Pages

Subscribe:

Sunday, April 26, 2015

ယူ-၂၀ အသင်း ဥရောပခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဟန်ဂေရီယူ-၂၀ အသင်းနှင့် ကစားမည်



ယူ-၂၀ အသင်း ဥရောပခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဟန်ဂေရီယူ-၂၀ အသင်းနှင့် ကစားမည်
Written by  ရဲရင့်ဋ္ဌေး

ရန်ကုန် (မဇ္ဈိမ)။ ။ ယူ-၂၀ ကမ္ဘာ့ဖလား အကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများသို့ သွားရောက်လေ့ကျင့် ခြေစမ်းမှုများပြုလုပ်နေသော မြန်မာယူ-၂၀ အသင်း၏ ဥရောပခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဟန်ဂေရီယူ-၂၀ အသင်းနှင့် ကစားရန် စီစဉ်ထားသည်။

မြန်မာယူ-၂၀ အသင်းမှာ ဥရောပခရီးစဉ်ကို ဆားဘီးယားနိုင်ငံမှ စတင်ခဲ့ပြီး မက်ဆီဒိုးနီးယား၊ ဂျာမနီ၊ ဆလိုဘေးနီးယားနိုင်ငံများသို့ ဆက်လက်ထွက်ခွာခဲ့ကာ ဟန်ဂေရီနိုင်ငံတွင် အဆုံးသတ်မည် ဖြစ်သည်။ မြန်မာယူ-၂၀ အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်၊ ယူကရိန်း၊ အိမ်ရှင် နယူးဇီလန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ပြိုင်ပွဲအတွေ့အကြုံရရန်အတွက် ဥရောပ ခြေစမ်းခရီးထွက်ခွာနေခြင်း ဖြစ်သည်။ မြန်မာယူ-၂၀ အသင်းအနေဖြင့် ဥရောပခြေစမ်းခရီးတွင် ကလပ်အသင်းအများစုနှင့် ကစားခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် ဆားဘီးယား ယူ-၂၀ အသင်းနှင့် နှစ်ပွဲကစားခဲ့ရာတွင် ၀-၆ ဂိုး၊ ၀-၃ ဂိုးများဖြင့် နှစ်ပွဲစလုံး ဂိုးပြတ်ရှုံးခဲ့သည်။

မြန်မာယူ-၂၀ အသင်းနှင့် ခြေစမ်းမည့် ဟန်ဂေရီယူ-၂၀ အသင်းမှာ ဥရောပဇုန်မှ ယူ-၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားသော အသင်းဖြစ်ပြီး ကမ္ဘာ့ဖလားတွင် မြောက်ကိုရီးယား၊ ဘရာဇီး၊ နိုက်ဂျီးရီးယားအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာယူ-၂၀ အသင်းနှင့် ဟန်ဂေရီယူ-၂၀ အသင်းတို့ ခြေစမ်းပွဲကို ဟန်ဂေရီနိုင်ငံတွင် ဧပြီလ ၂၈ ရက်တွင် ကစားမည်ဖြစ်သည်။

Mizzima

0 comments:

Post a Comment