Pages

Subscribe:

Wednesday, April 22, 2015

နေမာနှစ်ဂိုးသွင်းပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ ဘာစီလိုနာ



နေမာနှစ်ဂိုးသွင်းပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ ဘာစီလိုနာ

ပြင်သစ်ထိပ်တန်းအသင်း ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့က အိမ်ကွင်းကြွေးကို မဆပ်နိုင်ခဲ့တဲ့အပြင် အဝေးကွင်းရှုံးပွဲပါထပ်တင်ခဲ့ပြီး ချန်ပီယံလိဂ်က ထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။ ဘာစီလိုနာကဘက်က နေမာရဲ့ ခြေစွမ်းပြသွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘာစီလိုနာကတော့ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိနာကွင်းလယ်မှာ အင်နီယေစတာပွဲထွက်ခဲ့ပြီး မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ကို ရှေ့မှာ ထားကစားခဲ့ပါတယ်။ ပီအက်စ်ဂျီဘက်မှာ တိုက်စစ်မှူးအီဗရာဟီမိုဗစ်ခ်ျနဲ့ ဗာရက်တီတို့ ပါဝင်လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ အိမ်ကွင်းမှာ ပီအက်စ်ဂျီကို အခွင့်အရေးလုံးဝ မပေးခဲ့ပဲ သူတို့ပုံစံအတိုင်း တဖက်စီးကစားခဲ့တာကြောင့် ပီအက်စ်ဂျီဘက်က ဘာမှမတက်နိုင်ခဲ့ပါဘူး။
ပထမပိုင်း စကတည်းက အမှားများနေတဲ့ ပီအက်စ်ဂျီဘက်က နောက်ခံလူဒေးဗစ်လုဇ် သုံးမိနစ်မှာတင် အဝါကတ်ပြပြီး သတိပေးခံခဲ့ရပါတယ်။ ၁၄ မိနစ်အရောက်မှာတော့ ကွင်းလယ်က ဘောလုံးဆွဲလာတဲ့ အင်နီယေစတာက သူ့ရဲ့ပုံစံဟောင်းအတိုင်း နောက်ခံလူတွေကြားထမှာ ရှိနေတဲ့ နေမာဆီဘောလုံးကို တိကျစွာထိုးပေးလိုက်ရာကတဆင့် နေမာက အမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနောက်တန်းလျော့ရဲသလို ဘာစီလိုနာရဲ့ အကောင်းဆုံးပုံစံကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားမပါဝင်ပဲ ဒေးဗစ်လုဇ်နဲ့ မာကွင်ဟိုရဲ့ နောက်တန်းအတွဲဟာ အချိတ်အဆက် မမိပဲ ဖြစ်နေခဲ့ပါတယ်။
၃၄ မိနစ်အရောက်မှာ ဘာစီလိုနာအတွက် ဒုတိယဂိုးထပ်ရသွားပြန်ပါတယ်။ အဲဗက်စ်ရဲ့ ဖြတ်တင်ပေးမှုကတဆင့် လူကပ်ခံရခြင်းမရှိတဲ့နေမာက ခေါင်းတိုင်းအဆုံးသတ်သွားတာဖြစ်ပါတယ်။ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြစ်သွားတဲ့အတွက် ဒုတိယပိုင်းမှာ ဘာစီလိုနာလည်း ကစားသမား အနာခံပြီး မကစားတော့သလို ပီအက်စ်ဂျီရဲ့ကစားပုံဟာလည်း ထိရောက်မှု မရှိတော့ပါဘူး။ ထူးခြားမှုကတော့ ပထအကျော့မှာလည်း ဒေးဗစ်လုဇ်ရဲ့အမှားတွေကြောင့် ဆွာရက်ဇ်က နှစ်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာလည်း ဒေးဗစ်လုဇ်ရဲ့ အမှားမကင်းတဲ့ ကစားပုံကြောင့် နေမာလွယ်လွယ်ကူကူ ဂိုးတွေရသွားခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် တက်သွားပြီဖြစ်တဲ့ ဘာစီလိုနာဟာ ဒီနှစ်မှာ ဖလားသုံးလုံးရဖို့ မျှော်မှန်းနိုင်နေပြီ ဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment