့ကို တွန်းအားပေးဖို့ အတွက် အဆင်သင့် ဖြစ်နေသင့်ပါတယ်” ဟု မော်ရင်ဟိုက ဆိုသည်။
၎င်းက “ကျွန်တော်တို့ဟာ ဒီယေဂို ကော်စတာ၊ လွိုက်ရိုင်မီနဲ့ ဒီဒီရာ ဒရော့ဂ်ဘာတို့ မကစားနိုင်တာကြောင့် အော်စကာကို တိုက်စစ်မှူးနေရာ ထားကစားရတဲ့ အချိန်တွေတောင် ရှိခဲ့ဖူးတယ်။ တခြားဖြေရှင်းစရာ နည်းလမ်းလည်း မတွေ့ဘူးလေ။ တကယ်ဆို ချယ်လ်ဆီးရဲ့ စုဖွဲ့မှုဟာ အရေအတွက်အားဖြင့် ကျစ်လစ် သေးငယ်ပါတယ်။ ဒါပေမဲ့ နည်းဗျူဟာပိုင်း၊ အသင်းစိတ်ဓာတ်၊ ကျင့်ဝတ်ပိုင်းတွေမှာ အားကောင်းတယ်။ ခံစစ်ကစားပုံ သိပ်ထက်မြက်တယ်။ ပြီးတော့ တိုက်စစ်မှာလည်း ဂိုးတွေ သွင်းနိုင်တယ်။ ပွဲတိုင်းမှာ တည်ငြိမ်မှုရှိတဲ့ အေိနအထားကို ပြသနိုင်ခဲ့တယ်။ အခုဆို ကျွန်တော်တို့ဟာ ဒုတိယ နေရာက အသင်းကို (၁၃)မှတ် ဖြတ်ထားပြီ။ အာဆင်နယ်နဲ့ ပွဲစဉ်ကလွဲရင် နောက်ပိုင်းပွဲတိုင်း နိုင်ခဲ့တယ်။ ကစားသမားတွေဟာ ဖိအားများလေလေ၊ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်လာလေလေပဲ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
၎င်းက “အသင်းဟာ လူငယ်လူကြီး အချိုးညီညီ ပေါင်းစပ်ထားတယ်။ ပီတာဆက်ခ်ျက စွမ်းဆောင်ရည် ကောင်းမွန်နေဆဲပဲ။ ဂျွန်တယ်ရီ၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်၊ ပြီးတော့ ဒရော့ဂ်ဘာတို့ဟာ အသင်းကို ဦးဆောင်ခဲ့တယ်။ ဒါပေမဲ့ ကွင်းထဲမှာ နီမန်ယာမာတစ်၊ ဆက်စ်ဖာဘရီဂက်စ်၊ ရာမီရက်စ်တို့လို ထူးချွန်တဲ့ ကစားသမားတွေလည်း ပိုင်ဆိုင်ထားဆဲပါ။ တကယ့်ကို ထက်မြက်အားကောင်းတဲ့ အသင်းတစ်ခုပါပဲ။ ဒါကြောင့်လည်း ကျွန်တော် အရမ်းကို ပျော်ပါတယ်။ အခုဆို ကျွန်တော်တို့ဟာ အောင်ပွဲခံဖို့ (၃)မှတ်ပဲ လိုပါတော့တယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

ရာသီကုန်တွင် အာဆင်နယ်သို့ ပိုဒေါစကီး ပြန်လည်ရောက်ရှိ လိမ့်မည်ဟု မန်စီနီ အတည်ပြု



ရာသီကုန်တွင် အာဆင်နယ်သို့ ပိုဒေါစကီး ပြန်လည်ရောက်ရှိ လိမ့်မည်ဟု မန်စီနီ အတည်ပြု

အင်တာမီလန် အနေဖြင့် လူးကပ်စ် ပိုဒေါစကီးကို အမြဲတမ်းစာချုပ် ချုပ်ဆိုမည် မဟုတ်ကြောင်းနှင့် ကစားသမားသည် နွေရာသီတွင် အာဆင်နယ်သို့ ပြန်သွားရန် ပြင်ဆင်နေကြောင်း ရော်ဘတ်တို မန်စီနီက အတည်ပြု ပြောကြားလိုက်သည်။
ပိုဒေါစကီးသည် ဇန်နဝါရီလက အာဆင်နယ်မှ အင်တာမီလန်သို့ ခြောက်လ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့ပြီးနောက် အူဒီးနီးစ်ကို ၂-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည့်ပွဲတွင် ၎င်း၏ အင်တာမီလန်အတွက် ပထမဦးဆုံးဂိုးကို သွင်းယူနိုင်ခဲ့သည်။
သို့သော်လည်း ဂျာမနီ လက်ရွေးစင် ကစားသမားနှင့် ပတ်သက်၍ စိတ်ရှည်သည်းခံပေးရန် ပရိသတ်များထံ တောင်းဆိုထားသည့် မန်စီနီက အသက် ၂၉ နှစ်အရွယ် ကစားသမားအနေဖြင့် ရာသီကုန်တွင် ဆန်စီရို၌ ဆက်ရှိနေမည် မဟုတ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
“အခုလို ပိုဒေါစကီး ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းကို ကျေနပ်ပါတယ်။ သူက အရမ်းကို အရေးပါတဲ့ ဂိုးတစ်ဂိုး သွင်းယူခဲ့တာပါ။ သူ့အနေနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ လန်ဒန်ကို ပြန်သွားပါလိမ့်မယ်။ သူက စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပါ” ဟု အင်တာမီလန် နည်းပြက ပြောကြားခဲ့သည်။

Soccer Myanmar

ဟာရဲရားသည် ယူနိုက်တက်၏ အကောင်းဆုံး အင်အားဖြည့်တင်းမှု တစ်ရပ် ဖြစ်ကြောင်း စခိုးလ် ပြောကြား



ဟာရဲရားသည် ယူနိုက်တက်၏ အကောင်းဆုံး အင်အားဖြည့်တင်းမှု တစ်ရပ် ဖြစ်ကြောင်း စခိုးလ် ပြောကြား

အန်ဒါဟာရဲရားသည် မန်ချက်စတာ ယူနိုက်တက်၏ နွေရာသီ ကစားသမား ခေါ်ယူမှုတွင် အကောင်းဆုံး ဖြစ်သည်ကို သက်သေပြသနိုင်ခဲ့ကြောင်းနှင့် ၎င်း၏ ခြေစွမ်းသည် ယခုထက် ပိုကောင်းလာနိုင်ကြောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
ဟာရဲရားသည် ပြီးခဲ့သည့် နွေရာသီက ရာဒါမယ် ဖယ်လ်ကာအို၊ မာကို့စ်ရိုဟို၊ အိန်ဂျယ် ဒီမာရီယာနှင့် ဒါလေဘလင်းတို့နှင့်အတူ အက်သလက်တစ် ဘီလ်ဘာအိုမှ ယူရို ၃၆ သန်းဖြင့် အိုးထရတ်ဖို့ဒ်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။
ထို့နောက် စခိုးလ်က ဟာရဲရားသည် ယူနိုက်တက်မှ အားဖြည့်ခေါ်ယူသည့် ကစားသမားများအနက် အကောင်းဆုံး စွမ်းဆောင်နိုင်သူဖြစ်ကြောင်း ဆိုခဲ့သည်။ အဆိုပါ စပိန် ကစားသမားသည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ၂၇ ပွဲ ကစားပြီး ၇ ဂိုးသွင်းကာ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။
“အသင်းကို ရောက်လာတဲ့ ကစားသမားသစ် အားလုံးက စစချင်းမှာ အခက်အခဲတွေနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။ သူတို့က ၇ လ၊ ၈ လလောက်အထိ အခက်အခဲတွေ့နိုင်ပါတယ်။ အခုအချိန်မှာတော့ ဟာရဲရားက ကျွန်တော် သဘောအကျဆုံး ကစားသမားလို့ ပြောနိုင်ပါတယ်။ သူလည်းပဲ အစပိုင်းမှာ အသင်းနဲ့ အံဝင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုအချိန်မှာ သူက တကယ့်ကို အကောင်းဆုံး ကစားနိုင်နေပါပြီ။ သူက အသက်ငယ်ရွယ်တဲ့ ကစားသမားပါ။ သူ့ရဲ့ ခြေစွမ်းက ဒီထက် ပိုကောင်းလာနိုင်ပါတယ်” ဟု ဟာရဲရားက ပြောကြားခဲ့သည်။

Soccer Myanmar

ပေါ့ဂ်ဘာကို အသင်းက ခေါ်ယူဖြစ်ရန် PSG ကစားသမားများ မျှော်လင့်နေ



ပေါ့ဂ်ဘာကို အသင်းက ခေါ်ယူဖြစ်ရန် PSG ကစားသမားများ မျှော်လင့်နေ

ပေါလ်ပေါ့ဂ်ဘာကို အသင်း အနေဖြင့် လက်ရ ခေါ်ယူ စာချုပ်နိုင်ရန် မျှော်လင့်ကြောင်း PSG ကစားသမားများက ထုတ်ဖော် ပြောကြားလိုက်သည်။
ဘရာဇီးလ် လက်ရွေးစင် ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားနှင့် အီတလီ လူငယ်ခြေတက် ကွင်းလယ်ကစားသမား မာကို ဗာရတ်တီတို့က ဂျူဗင်းတပ်စ်တွင် ခြေစွမ်းပြနေသည့် ပြင်သစ်လူငယ် ကွင်းလယ် ဖန်တီးရှင်ကို အသင်းတွင် လာရောက် ပူးပေါင်းကစားရန် လိုလားနေသည်။ ပေါ့ဂ်ဘာ၏ အေးဂျင့်သည် ပြင်သစ်ချန်ပီယံ အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် နွေရာသီတွင် PSGက ပေါ့ဂ်ဘာကို ကမ်းလှမ်း ဝယ်ယူသွားမည်ဆိုသော ခန့်မှန်းချက်များလည်း ပိုမို ကျယ်ပြန့်လာသည်။
ပေါ့ဂ်ဘာကို ၎င်း၏ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အပြင် ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး၊ မန်ချက်စတာစီးတီး အစရှိသည့် အသင်းများကလည်း စောင့်ကြည့်လျက် ရှိသည်။ ဆေးလ်ဗားက “ပေါ့ဂ်ဘာက ငယ်ရွယ်ပြီး အရည်အသွေး ပြည့်ဝတဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော်တို့ အသင်းက ဗာရတ်တီလိုပေါ့။ နောက်ပြီး သူဟာ ပြင်သစ်တစ်ယောက် ဖြစ်နေတယ်။ ဒီတော့ အသင်းကို ရောက်လာရင် ဘာသာစကား ပြဿနာဘာညာ ရှိမှာမဟုတ်ဘူး။ ပြီးတော့ သူသာ PSGကို တကယ်ရောက်လာမယ် ဆိုရင် ပထမဆုံး အသင်းကို ရောက်တဲ့နေ့ကစလို့ အစစ အရာရာ အဆင်ပြေနေအောင် ကျွန်တော်တို့က နွေးနွေးထွေးထွေး ကြိုဆို ကူညီသွားမှာပါ” ဟု ဆိုသည်။
ဗာရတ်တီကလည်း “ပေါ့ဂ်ဘာက ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ သူသာရောက်လာရင် အသင်းကို သေချာပေါက် အကူအညီ ပေးနိုင်ပါလိမ့်မယ်။ PSGက ကြီးမားတဲ့ အောင်မြင်မှုတွေကို မျှော်မှန်းတယ်ဆိုရင် သူ့လို ကစားသမားမျိုးတွေကို လိုအပ်ပါတယ်။ တကယ်လို့ သူသာ PSGနဲ့ စာချုပ်ချင်စိတ် ရှိတယ်ဆိုရင် ကျွန်တော်ကလည်း သူနဲ့အတူ တွဲဖက်ကစားဖို့ အရမ်း မျှော်လင့်ထားပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

အွန်နရီပြောတာ မမှန်ပါဘူး ဂီရော့ က ပရီးမီးယားလိဂ်ဖလား ရနိုင်ပါတယ် (ကိုကွီလင်)



အွန်နရီပြောတာ မမှန်ပါဘူး ဂီရော့ က ပရီးမီးယားလိဂ်ဖလား ရနိုင်ပါတယ် (ကိုကွီလင်)

အာဆင်နယ် ကွင်းလယ်လူ ၂၃ နှစ်သား က ပြင်သစ်တိုက်စစ်မှူး သည် ယခုရာသီ တွင် ၁၈ ဂိုးသွင်းယူပေးထားပြီး သူဟာ ဂန်းနား တို့အတွက် ပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ယောက်ပါလို့ ပြန်လည်ပြေခဲ့ပါတယ်။

ကိုကွီလင် သည် အာဆင်နယ် ကစားသမားဟောင်း အွန်နရီ က အာဆင်နယ်အသင်းအနေ နဲ့ ပရီးမီးယား လိဂ်ဖလား ပြန်လည်ရယူချင်ရင် အရည်အသွေး မြင့် ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်လိုအပ် တယ်လို့ ပြောကြားခဲ့ခြင်း ကို ပြန်လည် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

"""အွန်နရီ ရဲ့ပြောကြားချက်မှားယွင်းပါတယ်၊ ဂီရော့ ဟာ သတင်းပတ်တိုင်းမှာ အကောင်းဆုံးပုံစံကိုပြသနေပါတယ်၊ သူဟာ အာဆင်နယ်အသင်း တိုက်စစ်မှူး အဖြစ် ထိပ်တန်း အဆင့်ခြေစွမ်းကို ပြသခဲ့ပြီးပါပြီ၊ ကျွန်တော်တို့ ဂီရော့ဒ် နဲ့အတူ ပရီးမီးယားလိဂ် ရရှိနိုင်ပါတယ်""" ကိုကွီလင် က အာအမ်စီ သို့ ပြန်လည်တုံ့ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

"""ချယ်ဆီး နဲ့ ပွဲအဖြေကို ကျွန်တော်တို့ ကို စိတ်ပျက်စေခဲ့ပါတယ်၊ ဘာပြုလို့လဲဆိုရင် ကျွန်တော်တို့ ပွဲကို ကောင်းကောင်း ဦးဆောင်နိုင်ခဲ့ပါတယ်၊ ယခုအချိန်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒုတိယနေရာမှာ ရပ်တည်နိုင်ဖို့ လက်ကျန်ပွဲအားလုံး အနိုင်ကစားသွားဖို့ နဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ အနိုင်ရရှိဖို့ ပစ်မှတ်ထားနေပါတယ်""" လို့ ကိုကွီလင် က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ကိုကွီလင် သည် ပြီးခဲ့သည့် ဒီဇင်ဘာလ က ချာလ်တန် မှ အငှားသွားရောက်ကစားရာမှ အာဆင်နယ်သို့ပြန်ရောက်လာချိန်မှစပြီး အဓိကနေရာ မှနေပါဝင်ကစားနေတာဖြစ်ပါတယ်။ ကိုကွီလင် က ရရှိလာတဲ့အခွင့် အရေးအတွက် ထိုက်တန်ကြောင်း ပြသသွားဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ပြောကြားခဲ့ပါတယ်။

"""ကျွန်တော့ရဲ့ အရည်အချင်းအတွက် ကျွန်တော့်မှာ သံသယ မရှိပါဘူး၊ ဒါပေမဲ့ ခင်ဗျား ဘာလုပ်နိုင်တယ်ဆိုတာ ပြသဖို့ အခွင့်အရေးမရှိဘူးဆိုရင်တော့ သံသယရှလာကါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အခွင့်အရေးရခဲ့ပါတယ်၊ ဒါက အကောင်းတွေကို ရရှိခဲ့ပါတယ်၊ အသင်းကြီးတိုင်းမှာ ပြိုင်ဆိုင်မှုတွေကြီးမားပါတယ်၊ ကစားဖို့ အခွင့်အရေးပေးလာရင် သင်ရယူနိုင်ရပါမယ်၊ ကျွန်တော် အဲဒါကို အရယူခဲ့ပါတယ်၊ ဆက်လက်ပြီး အခွင့်အရေးရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်""" လို့ ကိုကွီလင် က ပြောကြားခဲ့ပါတယ်။

#KS

Football Cafe

ဖွန်ဆီကာဟာ အရှေ့တောင် အာရှပြိုင်ပွဲတွေထဲမှာ အကောင်းဆုံး တစ်ယောက် ဖြစ်ကြောင်း မာယန်မှ ချီးကျူးး



ဖွန်ဆီကာဟာ အရှေ့တောင် အာရှပြိုင်ပွဲတွေထဲမှာ အကောင်းဆုံး တစ်ယောက် ဖြစ်ကြောင်း မာယန်မှ ချီးကျူးး

ဧရာဝတီ ယူနိုက်တက် နည်းပြချုပ် မာယန်က အသင်းမှ တိုက်စစ်မှူး ဖွန်ဆီကာဟာ အရှေ့တောင် အာရှ ပြိုင်ပွဲတွေထဲမှာ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ဖြစ်ကြောင်း လာအိုတိုယိုတာနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါသည်။
ဖွန်ဆီကာဟာ ပြီးခဲ့တဲ့ နယူရေးဒီးယန့်နဲ့ ပွဲစဉ်မှာ အချိန်မှီ ပြန်လည် မရောက်ရှိ လာတာကြောင့် မပါဝင်နိုင်ခဲ့ပဲ လာအို တိုယိုတာ အသင်းနဲ့ ပွဲစဉ်မှာတော့ ခြေ စွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ဂိုးနှစ်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါသည်။
“ဖွန်ဆီကာက အရှေ့တောင် အာရှပြိုင်ပွဲထဲမှာ အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ သူ့လို ကစားသမား တစ်ယောက် ပါဝင်ခြင်း၊ မပါဝင်ခြင်းဟာ တော်တော်လေး ကွာခြားပါတယ်။ သည်ဒေသရဲ့ ဘောလုံး အားကစား အကြောင်းသိ ထားတဲ့ အတွေ့ အကြုံ ရှိတဲ့ ကစားသမား တစ်ယောက်ပါ”နည်းပြချူပ် မာယန်က ပြောပါသည်။
ဖွန်ဆီကာဟာ ယခုနှစ် ရာသီ မစခင်ကမှ ဧရာဝတီ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ လာတာဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ဂိုးတွေကို သွင်းယူပေး နေသူဖြစ်ပါသည်။

Soccer Myanmar

နောက်တန်း ကစားသမားတွေ အနေဖြင့် ကြမ်းကြမ်းတမ်းတမ်း ကစားမယ်ဆိုတဲ့ စိတ်ကို ထိန်းချုပ်ဖို့ လိုကြောင်း ဧရာဝတီနည်းပြချုပ် ပြောကြား



နောက်တန်း ကစားသမားတွေ အနေဖြင့် ကြမ်းကြမ်းတမ်းတမ်း ကစားမယ်ဆိုတဲ့ စိတ်ကို ထိန်းချုပ်ဖို့ လိုကြောင်း ဧရာဝတီနည်းပြချုပ် ပြောကြား

နောက်တန်း ကစားသမားတွေ အနေဖြင့် ပြိုင်ပွဲတွေမှာ ကြမ်းကြမ်းတမ်းတမ်း ကစားမယ်ဆိုတဲ့ စိတ်ကို ထိန်းချုပ်ဖို့ လိုကြောင်း ဧရာဝတီ နည်းပြချုပ် မာယန်မှ လာအိုတိုယိုတာနဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါသည်။
ဧရာဝတီ ယူနိုက်တက် အသင်းဟာ အေအက်ဖ်စီ ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲ ဖြစ်တဲ့ နယူရေဒီးယန့် ၊ လာအိုတိုယိုတာ အသင်းတို့ ပွဲစဉ်တွေမှာ နောက်တန်း ကစားသမားတွေ ဖြစ်တဲ့ ဟိန်းသီဟဇော်နဲ့ ချစ်စမ်းမောင်တို့ အထုတ်ခံ ခဲ့ရပါသည်။
“ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ပြန်လည်း သုံးသပ်ဖို့ လိုနေပါပြီ။သူတို့ဟာ ပွဲရဲ့ အရှိန် အတက်အကျကို အာရုံ စူးစိုက်မှု အပြည့်ရှိဖို့ လိုအပ်ပါတယ်။ သူ တို့ဟာ နောက်တန်း နေရာတူ ကစားသမား နှစ်ယောက် ဖြစ်သလို စိတ်ဓါတ်ပိုင်း ကလည်း တူပါတယ်။ ပွဲစဉ်နှစ်ပွဲဆက်တိုက်ကစားသမားနှစ်ယောက်ဆုံးရှံးရ တာ နစ်နာပါတယ်” လို့ ဧရာဝတီ ယူနိုက်တက် နည်းပြချူပ် မာယန်ကပြောပါသည်။
ဧရာဝတီ ယူနိုက်တက် အသင်းဟာ အုပ်စုအဆင့်မှ ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး ရှံးထွက် အဆင့်မှာတော့နောက်တန်း လူပြသနာနဲ့ ရင်ဆိုင်ရတော့မယ်လို့ သိ ရပါသည်။

Soccer Myanmar

ပရီးမီးယားလိဂ်၏ ဂိုးသွင်း အများဆုံး ခံစစ်မှူး စံချိန်၌ တယ်ရီ ပူးတွဲရပ်တည်



ပရီးမီးယားလိဂ်၏ ဂိုးသွင်း အများဆုံး ခံစစ်မှူး စံချိန်၌ တယ်ရီ ပူးတွဲရပ်တည်

လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်တွင် ဂိုးသွင်းနိုင် ခဲ့ပြီးနောက် ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ခံစစ်မှူး အဖြစ် ပူးတွဲ စံချိန်တင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန် ဗဟိုနောက်ခံ ကစားသမားသည် ကင်းပါဝါကွင်းကြီးတွင် (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်၌ ဂိုးသမား ကက်စ်ပါ ရှမိုက်ကယ်နှင့် အနီးကပ် အနေအထားမှ ပိတ်သွင်းသည့်ဂိုးကြောင့် ၎င်း၏ ကစားသမား ဘဝတစ်လျှောက် (၃၈)လုံးမြောက် ပရီးမီးယားလိဂ် သွင်းဂိုးကို ရရှိခဲ့သည်။ အဆိုပါ အခြေအနေက အဲဗာတန် ခံစစ်မှူးဟောင်း ဒေးဗစ်အန်းဆွော့သ်၏ သွင်းဂိုး စံချိန်နှင့် တူညီလာစေသည်။ သို့သော်လည်း အန်းဆွော့သ်သည် အဲဗာတန်၏ ပုံမှန် ပင်နယ်တီ ကန်သွင်းသူ ဖြစ်ခဲ့သလို အလွတ် တည်ကန်ဘောများမှလည်း ဂိုးများ သွင်းယူနိုင်ခဲ့ရာ ပွဲကစားချိန်အတွင်း ဂိုးများရယူနိုင်သည့် တယ်ရီ၏ စွမ်းဆောင်မှုက ပိုမိုအထင်ကြီးစရာ ဖြစ်ခဲ့သည်။

အန်းဆွော့သ်သည် အင်္ဂလန် လက်ရွေးစင်အဖြစ် တစ်ကြိမ်သာ ကိုယ်စားပြုဖူးပြီး အင်္ဂလန် ကလပ်အသင်း (၁၀)ခုမျှကို ပြောင်းရွှေ့ကစားခဲ့သည်။ ၎င်းသည် အားပါပြင်းထန်သော ဘယ်ခြေကန်ချက်များအတွက် နာမည်ကျော်ပြီး လက်ရှိ အဲဗာတန် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်သည်လည်း အန်းဆွော့သ်နှင့် ခိုင်းနှိုင်းခံရလေ့ ရှိသည်။ အဲဗာတန်အတွက် ပြစ်ဒဏ်ဘောနှင့် ပင်နယ်တီများ ပုံမှန်တာဝန်ယူ ကန်လေ့ရှိသည့် ဘိန်းစ်သည် ယခုအခါ ပရီးမီးယားလိဂ်၌ (၂၃)ဂိုးထိ သွင်းယူထားပြီး ဖြစ်သည်။

ချယ်လ်ဆီးသည် လက်ဆက်စတာကို အဝေးကွင်းတွင် အနိုင် ရရှိခဲ့သည့်နောက် တနင်္ဂနွေနေ့တွင် အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျ၌ ခရစ္စတယ်လ်ပဲလေ့စ်ကို ဆက်လက် အနိုင်ရပါက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။

Soccer Myanmar

ပရီးမီးယားလိဂ် ထိပ်ဆုံး လေးနေရာ ဝင်ရေး မျှော်လင့်ချက်ကို လက်လျှော့ လိုက်ပြီဟု ရော့ဂျာဝန်ခံ



ပရီးမီးယားလိဂ် ထိပ်ဆုံး လေးနေရာ ဝင်ရေး မျှော်လင့်ချက်ကို လက်လျှော့ လိုက်ပြီဟု ရော့ဂျာဝန်ခံ

ယခုရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်း နေရာတွင် ပါဝင်ပြီး ရာသီသိမ်းရေး မျှော်လင့်ချက်သည် လက်တွေ့ မဖြစ်နိုင်တော့ကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ဝန်ခံ ပြောကြားခဲ့သည်။
ဟူးလ်စီးတီးကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် လီဗာပူးလ်သည် အမှတ်ပေး ဇယား အဆင့်(၄) နေရာမှ ယူနိုက်တက်နောက် (၇)မှတ် ပြတ်ကျန်နေဆဲ ဖြစ်သည်။ လီဗာပူးလ်သည် ပြီးခဲ့သည့် ရာသီက အမှတ်ပေး ဇယား အဆင့်(၂)ထိ ချိတ်ခဲ့သော်လည်း ယခုရာသီတွင်မူ တိုက်စစ်ပိုင်း အားနည်းချက်က အသင်း၏ အနေအထားကို အသိသာဆုံး ပြောင်းလဲစေခဲ့သည်။ လီဗာပူးလ်သည် ယခုနှစ် ပရီးမီးယားလိဂ်တွင် (၄၇)ဂိုး သွင်းယူထားရာ ယမန်နှစ်က လက်ရှိကာလမျိုးထက် (၄၆)ဂိုး လျော့နည်းနေသည်။ ဟူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ရော့ဂျာက လီဗာပူးလ် အနေဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့်(၄)နေရာကို မျှော်လင့်ရန် မဖြစ်နိုင်တော့ဟု ဖွင့်ဟခဲ့သည်။
ရော့ဂျာက လီဗာပူးလ်တွင် အရည်အသွေးမြင့် ကစားသမား ပြတ်လပ်မှုများ ရှိနေကြောင်း ဆိုသည်။ “ပရိသတ်တွေရော၊ ကစားသမားတွေ အတွက်ပါ အသင်းမှာ တကယ့် ထိပ်တန်းအဆင့် ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက် ပိုင်ဆိုင်ထားခြင်းက ကြီးမားတဲ့ ကောင်းကျိုးမျိုး ဖြစ်စေပါတယ်။ ကလပ်အသင်း အနေနဲ့လည်း ဒီအတွက် အရမ်းကို ကြိုးစားနေပြီး အသင်းပိုင်ရှင်တွေကလည်း ထောက်ပံ့ အားပေးပါတယ်။ ဈေးကွက်ထဲမှာ သင့်တော်တဲ့ ကစားသမားတွေ ဝယ်ယူဖို့ အဆင်ပြေလာရင် အသင်းဟာ အစွမ်းရှိသမျှ ကြိုးစားသွားမှာပါ”ဟု ရော့ဂျာက ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော်တို့ အနေနဲ့တော့ လာမယ့်ရာသီ စိန်ခေါ်မှုတွေကိုပဲ မျှော်လင့်ရတော့မယ်။ ရေဆန်လေဆန်ကို ဖြတ်သန်းနိုင်တဲ့ မာကျောကြံ့ခိုင်တဲ့ အသင်းမျိုးကို တည်ဆောက်ရပါမယ်။ လီဗာပူးလ်မှာ ကစားသမားကောင်းတွေ ရှိပေမယ့် မာမာထန်ထန် ဖြတ်သန်းမှုတွေ ကြုံရတိုင်း ဒီရာသီမှာ နိမ့်ပါးခဲ့တာ မြင်သာပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ဟာ မနှစ်ကထက် သွင်းဂိုး(၅၀)လောက် လျော့နည်းသွားတယ်။ ဒါကို ဖုံးကွယ်ထားလို့ မရပါဘူး။ မနှစ်က လီဗာပူးလ်မှာ လူးဝစ်ဆွာရက်ဇ်နဲ့ ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ တိုက်စစ်က အတွဲညီခဲ့တယ်။ ဒီရာသီမှာတော့ စတားရစ်ဂ်ျက တောက်လျှောက် ဒဏ်ရာရနေပြီး ဆွာရက်ဇ်ကတော့ အသင်းက ထွက်ခွာသွားပါပြီ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ချယ်လ်ဆီး ကစားဟန် ပျင်းစရာကောင်းကြောင်း ဝေဖန်မှုများကို နဗီးလ် လက်မခံ



ချယ်လ်ဆီး ကစားဟန် ပျင်းစရာကောင်းကြောင်း ဝေဖန်မှုများကို နဗီးလ် လက်မခံ

ချယ်လ်ဆီး အသင်း၏ ကစားဟန်ကို ပျင်းရိငြီးငွေ့ဖွယ် ကောင်းကြောင်း ဝေဖန်မှုများသည် အဓိပ္ပါယ် မရှိကြောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်သည်။
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့ပြီး ကစားသမားဘဝမှ အနားယူပြီးနောက် Sky Sportsတွင် ဘောလုံးအားကစား အစီအစဉ်မှူး အဖြစ် တာဝန် ယူနေသည့် နဗီးလ်က အသင်းတစ်သင်းသည် အောင်မြင်မှု အတွက် သင့်တော်ရာ နည်းစနစ်ကို ကျင့်သုံးခွင့်ရှိသည်ဟု ယူဆ ထားသည်။ ၎င်းက ချယ်လ်ဆီးသည် ၎င်းတို့၏ ကိုယ်ပိုင်ဟန်ဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းယူရန် အခွင့်အလမ်း အကောင်းဆုံး ဖြစ်နေသည်ကို ထောက်ပြခဲ့ပြီး ကစားဟန်က ဖျော်ဖြေမှု ပြည့်ဝပြီး အောင်မြင်မှုများနှင့် ဝေးကွာနေသည့် အရှုံးသမားမျိုးကို မည်သူမျှ အမှတ်တရ ရှိနေမည် မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
၎င်းက (၁၉၉၆)ခုနှစ်တွင် ဘောလုံးကို ဖျော်ဖြေမှုရသ ပြည့်ဝစွာ ကစားခဲ့သော်လည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခွင့်နှင့် လွဲချော်ခဲ့သည့် နယူးကာဆယ်လ် ယူနိုက်တက်အကြောင်း ယနေ့တွင် မည်သူမျှ အဖက်လုပ်၍ ပြောမနေတော့ဟုလည်း ထောက်ပြခဲ့သည်။ “ချယ်လ်ဆီး ကစားဟန်ကို ဝေဖန်နေတာတွေဟာ လုံးဝ အဓိပ္ပါယ် မရှိပါဘူး”ဟု ချယ်လ်ဆီးက လက်ဆက်စတာစီးတီးကို (၃-၁)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်အပြီးတွင် နဗီးလ်က ပြောကြားခဲ့သည်။ ၎င်းက “(၁၉၉၆)ခုနှစ်တုန်းက ကီဗင်ကီးဂန်း ကိုင်ခဲ့တဲ့ နယူးကာဆယ်လ်ဟာ ဖျော်ဖြေမှု အကောင်းဆုံး ပေးခဲ့တယ်လို့ လူတွေက သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီ အသင်းအကြောင်း ဘယ်သူမှ သတိမရတော့ဘူး”ဟု ဆိုသည်။
နဗီးလ်က “လူတိုင်းက အောင်နိုင်သူတွေကိုသာ အမှတ်ရတတ်တာပါ။ ဘောလုံးရာသီ တစ်ခုလုံးကို အကောင်းဆုံး၊ ဖျော်ဖြေမှု အပြည့်ဝဆုံး ကစားပြပြီး ဖြတ်သန်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လိဂ်ပြိုင်ပွဲမှာ ညံ့ဖျင်းနုံချာတဲ့ ကာလမျိုးတွေလည်း ကြုံကောင်းကြုံမှာပါ”ဟုလည်း မှတ်ချက်ပြုသွားသည်။ အခြား Sky Sports ဘောလုံးအစီအစဉ်မှူး တစ်ဦးဖြစ်သည့် ဂျေမီရက်နက်ပ်ကလည်း “ချယ်လ်ဆီး ကစားပုံ ပျင်းစရာကောင်းကြောင်း လူတွေက ပြောကြတယ်။ ဒါပေမဲ့ အဲဒီလို ပျင်းစရာကောင်းပါတယ်ဆိုတဲ့ အသင်းမျိုးကို ချန်ပီယံဆုအတွက် ဘယ်အသင်းကမှ ဒီရာသီ စိန်မခေါ်နိုင်ခဲ့ဘူး။ မန်ချက်စတာစီးတီးဟာ နှစ်သစ်ကူး ကာလလောက်မှာ ချယ်လ်ဆီးနဲ့ ရမှတ်တူ ရပ်တည်ခဲ့ပေမယ့် နောက်ပိုင်း အဖျားရှူးသွားတယ်။ ချယ်လ်ဆီးဟာ ပြိုင်ဘက်တွေအပေါ်မှာ ပါဝါအားကောင်းကောင်းနဲ့ လွှမ်းမိုးထားခဲ့ပါတယ်။ တကယ်တမ်း ပျင်းစရာကောင်းတာက အဲဒီလို ဘက်မမျှတဲ့ အခြေအနေမျိုးသာ ဖြစ်ပါလိမ့်မယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

ကစားသမား အပြောင်းအရွှေ့ ပိတ်ပင် ခံရနိုင်ကြောင်း သတင်းများကို ရီးယဲလ်ငြင်းဆို



ကစားသမား အပြောင်းအရွှေ့ ပိတ်ပင် ခံရနိုင်ကြောင်း သတင်းများကို ရီးယဲလ်ငြင်းဆို

သတ်မှတ် စည်းမျဉ်းများကို ကျော်လွန်ကာ လူငယ် ကစားသမားများ စုစည်းခေါ်ယူမှု အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)၏ အရေးယူမှုနှင့် ကြုံရနိုင်ကြောင်း သတင်းများကို ရီးယဲလ်မက်ဒရစ်က ငြင်းချက် ထုတ်ခဲ့သည်။

ရီးယဲလ်၏ စပိန်ပြည်တွင်းပြိုင်ဘက် ဘာစီလိုနာသည် လူငယ်သွေးသစ်များကို FIFA၏ သတ်မှတ်ချက်ထက် ဘောင်ကျော်ပြီး သိမ်းသွင်းခေါ်ယူခဲ့သည့်အတွက် အပြောင်းအရွှေ့ ဈေးကွက်ကာလနှစ်ခုတွင် ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံရသည်။ ရီးယဲလ်နှင့်အတူ ၎င်း၏ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်တို့သည်လည်း ဘာစီလိုနာနည်းတူ ပြစ်ဒဏ် ကျူးလွန်ခဲ့ခြင်းကြောင့် အလားတူ ပြစ်ဒဏ်မျိုး ကျခံရဖွယ် ရှိကြောင်း ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။ သို့သော်လည်း ယင်းအခြေအနေကို စပိန်ကလပ်က ကြေညာချက်ထုတ်ပြန်ကာ ငြင်းဆိုသွားခဲ့ကြောင်း သိရသည်။

ရီးယဲလ်သည် ဇန်နဝါရီ ဈေးကွက်ကာလအတွင်းက ကစားသမားသစ် လေးဦးကို ခေါ်ယူခဲ့သလို လာမည့်နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို ဝယ်ယူနိုင်ရန် ပစ်မှတ်ထား ကြိုးစားနေသည်။ အကယ်၍ တစ်နှစ်မျှ အပြောင်းအရွှေ့ ပိတ်ပင်မှုမျိုး ကြုံရပါက ရီးယဲလ်၏ အပြောင်းအရွှေ့ စီမံကိန်းများတွင် ကြီးမားစွာ ထိခိုက်သက်ရောက်လာမည် ဖြစ်သည်။ ရီးယဲလ်သည် ဇန်နဝါရီလအတွင်း အသက်(၁၆)နှစ်အရွယ် မာတင်အိုဒီဂါ့ဒ်၊ အသက်(၁၉)နှစ်ရှိ မာကို အေဆန်စီယို၊ ဘရာဇီးလ် ကွင်းလယ်လူ လူးကက်စ်ဆေးလ်ဗားတို့အပြင် ပေါ်တို၏ ညာတောင်ပံ ခံစစ်မှူး ဒန်နီလိုတို့ကိုပါ ခပ်သွက်သွက် ခေါ်ယူခဲ့ရာ အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် ပိတ်ပင်မှု မတိုင်မီ လက်ဦးမှုယူ၍ အင်အားဖြည့်တင်းထားခြင်းဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

သို့သော်လည်း ရီးယဲလ်က မိမိတို့သည် FIFA၏ စည်းမျဉ်းစည်းကမ်းများကို ရိုသေလေးစားစွာ လိုက်နာကြောင်းနှင့် မူမမှန်သည့် မည်သည့် အပြောင်းအရွှေ့ လှုပ်ရှားမှုကိုမျှ မကျူးလွန်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန် ဖြေရှင်းခဲ့သည်။ ဘာစီလိုနာ အသင်းသည် (၂၀၁၃)ခုနှစ်၊ ဧပြီလအတွင်းက လူငယ်ခြေတက် ကစားသမားလေး အချို့ကို FIFA၏ သတ်မှတ်ချက်ထက် ဘောင်ကျော်ပြီး ခေါ်ယူ ခဲ့မှုကြောင့် ပြီးခဲ့သည့် ဆောင်းရာသီ ဈေးကွက်နှင့် လာမည့် နွေရာသီ ဈေးကွက်ကာလများတွင် ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံထားရသည်။

Soccer Myanmar

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ




Wednesday, April 29, 2015

သမိုင်းတစ်လျှောက် PFA တစ်နှစ်တာ အကောင်းဆုံး အသင်းတွင် မန်ယူ ကစားသမားများ အများဆုံးရွေးချယ်ခံရ



သမိုင်းတစ်လျှောက် PFA တစ်နှစ်တာ အကောင်းဆုံး အသင်းတွင် မန်ယူ ကစားသမားများ အများဆုံးရွေးချယ်ခံရ
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဧပြီ ၂၈။        ။ ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲခေါ် ဆိုခဲ့သည့် ၁၉၉၂ ခုနှစ်က စတင်ပြီးရွေးချယ်ခဲ့သည့် PFA တစ်နှစ်တာ အကောင်းဆုံး အသင်း များတွင် မန်ယူကစားသမားများက အများဆုံးရွေးချယ် ခံခဲ့ရသည်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် မန်ယူ ကစားသမား များသည် အကောင်းဆုံး အသင်းတွင် ၇၅ ကြိမ် အထိရွေးချယ် ခံခဲ့ ရသည်။ မန်ယူနောက်ခံ လူဟောင်း ဂယ်ရီနဗီးလ်နှင့်တောင်ပံ ကစားသမားဟောင်း ဂစ်တို့မှာခြောက်ကြိမ်စီရွေးချယ် ခံခဲ့ရသည်။

မန်ယူအသင်း၏နောက် အကြိမ်အများ ဆုံးရွေးချယ်ခံ ရသည့်အသင်းမှာ အာဆင်နယ်ဖြစ်ပြီး ၄၂ ကြိမ်ရွေးချယ် ခံခဲ့ရသည်။

ယခုနှစ် အကောင်းဆုံး အသင်း တွင်ခြောက်ဦး အထိရွေးချယ် ခံခဲ့ရသည့် ချယ်လ်ဆီး အသင်းမှာ  ၂၉ ကြိမ်ရွေး ချယ်ခံရပြီး တတိယ အများဆုံး အရွေးခံရသည့် အသင်းဖြစ်သည်။ ချယ်လ်ဆီး၏နောက်တွင် လီဗာပူးလ် ၂၃ ကြိမ်၊ ဘလက်ဘန်း ၁၃ ကြိမ်၊ စပါး ၁၃ ကြိမ်နှင့် နယူးကာဆယ် ၁၂ ကြိမ်ရွေးချယ် ခံခဲ့ရသည်။

မန်စီးတီးအသင်းမှာမူ ၁၁ ကြိမ်သာ ရွေးချယ်ခံခဲ့ရသည်။ မန်စီးတီးအသင်းကို အာရတ်စော်ဘွား ရှိတ်မန်ဆာ မ၀ယ်ယူခင်က ဆိုလျှင်ရှောင်ရိုက်ဖီးလစ် တစ်ဦး သာရွေးချယ်ခံ ရဖူးသည်။

PFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင် အကြိမ်အများဆုံးရွေးချယ်ခံခဲ့ရသူမှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျရတ်ဖြစ်ပြီး ရှစ်ကြိမ်ရွေးချယ် ခံခဲ့ရသည်။ ၎င်း၏နောက်တွင် မန်ယူမှ ဂယ်ရီနီဗီးလ်နှင့် ရွိုင်ယန်ဂစ်၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီနှင့် ကွင်းလယ်လူဟောင်း ဗီအဲရာ၊ ဘလက်ဘန်းနှင့် နယူး ကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားတို့ ကခြောက်ကြိမ်စီဖြင့် အများဆုံးရွေးချယ် ခံခဲ့ရသည်။

မန်ယူအသင်းမှ နောက်ခံလူဟောင်း ရီယိုဖာဒီနန်နှင့် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းတို့မှာ ငါးကြိမ်စီ ရွေးချယ်ခံခဲ့ရဖူးသည်။

Ref: Daily Mail

Mizzima

ဒေါ့တ်မွန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ရှက်စရာ မဟုတ်ဟု ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ ပြော



ဒေါ့တ်မွန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ရှက်စရာ မဟုတ်ဟု ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ ပြော
Written by  အောင်ငြိမ်းသွေး

(မြူးနစ်)။ ။ ဂျာမန်ပိုကယ်လ် ဖလားပြိုင်ပွဲတွင် ဒေါ့တ်မွန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ဂွါဒီယိုလာက ထိုအရှုံးမှာ ရှက်စရာမဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် လီဝန်ဒေါစကီး၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒေါ့တ်မွန်အတွက် တိုက်စစ်မှူး အူဘာမီယန်းက ချေပဂိုးသွင်းယူပေးခဲ့ပြီး အချိန်ပိုဆက်လက် ကစားခဲ့ရသည်။

အချိန်ပိုတွင် သရေကျနေသည့်အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ဘိုင်ယ်အသင်းမှ ပင်နယ်တီ လေးလုံးစလုံး လွဲချော်ခဲ့သည်။ ဒေါ့တ်မွန်မှ ဂန်ဒိုဂန်နှင့် ဆီဗင်စတီယန်ခါးလ်တို့မှာ ဝင်အောင်ကန်သွင်းနိုင်ခဲ့ကြသည့်အတွက် ဒေါ့တ်မွန်အသင်းက ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

'ကျွန်တော့်ရဲ့အသင်းအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ ကစားသမားတွေအတွက် ဘယ်တော့မှ အလွန်အကျွံဂုဏ်မယူခဲ့ဖူးပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ကစားတာ အလွန်ကောင်းပါတယ်။ ဘိုင်ယန်ကို စရောက်ကတည်းက ဒေါ့တ်မွန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဒီပွဲက အကောင်းဆုံးပါပဲ။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ရတာ ရှက်စရာမဟုတ်ပါဘူး။ ဘောလုံးပွဲတစ်ပွဲကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာပါ။ ဆိုးရွားတဲ့ အပြုအမူတွေကို လုပ်ခဲ့မှသာ ရှက်စရာပါ။ ဒီရှုံးနိမ့်မှုက ဘာစီလိုနာနဲ့ ပွဲအတွက် ဘယ်လို အဓိပ္ပါယ်မျိုးမှ သက်ရောက်မှု မရှိပါဘူး။ ဒါက ကစားပွဲအသစ်တစ်ခုဖြစ်သလို ပြိုင်ပွဲအသစ်ပါ' ဟု ဂွါဒီိယိုလာက ပြောသည်။

ထိုပွဲစဉ်တွင် ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဘိုင်ယန်တောင်ပံကစားသမား ရော်ဘင်သည် ပွဲချိန် ၆၈ မိနစ်တွင် ၀င်ရောက်ကစားခဲ့သော်လည်း ဒဏ်ရာပြန်လည် ရရှိသွားပြီး ဂေါ့ဇီနှင့် လူစားလဲခဲ့ရသည်။ တိုက်စစ်မှူး လီဝန်ဒေါစကီးလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာစီလိုနာနှင့်ပွဲတွင် ပါဝင်နိုင်၊ မပါဝင်နိုင်သည်ကို မသိရှိသေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

Mizzima

လူငယ် အမှတ်ပေး ဇယားကို ရန်ကုန် ဦးဆောင်ကာ ရတနာပုံနှင့် ဇွဲကပင် ပွဲပျက်



လူငယ် အမှတ်ပေး ဇယားကို ရန်ကုန် ဦးဆောင်ကာ ရတနာပုံနှင့် ဇွဲကပင် ပွဲပျက်
Written by  သောကြာ

ဧပြီ ၂၉၊ ရန်ကုန်။        ။ ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် နေရှင် နယ်လိဂ် လူငယ်  အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ် ၁၀ ပွဲစဉ် အပြီးတွင်ရန်ကုန် လူငယ် အသင်းက အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ရတနာပုံအသင်းနှင့် ဇွဲကပင်အသင်းတို့ ပွဲစဉ်မှာ ပွဲပျက်ခဲ့သည်။

ရန်ကုန် အသင်းက မနောမြေ အသင်းကို ၂-၁  ဂိုးဖြင့်  အနိုင်  ရခဲ့ပြီး  ခုနစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊  တစ်ပွဲ ရှုံး ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် ခဲ့သည်။ ဧပြီ ၂၇ ရက်က စလင်းကွင်းတွင်  ကစားခဲ့သည့် ဇွဲကပင်  အသင်းနှင့် ရတနာပုံ  အသင်း  တို့ပွဲစဉ်၌ ပွဲချိန် မိနစ် ၈၀ကျော်၊ တစ်ဖက်နှစ် ဂိုးစီ သရေကျနေ ချိန်တွင် စည်းကြပ်ဒိုင်နှင့် ဇွဲကပင် အသင်း ကစားသမား များအချင်းများခဲ့ ပြီးဘောလုံးပွဲကို ရပ်နားသည် အထိဖြစ်ခဲ့သည်။

လက်ရှိ အချိန် တွင်ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်း သိမ်းရေးကော်မတီမှ အဆိုပါ ပွဲစဉ် အတွက်  စည်းကမ်း ထိုင်းသိမ်းရေး ထိုင်နေပြီး ပွဲရလဒ်ကို မည်ကဲ့သို့ ထုတ်ပြန်မည်ကို မသိရှိရသေးပေ။ ပွဲစဉ် ၁၀ အခြားပွဲရလဒ်များတွင် ရခိုင်ယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို ၁-၀ ဂိုး၊ ဧရာဝတီအသင်း ကဇေယျာေ ရွှမြေ အသင်းကို ၃-၂ ဂိုး၊ ကမ္ဘောဇအသင်းက မကွေး အသင်းကို ၁-၀ ဂိုး၊ MFF Youth အသင်းက ချင်းယူနိုက်တက်အသင်းကို ၂-၁ ဂိုးတို့ဖြင့် အသီးသီး အနိုင် ရခဲ့ကြသည်။

ဇေယျာရွှေမြေ အသင်းနှင့် ဟံသာဝတီ အသင်း တို့သည် ပွဲစဉ် ၁၀ မတိုင်ခင်တွင် အမှတ်ပေးဇယား ထိပ်မှ ရန်ကုန် အသင်းနှင့် ရတနာပုံ အသင်းတို့ကို  အကောင်းဆုံး ဖိအားပေးနိုင် ခဲ့သော် လည်း ပွဲစဉ် ၁၀ တွင် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ခုနစ်မှတ်ထိ ကွာဟသွားခဲ့သည်။

Mizzima

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် ရန်ကုန်နှင့် ရင်ဆိုင်ရန် အသင့် ရှိဟု GFA နည်းပြ ဆို



ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် ရန်ကုန်နှင့် ရင်ဆိုင်ရန် အသင့် ရှိဟု GFA နည်းပြ ဆို
Written by  ရွှေဘုတ်

ဧပြီ ၂၉၊ ရန်ကုန်။        ။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းပြိုင်ပွဲ ပထမအဆင့်ပွဲစဉ် တွင်မြ၀တီအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင် ကစားကာ အချိန်ပိုမှ အနိုင် ရခဲ့သော GFA အသင်းသည် ဒုတိယအဆင့်၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယှဉ်ကစားရန် အသင့်ဖြစ်နေပြီ ဟု နည်းပြချုပ် ဦးကေဘီ ကပြောသည်။

GFA အသင်းသည်  ၂၀၁၄ ဘောလုံး ရာသီ တွင်မြန်မာနေ ရှင်နယ်လိဂ်-၁ ၌ ရန်ကုန် အသင်းကို ဂိုးမရှိသရေ ကစားနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအိမ် ကွင်း ၂၇ ပွဲဆက်နိုင်ပွဲ ဆက်စံချိန်ကို ချိုးဖျက်ခဲ့ဖူးသည်။

ရန်ကုန်အသင်းနှင့် ဒုတိယအဆင့်တွင်တွေ့ဆုံမည့်အပေါ် နည်းပြချုပ်ဦးကေဘီက “ ကျွန်တော်တို့ ဒုတိယအဆင့်မှာ ရန်ကုန် နဲ့တွေ့မယ် ဆိုတာ မဲခွဲပြီးကတည်း ကသိပြီး သားပါ။ တကယ့် ကိုတွေ့ချင် ပါတယ်။ အဆင့် သင့်လည်းဖြစ်နေ ပါပြီ။ သူတို့လည်း ၁၁ ယောက် ကျွန်တော်တို့လည်း ၁၁ယောက်ဆိုတော့ အကောင်း ဆုံးကြိုးစား သွားမှာပါ။ ပြီးခဲ့တဲ့ ရန်ကုန် အိမ်ကွင်း ၂၇ ပွဲဆက် စံချိန်ချိုး ဖျက်ခဲ့ဖူးတဲ့ အစဉ်အလာလည်းရှိတော့ သူတို့နဲ့ကစားရမှာ မကြောက်ပါဘူး။ လိဂ်-၂ မှာ လည်းနောက်နှစ် တန်းတက်ခွင့် ရအောင်လို့ အကောင်းဆုံး ကြိုးစားနေပါတယ် ” ဟု သူ့အမြင် ကိုပြောသည်။

GFA အသင်းသည် ၂၀၁၄ဘောလုံးရာသီတွင် လိဂ်-၂ သို့တန်းဆင်းခဲ့ရသော်လည်း ၂၀၁၅မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် ၉ ပွဲကစားပြီးချိန်တွင် ငါးပွဲနိုင်နှစ် ပွဲ သရေ နှစ်ပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင် ထားနိုင်ကာ အမှတ်ပေးဇယား အဆင့် သုံးနေရာတွင် ရပ်တည် လျက်ရှိသည်။

Mizzima

နာဆရီကို ခေါ်ယူရန် ရိုးမား စိတ်ဝင်စားနေ



နာဆရီကို ခေါ်ယူရန် ရိုးမား စိတ်ဝင်စားနေ

အီတလီ စီးရီးအေ ကလပ် ရိုးမားသည် မန်ချက်စတာစီးတီး ကွင်းလယ်လူ ဆမ်မီနာဆရီကို ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရှိရသည်။
ပြင်သစ်လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားသည် ယခုရာသီတွင် မန်စီးတီး၌ ပုံမှန် ပွဲထွက်နေရာ မသေချာဘဲ ဖြစ်နေခဲ့ပြီး နွေရာသီတွင် အသင်းကလည်း ၎င်းကို ထွက်ခွာခွင့် ပြုဖွယ် ရှိနေသည်။ မန်စီးတီးသည် အသင်းစုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် ရည်ရွယ်ထားရာ နာဆရီသည် အစ်တီဟတ်မှ ထွက်ခွာရမည့် ကစားသမား တစ်ဦး အနေဖြင့် ထင်ကြေးပေး ခံနေရသည်။ ထိုအခြေအနေတွင် ရိုးမားက နွေရာသီ ဈေးကွက်ဖွင့်ချိန်၌ ၎င်းကို ချဉ်းကပ် ကမ်းလှမ်းသွားရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
အသက်(၂၇)နှစ်ရှိ ကစားသမားသည် အသင်း၏ အသုံးစရိတ် ကန့်သတ်ချက်နှင့်လည်း အံဝင်အဆင်ပြေမည်ဟု ရိုးမား တာဝန်ရှိသူများက ယူဆနေသည်။ နာဆရီသည် ယမန်နှစ်က အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ပုံမှန်စွမ်းဆောင်ရည်မျိုး ရရှိရန် ရုန်းကန်နေရသည်။ မန်စီးတီးသည် ယခုရာသီတွင် ချန်ပီယံဆုကို စောစီးစွာ လက်လွှတ်လိုက်ရရုံမျှ မကဘဲ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် အတွက်ပါ ရုန်းကန်နေရသည့်နောက် အသင်းကို သွေးသစ်လောင်း ပြင်ဆင်ရန် စီစဉ်လျက်ရှိသည်။

Soccer Myanmar

ဂွန်ဒိုဂန် အတွက် ယူနိုက်တက်နှင့် အပြိုင် ကမ်းလှမ်းလာဖွယ် ရှိနေသည့် ဘိုင်ယန်



ဂွန်ဒိုဂန် အတွက် ယူနိုက်တက်နှင့် အပြိုင် ကမ်းလှမ်းလာဖွယ် ရှိနေသည့် ဘိုင်ယန်

ဘိုရပ်ရှားဒေါ့တ်မန် ကွင်းလယ်လူ အိုင်ကေး ဂွန်ဒိုဂန်ကို ခေါ်ယူရေးအတွက် မန်ချက်စတာ ယူနိုက်တက်နှင့် အပြိုင် ကြားဝင် ကြိုးပမ်းရန် ဘိုင်ယန်မြူးနစ်က စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ယူနိုက်တက်သည် ၎င်းတို့ ကာလရှည်ကြာ ချိတ်ဆက်နေသည့် အသက်(၂၄)နှစ်အရွယ် ဂျာမန်လက်ရွေးစင်ကို ယခုနွေရာသီတွင် လက်တွေ့ ခေါ်ယူရန် ချဉ်းကပ် ကမ်းလှမ်းမှုများ ပြုလုပ်နေပြီဟု ယုံကြည်ရသည်။ ဂွန်ဒိုဂန်သည် ဒေါ့တ်မန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးရန် နီးကပ်နေပြီဖြစ်ပြီး နွေရာသီတွင် ဂျာမန် ကလပ်ကို စွန့်ခွာရန် ပြင်ဆင်ထားသည်။ ၎င်းသည် ယူနိုက်တက်နှင့် နာမည်ထွက်နေသော်လည်း အာဆင်နယ်နှင့် အက်သလက်တီကို မက်ဒရစ်တို့ကလည်း စောင့်ကြည့်လျက် ရှိသည်။
ယခုအခါ နည်းပြ ဂျိုးဆက် ပက်ပ်ဂွာဒီယိုလာ ကိုင်တွယ်နေသည့် ဘာစီလိုနာသည်လည်း ဂွန်ဒိုဂန်အတွက် အားပြိုင်မှုတွင် ပါဝင်လာရန် အသင့်ရှိနေကြောင်း သိရသည်။ ယူနိုက်တက်မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် အသက်အရွယ် ရလာပြီဖြစ်သည့် မိုက်ကယ်ကာရစ် နေရာတွင် ရေရှည် အစားထိုးရန်အတွက် ဂွန်ဒိုဂန်ကို အလေးအနက် ချိတ်ဆက်နေခြင်း ဖြစ်သည်။ ဒေါ့တ်မန်သည် (၂၀၁၁)ခုနှစ်က ဂွန်ဒိုဂန်ကို ပေါင်စတာလင် (၄)သန်းဖြင့် နုရင်ဘာ့ဂ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ပြန်လည် ရောင်းထုတ်ချိန်တွင် ပေါင်စတာလင် သန်း(၂၀)မျှထိ ရရှိရန် ဒေါ့တ်မန်က မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

လောရစ်ကို ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲစွာ ရုန်းကန်ရဖွယ် ရှိနေသည့် စပါး



လောရစ်ကို ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲစွာ ရုန်းကန်ရဖွယ် ရှိနေသည့် စပါး

တော့တင်ဟမ် ဟော့စပါး အနေဖြင့် ၎င်းတို့၏ ဂိုးသမား ဟူဂိုလောရစ်ကို နွေရာသီ ဈေးကွက်တွင် အခိုင်အမာ ဆက်လက် ထိန်းသိမ်း ထားနိုင်ရန် အလွန် ခက်ခဲမည့် အခြေအနေမျိုး ကြုံနေရကြောင်း သိရသည်။
လန်ဒန် ကလပ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် လက်ရွေးစင်ကို လက်မလွှတ်လိုသော်လည်း ကစားသမား ကိုယ်တိုင်က ချန်ပီယံလိဂ်တွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်နေသည်။ လောရစ်၏ စာချုပ်သည် (၂၀၁၉)ထိ သက်တမ်း ရှိနေဆဲ ဖြစ်သော်လည်း စပါးက ချန်ပီယံလိဂ် ကစားခွင့် မရခဲ့ပါက အခြား ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်း တစ်ခုခုက ယူရိုသန်း(၂၀)ဖြင့် ကမ်းလှမ်းလာလျှင် လက်ခံပေးရမည်ဆိုသော အချက်ကို ထည့်သွင်း ချုပ်ဆိုထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ယခုအခါ ပြင်သစ်ချန်ပီယံ PSGသည် လောရစ်၏ အနေအထားကို အလေးအနက် စိတ်ဝင်စားမှု စတင်ပြသလာခဲ့သည်။ ၎င်းတို့သည် ချယ်လ်ဆီးဂိုးသမား ပီတာဆက်ခ်ျကို ဦးစားပေး မျှော်မှန်းသော်လည်း လက်တွေ့ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါက လောရစ်ကို ပစ်မှတ်ပြောင်း ချဉ်းကပ်ရန် ဆန္ဒရှိနေသည်။ မန်ချက်စတာ ယူနိုက်တက်သည်လည်း ဂိုးသမား ဒေးဗစ်ဒီဂီယာသာ ရီးယဲလ်မက်ဒရစ် ရောက်ရှိသွားပါက လောရစ်ကို အစားထိုး ချဉ်းကပ်ဖွယ် ရှိနေသည်။ ထိုအခြေအနေများကြောင့် စပါး အနေဖြင့် နွေရာသီတွင် လောရစ်ကို ဝှိုက်ဟတ်လိန်း၌ တည်တည်ငြိမ်ငြိမ် ဆက်ထိန်းထားရန်မှာ ကြီးမားသော စိန်ခေါ်မှုသဖွယ် ဖြစ်လာခဲ့သည်။
အခြားသော သတင်းများအရ စပါးမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုသည် အဲဗာတန် တောင်ပံတိုက်စစ်မှူး ကီဗင်မီရဲလက်စ်ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းပင်လျှင် ကာဗာနီကို ရောင်းချမည် မဟုတ်ဟု ပီအက်စ်ဂျီ ဥက္ကဋ္ဌ ဆို



ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းပင်လျှင် ကာဗာနီကို ရောင်းချမည် မဟုတ်ဟု ပီအက်စ်ဂျီ ဥက္ကဋ္ဌ ဆို

မန်ချက်စတာ ယူနိုက်တက်က အက်ဒီဆင် ကာဗာနီကို ကမ်းလှမ်းရန် အသင့် ရှိနေသည်ဟု သတင်းများ ထွက်ပေါ် လာခဲ့ပြီးနောက် မိမိ၏ ကစားသမား အတွက် ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းပင်လျှင် စိတ်ဝင်စားမည် မဟုတ်ကြောင်း ပီအက်စ်ဂျီ ဥက္ကဋ္ဌ နက်ဆာ အယ်လ်ခီလိုင်ဖီက ပြောကြားလိုက်သည်။

ဥရုဂွေး လက်ရွေးစင် ကစားသမားသည် အိုးထရတ်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက် ခံခဲ့ရသော်လည်း လီဂူးဝမ်း ချန်ပီယံ အသင်း အနေဖြင့် အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးကို ရောင်းချရန် ဆန္ဒ မရှိကြောင်း ဆိုခဲ့သည်။

“အနာဂတ်နဲ့ ပတ်သက်ပြီး ကာဗာနီနဲ့ ကျွန်တော် ဆွေးနွေးမှု မလုပ်ရသေးပါဘူး။ သူက ငယ်ရွယ်သေးတဲ့ ကစားသမားပါ။ သူ့ရဲ့ အနာဂတ်ကလည်း ပီအက်စ်ဂျီမှာပဲ ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်း လာရင်တောင် ကျွန်တော် စိတ်မဝင်စားပါဘူး။ ကာဗာနီက ယုံကြည်မှု နည်းနည်း လိုအပ် ခဲ့တာပါ။ လိုင်လီနဲ့ ကစားခဲ့တဲ့ ပွဲမှာဆိုရင် အသင်းအတွက် နှစ်ဂိုး သွင်းခဲ့ပါတယ်” ဟု ခီလိုင်ဖီက ပြောကြားခဲ့သည်။

ထို့အပြင် ဇာလတန် အီဘရာဟီမိုဗစ်ခ်ျ အနေဖြင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဟူသော ကောလာဟလ သတင်းများကိုလည်း ပီအက်စ်ဂျီ ဥက္ကဋ္ဌက ငြင်းဆို သွားခဲ့သည်။ ၎င်းက “အီဘရာဟီမိုဗစ်ခ်ျက လာမယ့်နှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေမှာပါ။ အဲ့ဒီအတွက် သံသယမရှိပါဘူး။ ၂၀၁၆ နောက်ပိုင်းမှာ သူဘာလုပ်မလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ဒါကို ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ သူ့ကို့ ပီအက်စ်ဂျီရဲ့ ဘယ်လိုအခန်းကဏ္ဍမှာပဲ ဖြစ်ဖြစ် ဆက်ရှိနေစေလိုပါတယ်။ သူက ပေါ်လက်တာရဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက် ၅ ဂိုးပဲ လိုပါတော့တယ်။ ဒီစံချိန်ကို ဒီနှစ် ဘောလုံးရာသီမှာ ချိုးဖျက်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပီအက်စ်ဂျီ နည်းပြ လော့ရင့်ဘလန့်ခ် အနေဖြင့် ၎င်း၏ ရာထူးအတွက် စိုးရိမ်စရာ မလိုကြောင်း အယ်လ်ခီလိုင်ဖီက ဆိုခဲ့သည်။
“လာမယ့်နှစ် ဘောလုံးရာသီမှာ ဘလန့်ခ်က ပီအက်စ်ဂျီ နည်းပြအနေနဲ့ ဆက်ရှိနေပါလိမ့်မယ်။ လော့ရင်နဲ့ ပတ်သက်ပြီး ဆက်ဆံမှုတွေအပေါ် ကျွန်တော် အရမ်းကို စိတ်ပျက်မိပါတယ်။ ဝေဖန်မှုတွေက မမျှတပါဘူး။ ဒီနှစ် ဘောလုံးရာသီမှာ ကျွန်တော်တို့က ပြည်တွင်းဆုဖလား လေးလုံးကို ရယူနိုင်ပါတယ်။ ဒါဟာ သမိုင်းတွင်မယ့် အရာပါ။ ဘလန့်ခ်အနေနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သလိုမျိုး စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဖလားလေးလုံး မရရင်လည်း ကျွန်တော့်ရဲ့ အမြင်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ပီအက်စ်ဂျီ ဥက္ကဋ္ဌက ပြောကြားသွားခဲ့သည်။

Soccer Myanmar

မန်စီးတီး တိုက်စစ်မှူး ဂျိုဗီတစ်ကို ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ



မန်စီးတီး တိုက်စစ်မှူး ဂျိုဗီတစ်ကို ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ

လီဗာပူးလ်သည် နွေရာသီတွင် မန်ချက်စတာ စီးတီး တိုက်စစ်မှူး စတီဗန်ဂျိုဗီတစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ဘရန်ဒန်ရော်ဂျာ၏ အသင်းသည် ယခုနှစ် ဘောလုံး ရာသီတွင် ဂိုးသွင်းစွမ်းရည် လျော့နည်းခဲ့ပြီး အပြောင်းအရွှေ့ ရာသီတွင် တိုက်စစ် အင်အား တိုးမြှင့်ရန် ဆန္ဒ ရှိနေသည်။ လီဗာပူးလ်သည် ၂၀၁၄ ခုနှစ် သြဂုတ်လက မာရီယို ဘာလော့တယ်လီကို အေစီမီလန်မှ ခေါ်ယူ ခဲ့သော်လည်း အီတလီ တိုက်စစ်မှူး အနေဖြင့် အင်္ဂလန်တွင် ခြေစွမ်း ပြသနိုင်ခြင်း မရှိဘဲ အန်ဖီးလ်သို့ ပြောင်းရွှေ့ပြီးနောက် ပရီးမီးယားလိဂ်တွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

လီဗာပူးလ်သည် မန်ချက်စတာ ယူနိုက်တက်မှ စိတ်ဝင်စားနေသည့် ဒတ်ခ်ျကစားသမား မမ်ဖစ်ဒီပေးကို ခေါ်ယူရာတွင် အသာစီး ရနေသလို ဂျိုဗီတစ်ကို ခေါ်ယူရန် အတွက်လည်း အလေးသာလျက် ရှိနေကြောင်း Goal မှ ဖော်ပြခဲ့သည်။ မန်စီးတီးသည် နွေရာသီတွင် ဂျိုဗီတစ်ကို ရောင်းချသွားဖွယ် ရှိသော်လည်း အသက် ၂၅ နှစ် အရွယ် ကစားသမား အနေဖြင့် စီးရီးအေသို့ ပြောင်းရွှေ့ရန် ဆန္ဒ ရှိနေသည်။

ဂျိုဗီတစ်သည် အင်္ဂလန်တွင် စတင်ခြေချသည့် နှစ်တွင်ပင် ဒဏ်ရာ ရရှိခဲ့ပြီး ယခုနှစ် ဘောလုံး ရာသီတွင် ပရီးမီးယားလိဂ် ၉ ပွဲသာ ပွဲထွက်ပါဝင် ကစားခဲ့ရသည်။ ၎င်းသည် စုစုပေါင်း ၁၇ ပွဲသာ ကစားထားရပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့သည်။

Soccer Myanmar

ဒီဘရွန်းကို ပီအက်စ်ဂျီ စိတ်ဝင်စားနေကြောင်း ၎င်း၏အေးဂျင့် ပြောကြား



ဒီဘရွန်းကို ပီအက်စ်ဂျီ စိတ်ဝင်စားနေကြောင်း ၎င်း၏အေးဂျင့် ပြောကြား

ဝုဖ်ဘတ် ကွင်းလယ် ကစားသမား ကီဗင်ဒီဘရွန်းကို ပီအက်စ်ဂျီက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း၊ ၎င်းအတွက် ယူရို သန်း ၅၀ မှ ၆၀ အတွင်း ပေးချေရမည် ဖြစ်ကြောင်း ကစားသမား၏ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

အသက် ၂၃ နှစ် အရွယ် ဒီဘရွန်းသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ချယ်ဆီးမှ ဝုဖ်ဘတ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ အသင်း၏ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် ယခုနှစ် ဘောလုံးရာသီတွင် ၂၇ ဂိုး သွင်းယူထားသည်။ ဒီဘရွန်းကို လက်ရှိတွင် မန်ချက်စတာစီးတီးနှင့် ဘိုင်ယန်မြူးနစ် အပြင် အခြားကလပ်များစွာက ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ပီအက်စ်ဂျီက ဝုဖ်ဘတ် ကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူနိုင်ရန် ပိုမိုအလေးသာနေကြောင်း အေးဂျင့်ဖြစ်သူ ပက်ထရစ်ဒီကိုစတာက ဆိုခဲ့သည်။

“ပီအက်စ်ဂျီက ဆွဲဆောင်မှုရှိတဲ့ ကလပ်တစ်ခုပါ။ သူတို့မှာက ကြီးမားတဲ့ ရည်မှန်းချက်ရှိပါတယ်။ သူတို့ဟာ ကီဗင် နှစ်သက်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ကီဗင်ရဲ့ ဖန်တီးမှုတွေနဲ့ဆိုရင် ကာဗာနီနဲ့ အီဘရာဟီမိုဗစ်ခ်ျတို့ ဦးဆောင်တဲ့ ပီအက်စ်ဂျီ တိုက်စစ်ပိုင်းက ပိုပြီးထက်မြက်လာမှာပါ။ ဒီကနေ့ ဈေးကွက်မှာ ကီဗင်လို ကစားသမားတစ်ယောက်ရဲ့ တန်ဖိုးက ယူရို သန်း ၅၀ကနေ သန်း ၆၀ အထိ ရှိပါတယ်။ ကီဗင်အတွက် သန်း ၃၀ လောက်ပဲ ပေးဖို့ဆန္ဒရှိတဲ့ အသင်းတွေကတော့ ဆွေးနွေးမှုတွေ အမှန်တကယ် ဖြစ်လာဖို့ မရှိပါဘူး” ဟု ဒီဘရွန်း၏ အေးဂျင့်က ပြောကြားခဲ့သည်။

ဒီဘရွန်းနှင့် ဝုဖ်ဘတ်တို့၏ စာချုပ်သည် ၂၀၁၉ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည် ဖြစ်သည်။

Soccer Myanmar

မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မည်



မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မည်

၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မယ့် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မယ်လို့ သိရပါသည်။
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ လာမည့် မေလ ၁၅ရက်နေ့ မှ ၃၁ရက်နေ့ အထိ တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ နေထိုင် လေ့ကျင့်မှာ ဖြစ်ပြီး ခြေစမ်း ပွဲတွေ ကစားမှာ ဖြစ်တယ်လို့ သိရပါသည်။
“ကျွန်တော်တို့ အနေနဲ့ တရုတ် နိုင်ငံမှာ နေထိုင် လေ့ကျင်စဉ်မှာ ခြေစမ်းပွဲ သုံးပွဲလောက် ကစားမှာပါ။ အဲဒီကနေ ကမ္ဘာဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် ထိုင်းနိုင်ငံကို တစ်ခါတည်း ဆက်သွားမှာပါ” လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချူပ် တာဝန်ရှိ သူတစ်ဦးကပြောပါသည်။
မြန်မာ လက်ရွေးစင် အသင်း နည်းပြချုပ် အဘရာဗိုစ်ခ်ျ အနေဖြင့် လက်ရှိ အချိန်ထိ အပြီးသတ် လူစာရင်းကို ထုတ်ပြန်ရခြင်း မရှိသေးဘဲ ပဏာမ မြန်မာ့ လက်ရွေးစင် ကစားသမား၂၄ယောက် စာရင်းသာ ထုတ်ပြန် ထားသေးတယ်လို့ သိရပါသည်။

Soccer Myanmar

မြန်မာယူ-၂၀ အသင်းနဲ့ ဟန်ဂေရီယူ-၂၀ အသင်းတို့ ခြေစမ်းပွဲ ကစားမည်



မြန်မာယူ-၂၀ အသင်းနဲ့ ဟန်ဂေရီယူ-၂၀ အသင်းတို့ ခြေစမ်းပွဲ ကစားမည်

ကမ္ဘာယူ-၂၀ ဖလား ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာ ယူ-၂၀ အသင်းဟာ ဟန်ဂေရီယူ-၂၀ အသင်းနဲ့ ဧပြီလ၂၉ ရက်နေ့မှ ခြေစမ်းပွဲ ကစားမယ်လို့ သိရပါသည်။
မြန်မာ ယူ-၂၀ အသင်းဟာ ယနေ့မှာ ဆလိုဗေးနီးယားနိုင်ငံမှ တဆင့် ဟန်ဂေရီ နိုင်ငံသို့ သွားရောက်မှာ ဖြစ်ကာ ဟန်ဂေရီနိုင်ငံမှာ ခြေစမ်းပွဲ ဆက်လက် ကစားမယ်လို့ သိရပါသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ မြန်မာ ယူ-၂၀ အသင်း ကမ္ဘာယူ-၂၀ ဖလားမှာ အင်အားကြီး ဘောလုံးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ကစားနိုင်ဖို့ ပြီးခဲ့တဲ့ မတ်လ၂၄ရက်နေ့မှ စတင်ကာ ဆာဘီးယား၊ မက်ဆီဒိုးနီးယား၊ ဂျာမနီနဲ့ဆ လိုဗေးနီးယား နိုင်ငံတွေကို လေ့ကျင့် ခရီးစဉ်တွေ စေလွတ် ထားတယ်လို့ သိရပါသည်။

Soccer Myanmar

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ





Tuesday, April 28, 2015

ပြိုင်ပွဲပြီးဆုံး ကာနီးသော်လည်း သချာင်္နည်းအရ အသင်းအားလုံး ချန်ပီယံဖြစ်နိုင်သေးသည့် အယ်လ်ဂျီးရီးယားလိဂ်



ပြိုင်ပွဲပြီးဆုံး ကာနီးသော်လည်း သချာင်္နည်းအရ အသင်းအားလုံး ချန်ပီယံဖြစ်နိုင်သေးသည့် အယ်လ်ဂျီးရီးယားလိဂ်
Written by  ဝေဘုန်းလူ

အယ်လ်ဂျီးရီးယား၊ ဧပြီ ၂၈။        ။ တစ်ရာသီလုံး ယှဉ်ပြိုင်ကစား တဲ့ဘောလုံး လိဂ်တစ်ခု  ပြီးဆုံးဖို့ နီးစပ်ချိန်မှာ  ပြိုင်ပွဲဝင်  အသင်းနှစ်သင်း၊ သုံးသင်းလောက် ချန်ပီယံဖြစ်ဖို့ နီးစပ်ပြီး အပြိုင်အဆိုင်ဖြစ်နေတဲ့ လိဂ်လောက် စိတ်ဝင်စား စရာကောင်းတဲ့ လိဂ်ရှိမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အာဖရိကတိုက်၊ အယ်လ်ဂျီးရီးယားနိုင်ငံက အမှတ်ပေးဘောလုံး ပြိုင်ပွဲကတော့ ဘယ်တုန်းက မှမကြုံဖူးတဲ့ အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထား ပြီဖြစ်ပါ တယ်။ ပြိုင်ပွဲဝင် အသင်းနှစ်သင်း၊ သုံးသင်းတင် မဟုတ်ဘဲ အမှတ်ပေး ဇယားထိပ်ဆုံး ကနေ တန်းဆင်းဇုန်ထဲက အသင်းအထိ လက်ကျန်ပွဲတွေမှာ သချာင်္နည်း အရ ချန်ပီယံဆု ကိုမျှော်လင့်နိုင်ဆဲ အခြေအနေဖြစ် လို့ပါပဲ။

ပြိုင်ပွဲပြီးဆုံး ဖို့လေးပွဲ ကျန်နေသေးချိန်မှာ အမှတ်ပေး ဇယား ထိပ်ဆုံးက အီးအက်စ်ဆီ  တစ်ဖ် အသင်းနဲ့ အမှတ်ပေး ဇယားအောက်ဆုံးက  အန်အေ ဟူစိန်ဒေး အသင်း တို့ကြား အမှတ်ကွာခြားချက်က ၁၁ မှတ်ကွာနေ ပါတယ်။ လက်ကျန်ပွဲ အတွက်ဖြစ်နိုင်ချေ ၁၂ မှတ်ရဖို့ကျန်နေသေး ချိန်မှာ ဒီနှစ်သင်းကြား ကွာခြား ချက်က ၁၁ မှတ်ဖြစ်နေ တာပါ။

ဒီအမှတ်ပေးဇယားရပ်တည်မှုအရ အမှတ်ပေးဇယားအလယ်မှာရှိနေပေမယ့် ရလဒ်ဆိုးတဲ့အသင်းတိုင်းက တန်းဆင်းရမယ့် အန္တရာယ်ကြုံရနိုင် သလို တန်းဆင်း ဇုန်ထဲက အသင်းတွေကလည်း ရလဒ်ကောင်း ရင်အောင်မြင် မှုရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

အသင်းပေါင်း ၁၆ သင်းယှဉ်ပြိုင်နေပြီး ပွဲစဉ်၂၆ ပွဲကစားပြီးနေ ပြီဖြစ်တဲ့ အယ်လ်ဂျီးရီးယားလိဂ်က ပထမနဲ့ ဒုတိယအသင်းဟာ လာမယ့်နှစ် အာဖရိက ချန်ပီယံ လိဂ်ဝင်ခွင့် ရမှာဖြစ်ပြီး တတိယရတဲ့ အသင်းကတော့ ဥရောပမှာဆိုရင် ယူရိုပါလိဂ်နဲ့ တူညီတဲ့ အာဖရိက ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲကို ဝင်ခွင့်ရမှာဖြစ်ပါ တယ်။

Ref; Daily Mail

Mizzima


PFA တစ်နှစ်တာအကောင်းဆုံးဆုများ



PFA တစ်နှစ်တာအကောင်းဆုံးဆုများ
Written by  အောင်ငြိမ်းသွေး

(အင်္ဂလန်)။ ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ် PFA က ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ချယ်လ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမား အီဒင်ဟက်ဇက်က ရရှိသွားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဟက်ဇက်သည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲကစားပြီးချိန်တွင် ၁၃ ဂိုးသွင်းယူကာ ရှစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထပ်ဆုံးတွင် ရပ်တည်နိုင်ရန်နှင့် ကက်ပီတယ်ဝမ်းဖလားဆွတ်ခူးနိုင်ရန် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်သည်။

ဟက်ဇက်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်ဘောလုံးသမားများက မဲအများဆုံး ပေးခဲ့ကြခြင်းဖြစ်သည်။ ဟက်ဇက်သည် PFA အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လန်ဒန်ရှိ Grosvenor Hotel တွင် လက်ခံရယူခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီကလည်း အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

'ကျွန်တော်အရမ်းပျော်ပါတယ်။ တစ်နေ့မှာ အကောင်းဆုံး ဖြစ်လို့ အလိုရှိခဲ့တာပါ။ ဒီရာသီမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကစားတာလည်း အလွန်ကောင်းပါတယ်။ ဒီဆုက ကျွန်တော်နဲ့ ထိုက်တန်လားဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ တကယ်ကောင်းပါတယ်။ ကစားသမားတွေက မဲပေးကြတာဖြစ်လို့ ပိုကောင်းပါတယ်။ သူတို့က ဘောလုံးအကြောင်းကို တကယ်သိတဲ့ သူတွေပါ' ဟု ဟက်ဇက်က ပြောသည်။

တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကိုမူ စပါးအတွက် ခြေစွမ်းပြလျက်ရှိသည့် အင်္ဂလန် လူငယ် တိုက်စစ်ကစားသမား ဟယ်ရီကိန်းက ရရှိသွားခဲ့သည်။

လူငယ် အကောင်းဆုံး ဘောလုံးသမားဆု
အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် ဟယ်ရီကိန်းသည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ဂိုး ၃၀ အထိသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။ ကိန်းက ဆုရရှိခြင်းသည် အလွန်အံ့အားသင့်ဖွယ်ကောင်းကြောင်းနှင့် မိသားစုနှင့် ၎င်းအတွက် အလွန်ဂုဏ်ယူဖွယ်ရာကောင်းသည့် အခိုက်အတန့်ဖြစ်ကြောင်းဆိုသည်။ ထို့အပြင် ကိန်းက ထိုဆုမှ အစပဲ ရှိသေးပြီး နောက်ထပ်ဆုများစွာ လာဦးမည်ဟု ပြောသည်။

တစ်နှစ်တာ အကောင်းဆုံးအသင်း

တစ်နှစ်တာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာတွင် ချယ်လ်ဆီးအသင်းမှ ကစားသမား ခြောက်ဦးအထိ ပါဝင်ခဲ့ပြီး မန်ယူ၊ ဆောက်သမ်တန်၊ အာဆင်နယ်၊ လီဗာပူးလ်နှင့် စပါးတို့မှ တစ်ဦးစီ ပါဝင်ခဲ့သည်။

တိုက်စစ်တွင် ဟယ်ရီကိန်းနှင့် ဒီယေဂိုကော်စတာ၊ ကွင်းလယ်တွင် ဟက်ဇက်၊ ကော်တင်ဟို၊ ဆန်းချက်ဇ်နှင့် မာတစ်၊ နောက်တန်းတွင် ဘာထရန်၊ ကာဟေးလ်၊ တယ်ရီနှင့် အိုင်ဗန်နိုဗစ်ခ်ျတို့ ရွေးချယ်ခံခဲ့ရပြီး ဂိုးသမားနေရာတွင် မန်ယူဂိုးသမား ဒီဂီယာ ရွေးချယ်ခံခဲ့ရသည်။

အထူးဆု

ယခုနှစ်ရာသီအကုန်တွင် မေဂျာလိဂ်သို့ ပြောင်းရွှေ့တော့မည့် လီဗာပူးလ်အသင်းခေါင်းဆောင် စတီဗင်ဂျရတ်နှင့် မန်စီးတီးတွင် ကစားနေသည့် ချယ်လ်ဆီး ကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်တို့မှာ PFA Merit award ဟုဆိုသည့် အထူးဆုကို ပူးတွဲ ရရှိခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိဂျရတ်နှင့် အသက် ၃၆ နှစ်အရွယ်ရှိ လမ်းပတ်တို့ နှစ်ဦးပေါင်း အင်္ဂလန်အသင်းအတွက် ပွဲ ၂၂၀ ကစားပေးခဲ့ကြသည်။
အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆု

တစ်နှစ်တာ အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆုကို ချယ်လ်ဆီး အမျိုးသမီးအသင်းမှ ကွင်းလယ်ကစားသမား ဂျီဆိုယန်က ရရှိသွားခဲ့သည်။ အာဆင်နယ်အသင်းမှ လိရှ်ဝီလျံဆင်မှာ တစ်နှစ်တာလူငယ် အမျိုးသမီး အကောင်းဆုံး ဆုကို ရရှိသွားခဲ့သည်။

ရည်ညွှန်း - ဘီဘီစီ

Mizzima

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၂၅ ကြိမ်မြောက် ဆွတ်ခူး



ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၂၅ ကြိမ်မြောက် ဆွတ်ခူး
Written by  အောင်ငြိမ်းသွေး

(မြူးနစ်)။ ။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော မိုချင်ဂလတ်ဘတ်အသင်းနှင့် ၀ုဖ်ဘတ်အသင်းတို့၏ ပွဲစဉ်တွင် ၀ုဖ်ဘတ်အသင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ၂၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုတစ်ပတ်တွင် ဟာသာဘာလင်အသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ကစားထားသည့် ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါပွဲစဉ် လေးပွဲအထိ ကစားရန် ကျန်ရှိနေသေးသော်လည်း ဒုတိယနေရာမှ ၀ုဖ်ဘတ် အသင်းကို ၁၅ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်သည့်အတွက် ချန်ပီယံဆုကို ရရှိသွားခြင်း ဖြစ်သည်။

ဂလတ်ဘတ်အသင်းနှင့် ပွဲစဉ်တွင် ၀ုဖ်ဘတ်အသင်းသာ အနိုင်ရခဲ့ပါက လာမည့် ပွဲစဉ် ၃၁ ပြီးချိန်အထိ ရလဒ်ကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း ၀ုဖ်ဘတ်အသင်း ရှုံးနိမ့်သွားသည့်အတွက် ချန်ပီယံအဖြေပေါ်သွားခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရရှိခြင်းဖြစ်ပြီး ၂၅ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာအတွက် ၁၉ ခုမြောက် အဓိက ဆုဖလားဖြစ်ပြီး ၅ ခုမြောက် အမှတ်ပေးဖလားလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဖလား ဆီမီးဖိုင်နယ်နှင့် ဂျာမန်ပိုကယ်ဖလား ဆီမီးဖိုင်နယ်တို့သို့ ရောက်ရှိနေပြီး တစ်ရာသီအတွင်း ဆုဖလားသုံးလုံး ရရှိရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိလျက်ရှိသည်။

ဝုဖ်ဘတ်အသင်း ရှုံးနိမ့်ပြီးနောက်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းတို့၏ တရားဝင် တွစ်တာအကောင့်တွင် ချန်ပီယံဆုပုံတင်ကာ အောင်ပွဲခံခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ရူမန်နစ်ဂီက 'ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုပါပဲ။ ဒီအောင်မြင်မှုအတွက် နည်းပြနဲ့ ကစားသမားတွ အားလုံးကို ဂုဏ်ပြုသင့်ပါတယ်' ဟု ပြောသည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima


နည်းပြ အန်ရီကေးကြောင့် ဘာစီလိုနာတွင် တိုးတက် ပြောင်းလဲမှု များစွာ ရှိလာဟု ရာကီတစ် ချီးကျူး



နည်းပြ အန်ရီကေးကြောင့် ဘာစီလိုနာတွင် တိုးတက် ပြောင်းလဲမှု များစွာ ရှိလာဟု ရာကီတစ် ချီးကျူး

နည်းပြ လူးဝစ်အန်ရီကေးသည် ဘာစီလိုနာကို သိသိသာသာ တိုးတက်ပြောင်းလဲလာစေသူ တစ်ဦးဖြစ်ကြောင်း အိုင်ဗန်ရာကီတစ်က ချီးကျူး ပြောကြားလိုက်သည်။

ယခုရာသီတွင် ဆယ်လ်တာဗီဂိုမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ တာဝန်ယူခဲ့သည့် စပိန်နည်းပြသည် အစောပိုင်း ကာလများတွင် ၎င်း၏ ဘောလုံး ဒဿနအတွက် ဝေဖန်မှုများနှင့် ကြုံခဲ့ရပြီး ရာထူးမှ ထုတ်ပယ်ခံရမည်ဟုပင် သတင်းကြီးခဲ့သေးသည်။ သို့သော်လည်း ဘောလုံးရာသီ အလယ်လောက်မှ စတင်ကာ အသင်းကို ပိုမိုနိုင်နင်းစွာ ထိန်းချုပ်လာနိုင်ခဲ့သလို ဘာစီလိုနာသည်လည်း ကဏ္ဍအသီးသီးတွင် သိသာသော တိုးတက်မှုများ ရှိလာစေခဲ့သည်။ ဘာစီလိုနာ အရန်အသင်းနှင့် ရိုးမားအသင်းတို့ကိုလည်း ကိုင်တွယ်ဖူးသည့် အန်ရီကေးသည် ဘာစီလိုနာ၏ ရိုးရာဟန်ဖြစ်သော တီကီတာကာကို စွန့်ခွာပြီး တိုက်စစ်ကို ပိုမို၍ တိုက်ရိုက်ကျကျ ကစားစေခြင်းဖြင့် အသင်းအပေါ် ကြီးမားသည့် အပြောင်းအလဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ခရိုအေးရှား ကွင်းလယ်ဖန်တီးရှင် ရာကီတစ်က “သေချာတာကတော့ လက်ရှိနည်းပြ လက်အောက်မှာ ကျွန်တော်တို့ အသင်းဟာ နေရာတော်တော်များများ တိုးတက်ပြောင်းလဲလာတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ အားလုံးက အန်ရီကေးကို (၁၀၀)ရာခိုင်နှုန်း အပြည့်အဝ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ အန်ရီကေး လက်အောက်တွင် ဘာစီလိုနာသည် အမှတ်ပေးဇယားကို ဦးဆောင်ရပ်တည်နေပြီး စပိန်ရှုံးထွက်ဖလားတွင်လည်း ဗိုလ်လုပွဲ ကစားရမည်ဖြစ်သလို ချန်ပီယံလိဂ်တွင်လည်း အကြိုဗိုလ်လုထိ ရောက်ရှိနေပြီ ဖြစ်သည်။

Soccer Myanmar

ဒီပေးကို ခေါ်ယူရေးတွင် ယူနိုက်တက်ကို လီဗာပူးလ်က အသာစီး ရယူနိုင်ဖွယ်ရှိနေ



ဒီပေးကို ခေါ်ယူရေးတွင် ယူနိုက်တက်ကို လီဗာပူးလ်က အသာစီး ရယူနိုင်ဖွယ်ရှိနေ

မမ်းဖစ်ဒီပေးကို ခေါ်ယူရေး ကြိုးပမ်းမှုတွင် လီဗာပူးလ်က မန်ချက်စတာ ယူနိုက်တက် အပေါ် အသာစီး ယူနိုင်မည့် အလားအလာ ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Goal.comက ယူနိုက်တက် အနေဖြင့် PSV အင်ဒိုဗန် အသင်း၏ တောင်ပံတိုက်စစ် ကစားသမားလေးကို ချိတ်ဆက် ရာတွင် နှောင့်နှေးမှုများ ရှိနေသော်လည်း လီဗာပူးလ်ကမူ အလေးအနက် စိတ်ဝင်စားမှု ပြသနေကြောင်း ဆိုသည်။ ဒီပေးကို ကိုယ်စားပြုသည့် အေးဂျင့်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးသည် ယူနိုက်တက်၏ AON လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိနေခဲ့ကြောင်း Twitterတွင် ဓာတ်ပုံလွှင့်တင်ခဲ့သည့်တိုင် ဒီပေးအနေဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ သေချာပေါက် ပြောင်းရွှေ့ဖြစ်ရန် အတန်ငယ် အလှမ်းဝေးနေဆဲဟု သိရသည်။

ယခုအခါ နယ်သာလန်ရှိ သတင်းရင်းမြစ် အချို့က မန်နေဂျာ ဘရန်ဒန်ရော့ဂျာ၏ အသင်းသည် ပရီးမီးယားလိဂ် ခါးသီးပြိုင်ဘက်အပေါ် အသာစီးယူကာ ဒီပေးကို စာချုပ်နိုင်ရန် အခွင့်အလမ်း ပိုများလာကြောင်း Goal.comသို့ ပြောကြားခဲ့သည်။ ရော့ဂျာ ကိုယ်တိုင်ကလည်း အသက်(၂၁)နှစ်ရှိ ဒီပေးသည် အလွန် ပါရမီပြည့်ဝသည့် ကစားသမားလေး တစ်ဦးအဖြစ် အသိအမှတ်ပြု မှတ်ချက်ပေးထားသည်။ ဒီပေးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန် အသင်းတွင် လက်ရှိ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ လက်အောက်၌ ကစားခဲ့ဖူးသည့်အတွက် ဗန်ဂါးလ်က ၎င်းကို ပြန်လည် ခေါ်ယူဖြစ်မည်ဟု သတင်းကြီးနေသည်။

ဒီပေးသည် ဥရောပတွင် အလားအလာ အကောင်းဆုံး တက်သစ်စ လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး နယ်သာလန် လိဂ်ပွဲစဉ် (၂၈)ပွဲတွင် (၂၁)ဂိုး သွင်းယူကာ PSVအသင်း ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သည်။

Soccer Myanmar

ရာသီကုန်တွင် အာဆင်နယ်သို့ ပြန်သွားရန် ပိုဒေါ့စကီး ဆန္ဒရှိနေဟု မန်စီနီ ဖွင့်ဟ



ရာသီကုန်တွင် အာဆင်နယ်သို့ ပြန်သွားရန် ပိုဒေါ့စကီး ဆန္ဒရှိနေဟု မန်စီနီ ဖွင့်ဟ

ရာသီကုန်တွင် မိခင်ကလပ် အာဆင်နယ်သို့ ပြန်သွားရန် လူးကက်စ် ပိုဒေါ့စကီးက ဆန္ဒရှိနေကြောင်း အင်တာမီလန်နည်းပြ ရောဘတ်တို မန်စီနီက ပြောကြားသွားသည်။

ဂျာမန် လက်ရွေးစင် တိုက်စစ်မှူးသည် ဆောင်းရာသီ ဈေးကွက်တွင် အာဆင်နယ်မှ အင်တာသို့ အငှားပြောင်းရွှေ့လာသူ ဖြစ်သည်။ သို့သော်လည်း ပိုဒေါ့စကီးသည် အီတလီ စီးရီးအေတွင် ပုံစံကောင်း ပျောက်ဆုံးနေပြီး အင်တာအတွက် (၁၃)ပွဲ ကစားပြီးသည့်တိုင် သွင်းဂိုး တစ်ဂိုးမျှ မရရှိသေးချေ။ အသက်(၂၉)နှစ်ရှိ ပိုဒေါ့စကီးသည် ယင်းအခြေအနေကို စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ရာသီကုန်တွင် လန်ဒန်သို့ ပြန်သွားရန် စဉ်းစားနေကြောင်း မန်စီနီက ဖွင့်ဟခဲ့သည်။ ပိုဒေါ့စကီးသည် အာဆင်နယ်တွင် နေရာပျောက်နေသည့်နောက် ပုံမှန်ပွဲထွက်ခွင့် ပိုမိုရရှိရန် မျှော်လင့်ချက်ဖြင့် အင်တာသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

မန်စီနီကမူ ၎င်းအနေဖြင့် ပိုဒေါ့စကီး ပုံစံကောင်း ပြန်ရလာမည်ဟု ယုံကြည်ပြီး ကစားသမားအပေါ် စိတ်ရှည်ရှည် စောင့်ကြည့်လိုကြောင်း ဆိုသည်။ “အီတလီမှာက အကျင့်တစ်ခုရှိတယ်။ အဲဒါက မစောင့်ချင်တာပဲ။ ဘယ်အရာမှ မြန်မြန်ဆန်ဆန် လုပ်လို့ရတယ်ဆိုတာ မရှိပါဘူး။ အထူးသဖြင့် နိုင်ငံတစ်ခုကနေ တခြားတစ်ခုကို ပြောင်းရွှေ့ကစားရာမှာ၊ ကလပ်အသင်း တစ်ခုကနေ တခြား တစ်ခုကို ပြောင်းရွှေ့ရာမှာ ပိုပြီး စိတ်ရှည်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ပိုဒေါ့စကီးကို ကစားသမားကောင်း တစ်ယောက်၊ ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက်အဖြစ် ယူဆထားဆဲပါပဲ”ဟု မန်စီနီက ပြောကြားခဲ့သည်။

၎င်းက “ဒါပေမဲ့ တစ်ဖက်က အခြေအနေကတော့ ကွဲပြားမှုလေးတချို့ ရှိနေပါတယ်။ သူက အငှားလာကစားနေတာ ဖြစ်ပါတယ်။ ပြီးတော့ လောလောဆယ် အာဆင်နယ်ကို ပြန်ချင်နေပုံပါပဲ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ယူနိုက်တက်တွင် ဆက်ကစားခွင့် ရရန် ဗန်ပါစီ မျှော်လင့်ထား



ယူနိုက်တက်တွင် ဆက်ကစားခွင့် ရရန် ဗန်ပါစီ မျှော်လင့်ထား

စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ဝင်ရောက်လာတော့မည် ဖြစ်သည့်တိုင် မန်ချက်စတာ ယူနိုက်တက်တွင် ဆက်နေရန် ရော်ဘင် ဗန်ပါစီက မျှော်လင့် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။


ဗန်ပါစီသည် ဒဏ်ရာ ပြဿနာများကြောင့် ယခုရာသီတွင် ခြေစွမ်းအကောင်းဆုံး ရရှိရန် ရုန်းကန်ခဲ့ရပြီး အသင်းအတွက် (၂၅)ပွဲတွင် (၁၀)ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။ လာမည့်ရာသီ အစပိုင်းတွင် အသက်(၃၂)နှစ် ပြည့်တော့မည် ဖြစ်သည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် ရာသီကုန်ချိန်တွင် အသင်းနှင့် စာချုပ်လက်ကျန်သက်တမ်း တစ်နှစ်သာ ရှိတော့မည် ဖြစ်သည်။ အထောင်တိုက်စစ်မှူး တစ်ဦးတည်း ထားကစားသည့် စနစ်တွင် အသင်းခေါင်းဆောင် ဝိန်းရွန်နီကို ကျော်ဖြတ်ပြီး ပွဲထွက်နေရာ ရယူရန် မဖြစ်နိုင်မှန်း သိနေသည့်တိုင် ဗန်ပါစီသည် အိုးလ်ထရက်ဖို့ဒ်တွင် ဆက်နေရန် လိုလားလျက်ရှိကြောင်း နီးစပ်သူများက ပြောကြားခဲ့သည်။


အစောပိုင်း သတင်းများအရ ဗန်ပါစီသည် တူရကီ ကလပ်အသင်း အချို့၏ ချဉ်းကပ် ကမ်းလှမ်းမှုများကို ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ဗန်ပါစီနှင့် နီးစပ်သူ တစ်ဦးက “ဗန်ပါစီက အသင်းကနေ ထွက်ခွာဖို့ စိတ်လောနေတာ ဘာမှ မရှိပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ သူ့အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ပြပြီး အောင်မြင်မှုတွေ ရယူနိုင်ဆဲလို့ ယုံကြည်နေပါတယ်”ဟု ဆိုသည်။ ဗန်ပါစီသည် ချက်ရှိုင်းယားတွင် သားသမီးများ ကျောင်းတက်ပြီး အခြေတကျ ဖြစ်နေခြင်းကြောင့်လည်း အင်္ဂလန် အနောက်မြောက်ပိုင်း ဒေသကို စွန့်ခွာရန် စိတ်ကူးမရှိလှဟု သိရသည်။
၎င်းသည် လတ်တလောတွင် ခြေကျင်းဝတ် ဒဏ်ရာမှ သက်သာပျောက်ကင်းလာပြီးနောက် အဲဗာတန်ကို (၃-၀)ဖြင့် အရေးနိမ့်သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ရွန်နီအစား လူစားလဲပါဝင် ကစားသွားခဲ့သည်။

Soccer Myanmar

ရီးယဲမက်ဒရစ်မှ စိတ်ဝင်စားနေသည် ဟူသော သတင်းများအား ဟာဇက် ငြင်းဆို



ရီးယဲမက်ဒရစ်မှ စိတ်ဝင်စားနေသည် ဟူသော သတင်းများအား ဟာဇက် ငြင်းဆို

ချယ်ဆီး ကွင်းလယ် တိုက်စစ် ကစားသမား အီဒင်ဟာဇက်သည် ရီးယဲမက်ဒရစ်က စိတ်ဝင်စားနေသည့် သတင်းများအား ငြင်းဆိုခဲ့ပြီး ယခုနှစ် နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်သာ ဆက်ရှိနေမည်ဟု ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားသည် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပထမဦးဆုံး ပရီးမီးယားလိဂ် ဆုဖလား ပြန်လည် ဆွတ်ခူးနိုင်ရန် နီးစပ်နေသည့် ချယ်ဆီးအသင်းကို အကူအညီပေးနိုင်ခဲ့ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ၁၃ ဂိုး သွင်းကာ ၈ ဂိုး ဖန်တီးနိုင်ခဲ့သည်။ ၎င်းသည် တနင်္ဂနွေနေ့က ပရော်ဖက်ရှင်နယ် ဘောလုံးအဖွဲ့မှ ချီးမြှင့်သည့် PFA အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့သည်။

ရီးယဲမက်ဒရစ် နည်းပြ ဇီနက်ဒင်းဇီဒန်းသည် ဟာဇက်၏ ခြေစွမ်းကို သဘောကျနှစ်သက်ကြောင်းနှင့် ၎င်းကို စောင့်ကြည့်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့တွင် ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့နိုင်သည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဟိုဆေးမော်ရင်ဟိုကမူ ဟာဇက်၏ ပြောင်းရွှေ့ကြေးမှာ ကစားသမား၏ ခြေတစ်ချောင်းစီအတွက် ယူရို သန်း ၁၄၀ ကျသင့်လိမ့်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဟာဇက်ကမူ မိမိအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ပျော်ရွှင်နေကြောင်း PFA ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့နိုင်ဖွယ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဟာဇက်က “ကျွန်တော် ချယ်ဆီးမှာပဲ ဆက်ရှိနေမှာပါ” ဟု ဖြေကြားခဲ့သည်။

ဟာဇက်သည် PFA အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့သည့် တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာတို့ကို ကျော်ဖြတ်ကာ PFA အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

Soccer Myanmar

စိတ်ရှည် သည်းခံခြင်း၏ အကျိုးကျေးဇူးကို ချီချာရီတို ခံစားနေရကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ် ပြောကြား



စိတ်ရှည် သည်းခံခြင်း၏ အကျိုးကျေးဇူးကို ချီချာရီတို ခံစားနေရကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ် ပြောကြား

တနင်္ဂနွေနေ့က ဆယ်လ်တာဗီဂိုကို ၄-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် ပွဲတွင် ရီးယဲမက်ဒရစ် အတွက် နှစ်ဂိုး သွင်းယူခဲ့သည့် ဂျာဗီးယား ဟာနန်ဒက်ဇ်သည် စိတ်ရှည် သည်းခံခြင်း၏ အကျိုးကျေးဇူးကို ရရှိ ခံစားနေရခြင်း ဖြစ်ကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ပြောကြားလိုက်သည်။

အဆိုပါ ပွဲတွင် မက်ဒရစ်သည် နိုလီတို၏ အစောပိုင်းသွင်းဂိုးဖြင့် ဦးဆောင်ခြင်း ခံခဲ့ရသော်လည်း တိုနီခရူးစ်၏ ဂိုးဖြင့် ပြန်လည်ချေပနိုင် ခဲ့သည်။ ထို့နောက် ဟာနန်ဒက်ဇ်က မက်ဒရစ်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပထမပိုင်း မပြီးခင်တွင် ဆန်တာမီနာက ဆယ်လ်တာဗီဂိုအတွက် ချေပဂိုး သွင်းယူခဲ့သည်။

သို့ရာတွင် ၄၃ မိနစ်၌ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က မက်ဒရစ်အတွက် တတိယဂိုး သွင်းယူခဲ့သလို ဒုတိယပိုင်းတွင် ချီချာရီတိုက စတုတ္ထဂိုး သွင်းယူ ခဲ့သောကြောင့် ပွဲအပြီးတွင် ဆယ်လ်တာဗီဂိုကို ၄-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်မှ ရီးယဲမက်ဒရစ်သို့ တစ်ရာသီ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဟာနန်ဒက်ဇ်သည် အက်သလက်တီကို မက်ဒရစ်ကို အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲတွင် ရီးယဲမက်ဒရစ်၏ သူရဲကောင်း တစ်ဦး ဖြစ်ခဲ့သူဖြစ်သည်။

ထို့နောက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က အရန်ခုံပေါ်တွင် ကာလကြာရှည် ထိုင်ခဲ့ရသည့် ဟာနန်ဒက်ဇ် အနေဖြင့် စိတ်ရှည်သည်းခံခြင်း၏ အကျိုးကျေးဇူးကို ရရှိနေပြီ ဖြစ်ကြောင်း ဆိုခဲ့သည်။

“ချီချာရီတိုက လေ့ကျင့်ရေး ကွင်းမှာလည်း အပြင်းအထန် ကြိုးစားသူပါ။ သူ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ဒါဟာ သူ့ရဲ့ စိတ်ရှည် သည်းခံနိုင်မှုကြောင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး မက်ဒရစ် နည်းပြ ကာလိုအန်ဆယ်လော့တီသည် အိမ်ရှင်အသင်း၏ ဂိုးသွင်းခွင့် ဖန်တီးနိုင်မှုအပေါ် စိုးရိမ်ခဲ့ပြီး ဒုတိယပိုင်းတွင် အသင်းကို ဟန်ချက်ညီညီ ကစားရန် တိုက်တွန်းခဲ့ကြောင်း အဆိုပါ မက်ဒရစ် ကွင်းလယ် ကစားသမားက ဖွင့်ဟခဲ့သည်။

“ဒုတိယပိုင်းမှာ ပွဲကို ပိုမိုထိန်းချုပ်ဖို့ အန်ဆယ်လော့တီက တိုက်တွန်းခဲ့ပါတယ်။ သူတို့က တိုက်စစ်မှုတွေ အများကြီး လုပ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်” ဟု ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။

Soccer Myanmar

အာဆင်နယ်နှင့် အတူ ဆုဖလားများ ရယူလိုကြောင်း ဆန်းချက်ဇ် ဝန်ခံ



အာဆင်နယ်နှင့် အတူ ဆုဖလားများ ရယူလိုကြောင်း ဆန်းချက်ဇ် ဝန်ခံ

အာဆင်နယ်တွင် ကစားရသည်ကို ပျော်ရွှင်ကြောင်း၊ အသင်းဖော်များ အနေဖြင့် လာမည့်နှစ်တွင် ပရီးမီးယားလိဂ် ဆုဖလားကို ရယူရန် ဆန္ဒရှိကြောင်း အလက်ဆစ်ဆန်းချက်ဇ်က ဝန်ခံပြောကြားလိုက်သည်။

အသက် ၂၆ နှစ်အရွယ် ဆန်းချက်ဇ်သည် ပြီးခဲသည့် နွေရာသီက ယူရို ၄၈ သန်းဖြင့် ဘာစီလိုနာမှ အာဆင်နယ်သို့ ပြောင်းရွှေ့ လာခဲ့ပြီးနောက် လက်ရှိတွင် ပြိုင်ပွဲအရပ်ရပ်၌ ၂၁ ဂိုး သွင်းယူနိုင်ခဲ့သည်။

အာဆင်နယ်သည် အက်ဖ်အေ ဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင် ခဲ့သောကြောင့် ဆန်းချက်ဇ် အနေဖြင့် ၎င်း၏ ပွဲဦးထွက် ဘောလုံး ရာသီတွင် အသင်းနှင့်အတူ ဆုဖလား ရယူနိုင်မည့် အခွင့်အရေး ရှိနေသည်။ ထို့နောက် မိမိအနေဖြင့် အာဆင်နယ်နှင့်အတူ ဆုဖလားများ ရယူရန် ဆန္ဒ ရှိကြောင်း ချီလီ လက်ရွေးစင် ကစားသမားက ဆိုခဲ့သည်။

“လန်ဒန်ကို ကျွန်တော် သဘောကျပါတယ်။ ဒီမှာ အလျင်အမြန် အသားကျနေပါပြီ။ အာဆင်နယ်မှာ ကစားရတာကလည်း သက်သောင့်သက်သာရှိပါတယ်။ ဒီမြို့က အံ့အားသင့်စရာ ကောင်းသလို ကစားသမားတစ်ယောက် ပိုကောင်းလာဖို့ အတွက်လည်း အထောက်အကူ ဖြစ်ပေါတယ်။ ကျွန်တော် အာဆင်နယ်မှာ ကစားရတာ အရမ်းကို ပျော်ပါတယ်။ အသင်းဖော် အားလုံးကလည်း ဆုဖလားတွေကို ရယူဖို့ ဆန္ဒရှိနေကြပါတယ်” ဟု ဆန်းချက်ဇ်က ပြောကြားခဲ့သည်။

Soccer Myanmar

အဲဗာတန်နှင့်ပွဲမှ ယူနိုက်တက်၏ စိတ်ဓာတ်ပိုင်း အားနည်းချက်များကို ဗန်ဂါးလ် ဝေဖန်



အဲဗာတန်နှင့်ပွဲမှ ယူနိုက်တက်၏ စိတ်ဓာတ်ပိုင်း အားနည်းချက်များကို ဗန်ဂါးလ် ဝေဖန်

အဲဗာတန်ကို အရေးနိမ့် ခဲ့ရာ၌ အသင်း၏ စိတ်ဓာတ်ပိုင်းကို ဝေဖန်ခဲ့ပြီး ပွဲမစမီ သွေးပူ လေ့ကျင့်ခန်း လုပ်နေကတည်းက မိမိတို့ ရှုံးတော့မည်ဟု ခံစားမိခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝေဖန် ပြောကြားလိုက်သည်။

၎င်းက ဂွတ်ဒီဆင်ပါ့ခ်တွင် အဲဗာတန်ကို (၃-၀)ဖြင့် ပြတ်သားစွာ အရေးနိမ့်ခဲ့သည့် ပွဲစဉ်၌ အသင်းသားများ အနေဖြင့် နိုင်ပွဲဆာလောင်မှု ကင်းမဲ့စွာ ကစားခဲ့ကြောင်း စွပ်စွဲခဲ့သည်။ အဆိုပါ အရှုံး ရလဒ်ကြောင့် ယူနိုက်တက်၏ လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် များသည် အတန်ငယ် စိုးရိမ်စရာ ဖြစ်လာသည်။ ယူနိုက်တက်သည် ပြီးခဲ့သည့် ပွဲစဉ်ကလည်း ချယ်လ်ဆီးကို (၁-၀)ဖြင့် အရေးနိမ့်ထားရာ အဝေးကွင်း နှစ်ပွဲဆက် ရမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရသလို နှစ်ပွဲတွင် လေးဂိုးထိ အသွင်းခံခဲ့ရသည်။ အဲဗာတန်အတွက် ဂျိမ်းစ်မက္ကာသီ၊ ဂျွန်စတုန်းနှင့် ကီဗင်မီရဲလက်စ်တို့က ဂိုးများ အသီးသီး သွင်းယူပြီး ခမ်းနားသော အောင်ပွဲကို ပရိသတ်များအတွက် ဆောင်ကြဉ်းပေးခဲ့သည်။

ဗန်ဂါးလ်က ဂွတ်ဒီဆင်ပါ့ခ်တွင် ပွဲမစမီ လေ့ကျင့်ခန်း လုပ်နေကတည်းက အသင်း၏ ပုံစံကို မိမိရော၊ လက်ထောက်နှစ်ဦးဖြစ်သည့် ရိုင်ယန်ဂစ်နှင့် အဲလ်ဘတ် စတွိုင်ဗန်ဘာ့ဂ်တို့ပါ စိုးရိမ်မကင်း ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ “ကိုယ်က ဘောလုံးကို အချိန်အများကြီး ကိုင်ထားမယ်ဆိုရင် အချိန်မရွေး ဘောလုံး ဆုံးရှုံးသွားနိုင်တယ် ဆိုတာကိုလည်း သိဖို့လိုတယ်။ အဲဒီလို အနေအထားမှာ တစ်ဦးချင်း ယှဉ်လုတဲ့အခါ ကိုယ့်ဘက်က အရမ်း ထက်မြက်နေတာမျိုး ဖြစ်ဖို့လိုတယ်။ ဒါပေမဲ့ ပွဲစပြီး လေးမိနစ်မှာတင် မြင်သာနေပြီ။ ဘောလုံး ယှဉ်လုမှု သုံးကြိမ်ဆက်တိုက် ကျွန်တော်တို့ဘက်က အောက်စည်းရောက်နေခဲ့တယ်။ ဒါက ဥပမာ တစ်ခုပဲ ရှိသေးတယ်”ဟု ဗန်ဂါးလ်က ဆိုသည်။

၎င်းက “ကျွန်တော့်အသင်းရဲ့ စိတ်ဓာတ်တက်ကြွမှု၊ လွှမ်းမိုးနိုင်စွမ်းနဲ့ အင်တိုက်အားတိုက် ရှိမှုတွေ အားလုံးဟာ ပြိုင်ဘက်ထက် အဘက်ဘက်က နိမ့်ကျနေတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အားကစား တစ်ခုမှာ ကိုယ်က ပြိုင်ဘက်နဲ့ အရာရာ ယှဉ်ကြည့်နေဖို့ လိုတယ်။ ပြိုင်ဘက်ထက် အလုံးစုံ နိမ့်ကျနေခြင်းဟာ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်အပြင် ဂစ်ရော၊ စတွိုင်ဗန်ဘာ့ဂ်ပါ တူညီတဲ့ အခြေအနေမျိုး ခံစားမိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးပူလေ့ကျင့်ခန်း လုပ်နေကတည်းက အသင်းက ပုံမှန် အနေအထားကောင်းမျိုး ရှိမနေခဲ့ဘူး။ ဒီအချိန်ဆိုတာ ပွဲမကစားခင် နောက်ဆုံးမိနစ်ပိုင်းလေ။ အဲဒီကျမှ ကစားသမားတွေ နိုးကြားတက်ကြွလာအောင် လှုံ့ဆော်အားပေးဖို့ ဆိုတာက အရမ်းကို နောက်ကျနေပြီ”ဟုလည်း ဖွင့်ဟခဲ့သည်။

ဗန်ဂါးလ်က “ကိုယ်က ပွဲတစ်ပွဲ ကစားမယ်ဆိုရင် အဲဒီမတိုင်ခင် နှစ်ရက်၊ သုံးရက်ကတည်းက ကြိုတင် ပြင်ဆင်ထားရမယ်။ အဲဗာတန်က ဒါကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ အဲဗာတန်က နိုင်သွားတယ်ဆိုတာ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အလမ်းတွေ ဖန်တီးပြီး အသုံးမချနိုင်ခဲ့တာကြောင့်လည်း ပါတယ်။ ငါးကြိမ်လောက်ထိ ကျွန်တော်တို့ အခွင့်အရေး ရခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဂိုးပေါက် ကန်သွင်းမှုတွေကို ကြည့်လိုက်ရင် ပြတ်ပြတ်သားသား တစ်ခုမှ မရှိဘူး။ အဲဒီအခြေအနေကတော့ ကျေနပ်စရာ မဟုတ်ဘူးလေ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

ဒုတိယ နေရာသည် မန်စီးတီး အတွက် ကျဆုံးမှု မဟုတ်နိုင်ဟု ပယ်လီဂရီနီ ပြောကြား



ဒုတိယ နေရာသည် မန်စီးတီး အတွက် ကျဆုံးမှု မဟုတ်နိုင်ဟု ပယ်လီဂရီနီ ပြောကြား

အကယ်၍ အမှတ်ပေး ဇယား ဒုတိယ နေရာဖြင့် ရာသီသိမ်းခဲ့ပါက မန်ချက်စတာ စီးတီးအတွက် ယခုရာသီ ကျဆုံးခဲ့သည်ဟု မဆိုနိုင်ကြောင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

မန်စီးတီးသည် ယခုရာသီတွင် လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ ချယ်လ်ဆီးက အမှတ်ဖြတ် ဦးဆောင်မှုကို ကြုံခဲ့ရသည်။ မန်စီးတီး အနေဖြင့် အာဆင်နယ်ထက် တစ်ပွဲပို ကစားကာ ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဒုတိယ နေရာသို့ ရောက်ရှိနေသော်လည်း အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းများက အဆိုပါ နေရာအတွက် စိန်ခေါ်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ ချီလီသား မန်နေဂျာကြီးက မိမိတို့ အနေဖြင့် ရာသီတိုင်း ဆုဖလားများ ရရှိနေရန် အာမခံနိုင်မည် မဟုတ်သလို ဒုတိယ နေရာသည် အလွန်ဆိုးရွားသည့် ကျဆုံးမှုဟု မယူဆကြောင်း မှတ်ချက်ပြုခဲ့သည်။

“နှစ်တိုင်းတော့ ကျွန်တော်တို့ ဖလားတွေ ရမနေနိုင်ဘူးလေ”ဟု ပယ်လီဂရီနီက ဆိုသည်။ “ဒီရာသီမှာ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့က ငွေပိုသုံးလာတယ်။ လီဗာပူးလ်လည်း တူတူပဲ။ အသင်းတိုင်းမှာ တကယ့်ကို တောင့်တင်းတဲ့ လူစာရင်းမျိုး ပိုင်ဆိုင်လာတယ်။ ကျွန်တော်တို့နဲ့ တန်းတူ ဖြစ်လာတယ်။ ကျွန်တော်တို့ လူစာရင်းအရ ဒုတိယ နေရာဟာ ဆိုးရွားတဲ့ အဆင့်မျိုး၊ ဒါမှမဟုတ် စိတ်ပျက်စရာ အဆင့်မျိုးလို့ ခင်ဗျားတို့ ထင်သလား။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး”ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းက “တကယ်လို့ ကျွန်တော်တို့က အဆင့်(၇) နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ဥရောပပွဲ ကစားခွင့် မရဘူး ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ တစ်ရာသီလုံး (၃၄)ပွဲထိ ကစားပြီးချိန် ဒုတိယ နေရာမှာ အမြဲတမ်းနီးပါး ရှိခဲ့တယ် ဆိုတာမျိုးက အဆိုးကြီး မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ရွန်နီ၏ ဒဏ်ရာ အခြေအနေကို စိုးရိမ်စွာ စောင့်ကြည့်နေဟု ဗန်ဂါးလ် ဝန်ခံ



ရွန်နီ၏ ဒဏ်ရာ အခြေအနေကို စိုးရိမ်စွာ စောင့်ကြည့်နေဟု ဗန်ဂါးလ် ဝန်ခံ

အသင်းခေါင်းဆောင် ဝိန်းရွန်နီ၏ ဒဏ်ရာ အတွက် စိုးရိမ်စွာ စောင့်ကြည့်နေ ရကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝန်ခံ ပြောကြားခဲ့သည်။

ရွန်နီသည် ၎င်း၏ အသင်းဟောင်း အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်တွင် (၃-၀)ဖြင့် အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် နှောင်းပိုင်း၌ ဒဏ်ရာ ရသွားခဲ့သည်။ အဆိုပါ အခြေအနေကြောင့် ဗန်ဂါးလ်သည် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးကို ရော်ဘင် ဗန်ပါစီနှင့် လူစား လဲထုတ်ခဲ့ရသည်။ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆုံးအဖြတ် ပွဲများ ကစားနေရပြီး မိုက်ကယ်ကာရစ်၊ ဖီးလ်ဂျုံးစ်နှင့် မားကို့စ်ရိုဟိုတို့ ကဲ့သို့ ကစားသမားများ ဒဏ်ရာ အနာတရ ဖြစ်နေချိန်တွင် ရွန်နီပါ ဒဏ်ရာ ထပ်ရသွားခြင်းက ယူနိုက်တက် အတွက် ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်လာသည်။

MUTVနှင့် အင်တာဗျူးတွင် ဗန်ဂါးလ်က ရွန်နီ ဒဏ်ရာ ရသွားခြင်းကို အတည်ပြု ခဲ့သော်လည်း ဒဏ်ရာ အခြေအနေ အတိမ်အနက်ကို ခန့်မှန်းရန်မှာ စောလွန်းသေးကြောင်း ပြောကြား သွားသည်။ “ဒဏ်ရာ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်” ဟု ဗန်ဂါးလ်က ဖွင့်ဟသွားသည်။ ယူနိုက်တက်သည် ချယ်လ်ဆီးနှင့် အဲဗာတန်တို့ကို နှစ်ပွဲဆက် အရေး နိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရုန်းကန် ရတော့မည်ဖြစ်သလို ရွန်နီပါ ဒဏ်ရာ ရသွားခြင်းကြောင့် အပိုဆောင်း နစ်နာမှုနှင့် ကြုံတွေ့ ခဲ့ရသည်။

Soccer Myanmar

ဂီရော့ဒ်ကဲ့သို့ တိုက်စစ်မှူးမျိုးဖြင့် အာဆင်နယ် ချန်ပီယံ မဖြစ်နိုင်ဟု အွန်နရီ ဝေဖန်



ဂီရော့ဒ်ကဲ့သို့ တိုက်စစ်မှူးမျိုးဖြင့် အာဆင်နယ် ချန်ပီယံ မဖြစ်နိုင်ဟု အွန်နရီ ဝေဖန်

အိုလီဗီရာ ဂီရော့ဒ်ကဲ့သို့သော တိုက်စစ်မှူးမျိုးနှင့် အာဆင်နယ် အသင်း ချန်ပီယံဆုကို မျှော်လင့်ရန် မဖြစ်နိုင်ကြောင်း ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း သီအာရီ အွန်နရီက ဝေဖန် ပြောကြားလိုက်သည်။

အွန်နရီက မိမိနှင့် တစ်နိုင်ငံတည်းသားဖြစ်သည့် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးသည် ချန်ပီယံဆုအတွက် အဆုံးအဖြတ် ပေးနိုင်လောက်သည့် အဆင့်မျိုး မရှိကြောင်း မှတ်ချက်ပေးခဲ့သလို လာမည့်နွေရာသီတွင် အာဆင်နယ် အနေဖြင့် ငွေများများသုံးပြီး ထိပ်တန်းကစားသမား လေးဦးထိ ဝယ်ယူသင့်ကြောင်းလည်း ဆိုသည်။ လတ်တလောတွင် Sky Sports၏ ဘောလုံး အစီအစဉ်မှူးအဖြစ် တာဝန်ယူထားသည့် အွန်နရီက အာဆင်နယ်သည် ဂိုးသမားတစ်ဦး၊ ဗဟိုနောက်ခံလူတစ်ဦး၊ ကွင်းလယ်ခံစစ်သမား တစ်ဦးနှင့် တိုက်စစ်မှူး တစ်ဦးတို့ကို ထိပ်တန်းအဆင့်မျိုး ရွေးချယ်ခေါ်ယူနိုင်မှသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မှန်းနိုင်လိမ့်မည်ဟုလည်း သုံးသပ်ခဲ့သည်။

အွန်နရီက “အာဆင်နယ်ဟာ ကစားသမားသစ် လေးယောက်လောက် ခေါ်ဖို့တော့ လိုတယ်။ အသင်းရဲ့ ကျောရိုးကို မွမ်းမံပြုပြင်ဖို့ လိုတယ်။ အာဆင်နယ်က ဂိုးသမားတစ်ယောက်၊ ဗဟိုနောက်ခံလူ တစ်ယောက် ခေါ်ရမယ်။ ကွင်းလယ် ဗဟိုမှာ ခံစစ်အားပြု ကစားသမား တစ်ယောက် ထပ်လိုသေးတယ်။ ကျွန်တော် စိုးရိမ်တာကတော့ တိုက်စစ်ပဲ။ တကယ်လို့ ချန်ပီယံဆုကို နောက်တစ်ကြိမ် မျှော်မှန်းတယ်ဆိုရင် ထိပ်တန်းမှ ထိပ်တန်းဆိုတဲ့ အဆင့်မျိုး တိုက်စစ်မှူး တစ်ယောက် ခေါ်ယူရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

အမ်းမရိတ်စ်တွင် ချယ်လ်ဆီးနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်နှင့် ပတ်သက်ပြီး အွန်နရီက “ဒီနေ့ ချယ်လ်ဆီးကို ကြည့်ပါ။ မနှစ်က ရာသီမှာ သူတို့ဟာ ချန်ပီယံဆုကို မျှော်လင့်ပေမယ့် ရုန်းကန်ခဲ့ရတယ်။ အဲဒီနောက်မှာတော့ သီဘောက် ကော်တွိုက်စ်၊ နီမန်ယာမာတစ်၊ ဆက်စ်ဖာဘရီဂက်စ်နဲ့ ဒီယေဂို ကော်စတာတို့ကို အားဖြည့်ခဲ့တယ်။ ဒီနေ့ ဒီအချိန်မှာ ဘာတွေ ကွာခြားသွားပြီလဲ ဆိုတာကို ကျွန်တော် ပြောပြနေစရာ မလိုတော့ပါဘူး။ တစ်သင်းက လုပ်စရာရှိတာ လုပ်ခဲ့တယ်။ တစ်သင်းက မလုပ်ဘူး။ အခုဆို ချယ်လ်ဆီးဟာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ နီးစပ်သွားပါပြီ။ အာစင်ဝင်းဂါးက လုပ်စရာရှိတာကို လုပ်ရပါမယ်။ အသင်းစုဖွဲ့မှုမှာ ပြိုင်ဆိုင်မှုတွေ ပြည့်ဝနေဖို့ လိုတယ်။ ချန်ပီယံဆုကို မျှော်လင့်ရင် ဒီလိုအနေအထားက တကယ်လိုအပ်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အွန်နရီက ဂီရော့ဒ်နှင့် ပတ်သက်ပြီးမူ “ဂီရော့ဒ်ဟာ သူ့အနေနဲ့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တွေးကြည့်ပါ။ သူ့ကို အားကိုးပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သလား။ ကျွန်တော်တော့ မထင်ဘူး။ သူဟာ လုပ်စရာရှိတာကို လုပ်နေပါတယ်။ ဒါပေမဲ့ သူအကောင်းဆုံး လုပ်နေသည့်တိုင် သူ့ကိုအားကိုးပြီး ကျွန်တော်တို့ ချန်ပီယံ မဖြစ်နိုင်ပါဘူး။ အာဆင်နယ်ဟာ မနှစ်က ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ဦးဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတောင် သူတို့တွေ ချန်ပီယံ ဖြစ်နိုင်လောက်ပါတယ်လို့ ဘယ်သူမှ ထင်ကြေး မပေးခဲ့ပါဘူး”ဟု ပြောဆိုသွားသည်။

Soccer Myanmar

ထိုင်းအမျိုးသမီးနဲ့ မြန်မာ အမျိုးသမီးဘောလုံး အသင်းတို့ ခြေစမ်းပွဲ နှစ်ဂိုးစီ သရေပွဲဖြင့် ပြီးဆုံး



ထိုင်းအမျိုးသမီးနဲ့ မြန်မာ အမျိုးသမီးဘောလုံး အသင်းတို့ ခြေစမ်းပွဲ နှစ်ဂိုးစီ သရေပွဲဖြင့် ပြီးဆုံး

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအကြို ခြေစမ်းပွဲ အဖြစ် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းနှင့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားရာ(၂)ဂိုးစီ သရေပွဲဖြင့် ပြီးဆုံးခဲ့တယ်လို့ သိ ရပါသည်။

မြန်မာ အမျိုးသမီး အသင်းသည် မေသူကျော်၊နော်အားလိုဝါးဖော၊ဝေေ၀ အောင်၊ ရီရီဦး အစရှိသည့် အဓိက ကစားသမား များ ထည့်သွင်းပြီး ထိုင်း လက်ရွေးစင် အမျိုးသမီး အသင်းအား ရင်ဆိုင် ကစားခဲ့သည်။ ထိုင်းအသင်း အတွက် အဖွင့်ဂိုးကို ပွဲချိန် (၄) မိနစ်တွင် ဆောင်ချန်က (၁၈) ကိုက်စည်း အပြင်မှ လှမ်းကန်သွင်း ခဲ့သည်။ ဦးဆောင်ဂိုး အသွင်း ခံရပြီးနောက် မြန်မာ အမျိုးသမီး အသင်း ပိုမို ဖိကစား လာခဲ့ပြီး ပွဲချိန် (၉) မိနစ်တွင် ရှေ့တန်း တိုက်စစ်မှူး ရီးရီဦးမှ ချေပဂိုး သွင်းယူ ပေးခဲ့သည်။ ပွဲချိန်(၁၁)မိနစ်တွင် မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်း ရှေ့တန်း တိုက်စစ်မှူး ခင်မိုးဝေမှ ဒုတိယဂိုး သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး မြန်မာ အသင်းဘက်မှ လူစားလဲမှုတွေ ပြုလုပ်ခဲ့သည်။ပွဲချိန်(၇၅) မိနစ်တွင် ဆန်နောင်း ပင်နယ်တီမှတဆင့် ထိုင်းအသင်းအတွက်ဒုတိယ ခြေပဂိုး သွင်းယူနိုင်ခဲ့သည်။ယင်းနောက်နှစ်သင်းစလုံးအနိုင်ဂိုးများသွင်း ယူရန် ကြိုးပမ်း ကစားသော်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိတော့သည့် အတွက် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်း (၂-၂) မြန် မာ့ လက်ရွေးစင် အမျိုးသမီး အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်းကို နည်းပြချုပ်ဒေါ်သက်သက်ဝင်းတာဝန်ယူပြီး သည့်နောက်ပိုင်းမှာလက်ရှိအချိန်ထိရှံးပွဲမရှိသေးဘူးလို့ သိရပါသည်။

Soccer Myanmar

ကမ္ဘာဖလား ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွှေးစင် ကစားသမား ပဏာမ ၂၄ယောက် စာရင်းထုတ်ပြန်



ကမ္ဘာဖလား ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွှေးစင် ကစားသမား ပဏာမ ၂၄ယောက် စာရင်းထုတ်ပြန်

ကမ္ဘာဖလား ခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်း ပဏာမကစားသမား စာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်လိုက်တယ်လို့ သိရပါသည်။
အဆိုပါ ပဏာမ ကစားသမား စာရင်းမှာ စုစုပေါင်း ကစာသမား နှစ်ဆယ့်လေးယောက် ပါဝင်ပြီး ရန်ကုန်ယူနိုက်တက်မှ ခုနှစ်ယောက်၊ ကမ္ဘောဇ အသင်းမှ လေးယောက်၊ဧရာဝတီ ယူနိုက်တက်နဲ့ ရတနာပုံ အသင်းမှ သုံးယောက်စီ၊ ဟံသာဝတီနဲ့ မကွေးအသင်းတို့မှ နှစ်ယောက်စီ၊ ရခိုင်ယူနိုက်တက်နဲ့ ချင်းယူနိုက်တက်တို့မှ တစ်ယောက်စီ ပါဝင်ကြပါသည်။
“အခုလို ပဏာမကစားသမား တွေရွေးထား ပေမယ့်ယူ၂၀နဲ့ ယူ-၂၃အသင်း တွေမှာရှိတဲ့ ကစားသမားတွေတစ်ချို့ ကိုတော့ သက်ဆိုင်ရာ ပြိုင်ပွဲတွေအပြီးမှာ ခေါ်ယူသွားဖို့ ရှိပါတယ်”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာ့လက်ရွေးစင် ပဏာမ ကစားသမားစာရင်း
ဂိုး – ဗန်လားဟရယ်(ဧရာဝတီ)၊ ရန်အောင်လင်း(ဟံသာဝတီ)၊ ထက်လင်းဦး(KBZ)၊ ဇော်ထက်လင်း(Southern Myanmar)
နောက်တန်း – ၀င်းမင်းထွဋ်၊ ဇော်လင်း(KBZ)၊ ဇော်ရဲထွန်း(ရတနာပုံ)၊
ဇော်ဝင်း၊ ခင်မောင်လွင်၊ ဇော်မင်းထွန်း(ရန်ကုန်)၊ အောင်ဇော်(ဟံသာဝတီ)
အလယ်တန်း – ဒေးဗစ်ဒန်း၊ ကြည်လင်း၊ ရန်အောင်ကျော် (ရန်ကုန်)၊ ဟိန်းဇာအောင်(မကွေး)၊ ပြည်မိုး(ရခိုင်ယူနိုက်တက်)၊ဆမ်လန်မန်(ချင်းယူနိုက်တက်)၊ ကျော်ဇေယျာဝင်း(KBZ)၊ မင်းမင်းသူ၊ နိုင်လင်းဦး(ဧရာဝတီ)၊
ရှေ့တန်း – စိုးမင်းနိုင်(မကွေး)၊ ကျော်ကိုကို(ရန်ကုန်)၊ နန္ဒလင်းကျော်ချစ်၊ ဇင်မင်းထွန်း(ရတနာပုံ) တို့ဖြစ်ကြသည်။

Soccer Myanmar

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ