Pages

Subscribe:

Wednesday, April 29, 2015

ဒေါ့တ်မွန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ရှက်စရာ မဟုတ်ဟု ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ ပြော



ဒေါ့တ်မွန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ရှက်စရာ မဟုတ်ဟု ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ ပြော
Written by  အောင်ငြိမ်းသွေး

(မြူးနစ်)။ ။ ဂျာမန်ပိုကယ်လ် ဖလားပြိုင်ပွဲတွင် ဒေါ့တ်မွန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ဂွါဒီယိုလာက ထိုအရှုံးမှာ ရှက်စရာမဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် လီဝန်ဒေါစကီး၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒေါ့တ်မွန်အတွက် တိုက်စစ်မှူး အူဘာမီယန်းက ချေပဂိုးသွင်းယူပေးခဲ့ပြီး အချိန်ပိုဆက်လက် ကစားခဲ့ရသည်။

အချိန်ပိုတွင် သရေကျနေသည့်အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ဘိုင်ယ်အသင်းမှ ပင်နယ်တီ လေးလုံးစလုံး လွဲချော်ခဲ့သည်။ ဒေါ့တ်မွန်မှ ဂန်ဒိုဂန်နှင့် ဆီဗင်စတီယန်ခါးလ်တို့မှာ ဝင်အောင်ကန်သွင်းနိုင်ခဲ့ကြသည့်အတွက် ဒေါ့တ်မွန်အသင်းက ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

'ကျွန်တော့်ရဲ့အသင်းအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ ကစားသမားတွေအတွက် ဘယ်တော့မှ အလွန်အကျွံဂုဏ်မယူခဲ့ဖူးပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ကစားတာ အလွန်ကောင်းပါတယ်။ ဘိုင်ယန်ကို စရောက်ကတည်းက ဒေါ့တ်မွန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဒီပွဲက အကောင်းဆုံးပါပဲ။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ရတာ ရှက်စရာမဟုတ်ပါဘူး။ ဘောလုံးပွဲတစ်ပွဲကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာပါ။ ဆိုးရွားတဲ့ အပြုအမူတွေကို လုပ်ခဲ့မှသာ ရှက်စရာပါ။ ဒီရှုံးနိမ့်မှုက ဘာစီလိုနာနဲ့ ပွဲအတွက် ဘယ်လို အဓိပ္ပါယ်မျိုးမှ သက်ရောက်မှု မရှိပါဘူး။ ဒါက ကစားပွဲအသစ်တစ်ခုဖြစ်သလို ပြိုင်ပွဲအသစ်ပါ' ဟု ဂွါဒီိယိုလာက ပြောသည်။

ထိုပွဲစဉ်တွင် ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဘိုင်ယန်တောင်ပံကစားသမား ရော်ဘင်သည် ပွဲချိန် ၆၈ မိနစ်တွင် ၀င်ရောက်ကစားခဲ့သော်လည်း ဒဏ်ရာပြန်လည် ရရှိသွားပြီး ဂေါ့ဇီနှင့် လူစားလဲခဲ့ရသည်။ တိုက်စစ်မှူး လီဝန်ဒေါစကီးလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာစီလိုနာနှင့်ပွဲတွင် ပါဝင်နိုင်၊ မပါဝင်နိုင်သည်ကို မသိရှိသေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

Mizzima

0 comments:

Post a Comment