Pages

Subscribe:

Wednesday, April 22, 2015

ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲအတွက် အသင့်ရှိနေမည်ဟု ရော်ဘင် ပြောကြား



ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲအတွက် အသင့်ရှိနေမည်ဟု ရော်ဘင် ပြောကြား

ဘိုင်ယန်မြူးနစ် တိုက်စစ် ကစားသမား အာဂျန်ရော်ဘင်က မိမိ၏ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်လာကြောင်းနှင့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲစဉ်အမီ ကြံ့ခိုင်မှု ပြည့်ဝလာမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

နယ်သာလန် လက်ရွေးစင် ကစားသမားသည် ဧပြီလက ဘိုရပ်ရှား မိုချန်ဂလက်ဘတ်ခ်ျကို ရှုံးနိမ့်ခဲ့သည့် ပွဲတွင် ဝမ်းဗိုက်ဒဏ်ရာ ပြဿနာနှင့် ကြုံတွေခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်တွင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပေ။ ရော်ဘင်သည် ပေါ်တိုနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲအပါအဝင် အရေးပါသည့် ပွဲအချို့ကို လွဲချော်ခဲ့ရသည်။

သို့သော်လည်း အဆိုပါ ကွင်းလယ်တောင်ပံ ကစားသမားသည် လာမည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒဏ်ရာပြဿနာမှ ပြန်လည် သက်သာလာရန် မျှော်လင့်ထားကြောင်း သိရသည်။

“တနင်္လာနေ့က အသင်းလေ့ကျင့်ရေးကွင်းမှာ အပြေးလေ့ကျင့်ခန်း နည်းနည်း လုပ်နိုင်ခဲ့ပါတယ်။ ဒဏ်ရာအခြေအနေကလည်း သက်မှတ်ထားတဲ့ ရက်အတိုင်း တိုးတက်ကောင်းမွန်လာနေပါတယ်။ ဆရာဝန်က ၆ ပတ်လောက် နားရမယ်လို့ ပြောထားတာပါ။ အခုဆိုရင် ၄ ပတ်ရှိပါပြီ။ နောက် ၂ ပတ်ဆိုရင် အခြေအနေ အားလုံးကောင်းလာပါလိမ့်မယ်။ ပေါ်တိုနဲ့ ဒုတိယအကျော့မှာ ဘိုင်ယန်အနေနဲ့ အလှည့်အပြောင်း ပြုလုပ်နိုင်လိမ့်မယ်ဆိုတာကို ခန့်မှန်းပြီးသားပါ။ အခုလို ရလဒ်ကြောင့် အကြိုဗိုလ်လုပွဲမှာ ပြန်ကစားနိုင်မယ့် အခွင့်အရေး ရခဲ့ပါပြီ” ဟု ရော်ဘင်က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment