Pages

Subscribe:

Thursday, April 23, 2015

ဇင်းနစ် - ဆီဗီလာ (နံနက် ၁း ၃၅)



ဇင်းနစ် - ဆီဗီလာ (နံနက် ၁း ၃၅)

(ဇင်းနစ်)။ ။ ကွင်းလယ်ကစားသမား ဖေဇူလင် ဒဏ်ရာရနေပြီး အဓိကနောက်ခံလူ ဂါရေးနဲ့ ကွင်းလယ်ကစားသမား ယာဇန်ဆက်တို့လည်း ပွဲပယ်ခံထားရ တာကြောင့် ကွင်းလယ်ပိုင်းအားနည်းချက်တွေ ရှိနေနိုင်ပါတယ်။

ဒါပေမဲ့ စပိန်မှာကစားခဲ့တဲ့ ပထမအကျော့တုန်းက ပွဲပယ်ခံခဲ့ရတဲ့ အားထားရတဲ့တိုက်စစ်မှူး ဟော့ခ်၊ အဓိကနောက်ခံလူ ခရစ်ဆီတို၊ ဝါရင့် ကွင်းလယ်ကစားသမား ဒန်နီတို့ပြန်လည် ပါဝင်ကစားနိုင်မှာကတော့ အားတက်စရာပဲ ဖြစ်ပါတယ်။

ဇင်းနစ်အသင်းဟာ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲလုံးဝမရှိခဲ့ဘဲ နောက်ဆုံးကစားခဲ့တဲ့ ရူဘင်ကာဇန်နဲ့တစ်ပွဲသာ သရေကျကာ ကျန် ၇ ပွဲလုံး အနိုင်ကစားထားတဲ့ အသင်းဖြစ်ပါတယ်။

ဆီဗီလာ

ဒဏ်ရာရ၊ ပွဲပယ် ကစားသမားကင်းစင်နေပြီး အဓိကနောက်ခံလူ ကာရီကိုတစ်ဦးတည်းသာ ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရောက်နေပါတယ်။

ဆီဗီလာအသင်းဟာ ယူရိုပါလိဂ်နောက်ဆုံး ၆ ပွဲဆက်အနိုင်ရထားပါတယ်။

ယူရိုပါလိဂ်နောက်ဆုံး ၄ ပွဲမှာ အနိမ့်ဆုံးတစ်ပွဲနှစ်ဂိုးနှုန်းလောက် သွင်းနိုင်ခဲ့တာကြောင့် ဂိုးပေါ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

သုံးသပ်ချက်

ပြီးခဲ့တဲ့ ပထမအကျော့မှာတုန်းက ဇင်းနစ်အသင်းဟာ စပိန်မြေမှာ အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဦးဆောင်ဂိုးကို အရင်သွင်းနိုင်ခဲ့ ပါတယ်။ လူမစုံတာတောင် အကောင်းဆုံးခုခံကစားနိုင်ခဲ့ပြီး နောက်ကျဂိုးတွေကို ခွင့်ပြုလိုက်ရတာကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။

ဒီပွဲမှာတော့ ပွဲ ပယ်ခံခဲ့ရတဲ့ အဓိက ကစားသမားတချို့ ပြန်ပါလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက ကစားသမားတစ်ချို့လည်း ပွဲပယ်ခံရပြန်တာကြောင့် အသင်းရဲ့ အနေအထားက အပြည့်စုံဆုံး အခြေအနေမှာ ရှိမနေပါဘူး။

စပိန်ကလပ် ဆီဗီလာအသင်းကတော့ လက်ရှိချန်ပီယံလည်း ဖြစ်သလို အင်အားလည်းတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီနှစ်မှာ ယူရိုပါလိဂ် စုစုပေါင်း ၁၁ ပွဲကစားခဲ့ရာမှာ ဖီယင်နုတစ်သင်းတည်းကိုသာ ရှုံးနိမ့်ပြီး နှစ်ပွဲသရေကျကာ ကျန်ပွဲတွေ အားလုံးအနိုင်ရခဲ့ပါတယ်။

ဖီယင်နုကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း သရေပွဲတောင်မရှိတော့ဘဲ ၆ ပွဲဆက်အနိုင်ရခဲ့ပါတယ်။ ဒီပွဲအတွက် အာရှပေါက်ဈေးက သရေဆိုရင် အိမ်ရှင်ဇင်းနစ်အသင်း ၂၅ နစ်နာမှာ ဖြစ်ပါတယ်။

ဖွင့်ထားတဲ့ကြေးက သိပ်နုလွန်းနေပါတယ်။ ဇင်းနစ်တို့ဟာ အဝေးဂိုးရထားလို့ အိမ်ကွင်းမှာ ၁-၀ လောက်နဲ့နိုင်ရင်တောင် ဆီမီးတက်မှာဖြစ်ပါ တယ်။ ဆီမီးတက်ဖို့ တစ်ဂိုးပဲလိုတဲ့ အနေအထားမှာ အိမ်ကွင်းမှာ တိုက်စစ်အလွန်အကျွံကစားဖို့ မဖြစ်နိုင်လောက်ဘဲ ထိန်းကစားရင်း ဒုတိယ ပိုင်းလောက်မှ ဂိုးရဖို့ ကြိုးစားတာမျိုး၊ ဒါမှမဟုတ် ပထမပိုင်းမှာ တစ်ဂိုးလောက်သွင်းနိုင်အောင်ကြိုးစားပြီး ပိတ်ကစားတာမျိုး လုပ်လာနိုင်ပါ တယ်။

ဆီဗီလာကတော့ သရေကစားနိုင်ရင် နောက်တစ်ဆင့်တက်မှာဖြစ်လို့ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုယူ ထိန်းကစားတာမျိုး၊ ကောင်တာ စောင့်ကစားတာမျိုး လုပ်လာမှာပါ။ ရုရှကလပ်တွေ အိမ်ကွင်းကောင်းတာမှန်ပေမယ့် ဆီဗီလာကလည်း ယူရိုပါလိဂ် အတွေ့အကြုံရင့်နေတဲ့ အသင်းဖြစ်ပါတယ်။ ယူရိုပါလိဂ်ကို အာရုံထားနေလို့ ပြီးခဲ့တဲ့ လာလီဂါပွဲမှာတောင် ဂရန်နာဒါနဲ့ သရေကျခဲ့ရတယ်။ ဆီဗီလာတို့ မရှုံးအောင် ကစားနိုင်စွမ်းရှိနေလို့ ဆီဗီလာကိုပဲ ရွေးပေးလိုက်ပါတယ်။

Mizzima



0 comments:

Post a Comment