Pages

Subscribe:

Wednesday, April 29, 2015

ဒီဘရွန်းကို ပီအက်စ်ဂျီ စိတ်ဝင်စားနေကြောင်း ၎င်း၏အေးဂျင့် ပြောကြား



ဒီဘရွန်းကို ပီအက်စ်ဂျီ စိတ်ဝင်စားနေကြောင်း ၎င်း၏အေးဂျင့် ပြောကြား

ဝုဖ်ဘတ် ကွင်းလယ် ကစားသမား ကီဗင်ဒီဘရွန်းကို ပီအက်စ်ဂျီက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း၊ ၎င်းအတွက် ယူရို သန်း ၅၀ မှ ၆၀ အတွင်း ပေးချေရမည် ဖြစ်ကြောင်း ကစားသမား၏ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

အသက် ၂၃ နှစ် အရွယ် ဒီဘရွန်းသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ချယ်ဆီးမှ ဝုဖ်ဘတ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ အသင်း၏ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် ယခုနှစ် ဘောလုံးရာသီတွင် ၂၇ ဂိုး သွင်းယူထားသည်။ ဒီဘရွန်းကို လက်ရှိတွင် မန်ချက်စတာစီးတီးနှင့် ဘိုင်ယန်မြူးနစ် အပြင် အခြားကလပ်များစွာက ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ပီအက်စ်ဂျီက ဝုဖ်ဘတ် ကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူနိုင်ရန် ပိုမိုအလေးသာနေကြောင်း အေးဂျင့်ဖြစ်သူ ပက်ထရစ်ဒီကိုစတာက ဆိုခဲ့သည်။

“ပီအက်စ်ဂျီက ဆွဲဆောင်မှုရှိတဲ့ ကလပ်တစ်ခုပါ။ သူတို့မှာက ကြီးမားတဲ့ ရည်မှန်းချက်ရှိပါတယ်။ သူတို့ဟာ ကီဗင် နှစ်သက်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ကီဗင်ရဲ့ ဖန်တီးမှုတွေနဲ့ဆိုရင် ကာဗာနီနဲ့ အီဘရာဟီမိုဗစ်ခ်ျတို့ ဦးဆောင်တဲ့ ပီအက်စ်ဂျီ တိုက်စစ်ပိုင်းက ပိုပြီးထက်မြက်လာမှာပါ။ ဒီကနေ့ ဈေးကွက်မှာ ကီဗင်လို ကစားသမားတစ်ယောက်ရဲ့ တန်ဖိုးက ယူရို သန်း ၅၀ကနေ သန်း ၆၀ အထိ ရှိပါတယ်။ ကီဗင်အတွက် သန်း ၃၀ လောက်ပဲ ပေးဖို့ဆန္ဒရှိတဲ့ အသင်းတွေကတော့ ဆွေးနွေးမှုတွေ အမှန်တကယ် ဖြစ်လာဖို့ မရှိပါဘူး” ဟု ဒီဘရွန်း၏ အေးဂျင့်က ပြောကြားခဲ့သည်။

ဒီဘရွန်းနှင့် ဝုဖ်ဘတ်တို့၏ စာချုပ်သည် ၂၀၁၉ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment