Pages

Subscribe:

Wednesday, April 22, 2015

ပေါ်တိုကို ဂိုးမိုးရွာပြီး ရှုံးကြွေးဆပ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်



ပေါ်တိုကို ဂိုးမိုးရွာပြီး ရှုံးကြွေးဆပ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်

ပထအကျော့တုန်းက နောက်တန်းကစားပုံမှားယွင်းမှုတွေကြောင့် ပေါ်တိုကို ၃-၁ နဲ့ရှုံးခဲ့ရတဲ့ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲကို အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့ပြီး ရလဒ်ကောင်းယူနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ ရှုံးခဲ့တဲ့ အရှုံးကြောင့် ဘိုင်ယန်အတွက် ဒီနေ့ပွဲဟာ ကစားရခက်ခဲမယ်လို့ ထင်ခဲ့ရပေမယ့်လည်း တကယ်တမ်းမှာ ပထမပိုင်းမှာတင် ပေါ်တိုဘက်ကို ငါးဂိုးပြတ်သွင်းနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို ဘိုင်ယန်မြူးနစ် ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှာ ဂေါ့ဇီ၊ မူလာနဲ့ လီဝမ်ဒေါစကီးတို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်ကတော့ ရီဘာရီရော ရော်ဘင်ပါ မပါဝင်နိုင်ခဲ့တဲ့အတွက် အလွန်ဆို၊ သီယာဂိုအယ်ကန်တာရာ၊ ဘားနက်တို့ ပွဲထွက်လာပါတယ်။ ပေါ်တိုဘက်မှာ မပါနိုင်ဘူးလို့ သတင်းထွက်ခဲ့တဲ့ တိုက်စစ်မှူးမာတီနက်ဇ် ပါလာခဲ့သလို ပထအကျော့ခြေစွမ်းပြခဲ့တဲ့ ကွာရက်ဇ်မာလည်း ပါလာခဲ့ပါတယ်။ ပွဲစပြီး ၁၄ မိနစ်မှာတင်ဘားနက်ဖြတ်တင် ပေးလိုက်တဲ့ဘောလုံးကို သီယာဂိုက အဆုံးသတ်ပေးနိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ် အဖွင့်ဂိုး စရသွားပါတယ်။ ဒီအဖွင့်ဂိုးဟာ ဘိုင်ယန်မြူးနစ်ရဲ့ နောက်ထပ်ရခဲ့တဲ့ လေးဂိုးအတွက် အရေးပါတဲ့ ဂိုးလည်း ဖြစ်ခဲ့ပါတယ်။
၂၂ မိနစ်မှာ ဘိုင်ယန်မြူးနစ် ဒုတိဂိုး ရသွားခဲ့ပါတယ်။ ရရှိလာတဲ့ ထောင့်ကန်ဘောကတဆင့် ဖိလစ်လမ်း ကန်တင်လိုက်တဲ့ဘောလုံးကို ဘတ်စ်တူဘာက နောက်ပြန်ခေါင်းတိုက်ချပေးပြီး ဘိုတန်းက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ငါးမိနစ်အကြာ ၂၇ မိနစ်မှာ ဘိုင်ယန်မြူးနစ်အတွက် တတိယဂိုးထပ်ရပါတယ်။ ဖိလစ်လမ်းခြေစွမ်းပြမှုကတဆင့် မူလာက ရလာတဲ့ဘောလုံးကို လီဝမ်ဒေါစကီးအတွက် ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ လီဝမ်ဒေါစကီးကလည်း အမှားအယွင်းမရှိအောင် သွင်းယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်ဟာ မိနစ်သုံးဆယ်မပြည့်ခင်မှာ သုံးဂိုးသွင်းနိုင်ခဲ့ပြီး ပေါ်တိုကို နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးနဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဘက်ကို ထိရောက်တဲ့ထိုးဖောက်မှု တစ်ကြိမ်မှ မပြုလုပ်ရသေးခင်မှာ သုံးဂိုးပေးလိုက်ရတဲ့ အတွက်ပေါ်တိုအသင်းဟာ အံသြမှုနဲ့အတူ ကစားပုံပါ ပျက်သွားခဲ့ပါတယ်။ ဘိုင်ယန်ဘက်က အခွင့်အရေး ဆက်ယူနိုင်ခဲ့ပြီး ၃၆ မိနစ်မှာ စတုတ္ထဂိုးထပ်ရခဲ့ပြန်ပါတယ်။ ကိုက်သုံးဆယ်အကွာလောက်က ကန်လိုက်တဲ့ သောမတ်စ်မူလာရဲ့ ကန်ချက်ဟာ နောက်ခံလူတွေကို ထိမှန်ပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဘက်မှာ ကံကြမ္မာကပါ အလေးသာခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ နောက်ထပ်လေးမိနစ်အကြာမှာ လီဝမ်ဒေါစကီးက သူ့အတွက်နှစ်ဂိုးမြောက်၊ အသင်းအတွက် ငါးဂိုမြောက်ဂိုးကို သွင်းနိုင်ခဲ့ပြန်ပါတယ်။
ခြေစွမ်းမပြနိုင်တဲ့ ကွာရက်ဇ်မာအစား နေဗက်စ်ကို ပေါ်တိုထည့်သွင်းခဲ့ပေမယ့် သိပ်တော့ အရာမရောက်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်ဘက်က ပွဲကိုထိန်းလိုက်တဲ့အတွက် ပထမပိုင်းကလောက် တိုက်စစ်သွက်သွက်လက်လက် မမြင်ရတော့ပါဘူး။ ၇၃ မိနစ်မှာ ဘိုင်ယန်နောက်တန်း အနည်းငယ်ပေါ့ဆမှုကတဆင့် ပေါ်တိုတစ်ဂိုးပြန်ရသွားခဲ့ပြီး မာတီနက်ဇ်က အနီးကပ်ခေါင်းတိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၈၈ မိနစ်မှာ ဘိုင်ယန်မြူးနစ်က ရလာတဲ့ ပြစ်ဒဏ်ဘောကို အလွန်ဆိုက ဂိုးအဖြစ် ပြောင်းလဲခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ၇-၄ ဂိုးနဲ့ ဘိုင်ယန်မြူးနစ် ထိုက်ထိုက်တန်တန် အကြိုဗိုလ်လ်ုပွဲ တက်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ ဒီနှစ်ချန်ပီယံလိဂ် အသင်းတွေထဲမှာ ဂိုးသွင်းအများဆုံး အသင်းလည်း ဖြစ်လာပါတယ်။

Soccer Myanmar

0 comments:

Post a Comment