Pages

Subscribe:

Thursday, April 23, 2015

မြန်မာ အမျိုးသမီး အသင်း ခြေစမ်းပွဲ ကစားရန် ဧပြီ (၂၄) ရက် နံနက် (၉း၄၅) နာရီတွင် ဘန်ကောက်သို့ ထွက်ခွာမည်



မြန်မာ အမျိုးသမီး အသင်း ခြေစမ်းပွဲ ကစားရန် ဧပြီ (၂၄) ရက် နံနက် (၉း၄၅) နာရီတွင် ဘန်ကောက်သို့ ထွက်ခွာမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် AFF Women’s Championship 2015 ပြိုင်ပွဲ အကြို ခြေစမ်းပွဲ အဖြစ် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းနှင့်
ယှဉ်ပြိုင်ကစားရန် ထိုင်းနိုင်ငံ၊ ဘန်ကောက် သို့ မနက်ဖြန် ဧပြီလ (၂၄) ရက်နေ့၊ နံနက် (၉း၄၅) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ
ထွက်ခွာမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးသည် ဧပြီလ (၂၆) ရက်နေ့တွင် ထိုင်းလက်ရွေးစင် အမျိုးသမီးနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဧပြီလ (၂၉) ရက်၊ ည (၆း၁၅)နာရီတွင် ဘန်ကောက်မှတဆင့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ ကျင်းပမည့်ဗီယက်နမ်နိုင်ငံ ၊ ဟိုချီမင်းမြို့သို့ ဆက်လက် ထွက်ခွာမည်
ဖြစ်သည်။
AFF Women’s Championship 2015 ပြိုင်ပွဲတွင် အုပ်စု (က) နှင့် (ခ) အုပ်စု နှစ်ခု ပါဝင်လျက်ရှိပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းမှာ အုပ်စု (ခ) ၌ မလေးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် လက်ရွေးစင် အမျိုးသမီး အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စု (က) ၌
သြစတြေးလျ ယူ-၂၀၊ အင်ဒိုနီးရှား၊ လာအိုနှင့် ထိုင်း လက်ရွေးစင် အမျိုးသမီး အသင်းများ ပါဝင်နေသည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် AFF Women’s Championship အုပ်စု အဖွင့်ပွဲစဉ် အဖြစ် ၂၀၁၅ ခုနှစ်၊ မေလ (၂) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီတွင် ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြိုတော်၊ သင်းနက် အားကစားကွင်း၌ အိမ်ရှင် ဗီယက်နမ် လက်ရွေးစင် အမျိုးသမီး အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment