Pages

Subscribe:

Wednesday, April 22, 2015

ယူနိုက်တက်နှင့် ဖယ်လ်ကာအို ဆက်၍ လက်တွဲဖြစ်ဖွယ် ရှိနေဆဲဟု မိုနာကို ဒုဥက္ကဋ္ဌဆို



ယူနိုက်တက်နှင့် ဖယ်လ်ကာအို ဆက်၍ လက်တွဲဖြစ်ဖွယ် ရှိနေဆဲဟု မိုနာကို ဒုဥက္ကဋ္ဌဆို

ရာဒါမယ် ဖယ်လ်ကာအိုကို မန်ချက်စတာ ယူနိုက်တက်က အပြီးသတ် စာချုပ် ဝယ်ယူနိုင်သည့် အလားအလာ ရှိနေဆဲဖြစ်ကြောင်း မိုနာကိုအသင်း ဒုတိယ ဥက္ကဋ္ဌ ဗာဒင်းမ် ဗာဆီလက်ဗ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူးသည် ပြင်သစ်ကလပ် မိုနာကိုမှ ယူနိုက်တက်သို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ရောက်ရှိနေသူ ဖြစ်သည်။ ၎င်းသည် အိုးလ်ထရက်ဖို့ဒ်တွင် ပုံမှန်ခြေစွမ်း မပြသနိုင်ဘဲ ရုန်းကန်နေရသည့်နောက် ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖြစ်မည်ဟု သတင်းကြီးနေသည်။ သို့သော်လည်း ဗာဒင်းမ်ကမူ ယူနိုက်တက်တွင် ဖယ်လ်ကာအို၏ အနာဂတ် ဆုံးခန်းတိုင်သွားပြီဟု ယတိပြတ် ပြောဆို၍ မရနိုင်သေးကြောင်း ဆိုသည်။ ဖယ်လ်ကာအိုသည် အင်္ဂလန်ကလပ်အတွက် (၂၅)ပွဲတွင် (၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။

ဗာဒင်းမ်က “မန်ချက်စတာ ယူနိုက်တက် အကြီးအကဲတွေနဲ့ ကျွန်တော် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေ့ဖြစ်ခဲ့ပါတယ်။ ဖယ်လ်ကာအိုကို အပြီးသတ် စာချုပ် ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် သူတို့က ဘာမှ မဆုံးဖြတ်ရသေးပါဘူး”ဟု ပြောကြားခဲ့သည်။ ၎င်းက “ဒီရာသီဟာ ဖယ်လ်ကာအိုအတွက် အကောင်းဆုံး မဟုတ်ခဲ့တာ အမှန်ပါ။ ဒါပေမဲ့ သူတို့ဘက်က ကစားသမားနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ကို ရာသီကုန်ထိ ရွှေ့ဆိုင်းထားချင်တယ်။ ဒါကြောင့် ထိပ်တန်း အသင်းကြီးတွေက ဖယ်လ်ကာအိုကို စိတ်ဝင်စားနေတဲ့တိုင် လောလောဆယ်မှာတော့ သူနဲ့ ပတ်သက်ပြီး ဘာဆွေးနွေးမှုမှ ကျွန်တော်တို့ မလုပ်သေးဘူး။ သူ့ကိစ္စကို ယူနိုက်တက်ကပဲ ဆုံးဖြတ်ရမှာပါ။ အဲဒီနောက်မှာတော့ ကစားသမားကို မေးမြန်းပြီး သူဘာလိုချင်တယ် ဆိုတာကိုလည်း ဆွေးနွေးရပါမယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment