Pages

Subscribe:

Saturday, April 25, 2015

မန်ချက်စတာမြို့သို့ သွားရောက်ခဲ့ကြောင်း သတင်းများကို ရိုးမား ကွင်းလယ်လူ နိုင်ဂိုလန် ငြင်းဆို



မန်ချက်စတာမြို့သို့ သွားရောက်ခဲ့ကြောင်း သတင်းများကို ရိုးမား ကွင်းလယ်လူ နိုင်ဂိုလန် ငြင်းဆို

မန်ချက်စတာမြို့သို့ သွားရောက် လည်ပတ်ခဲ့သည် ဆိုသော သတင်းများကို ရိုးမား ကွင်းလယ်လူ ရက်ဂျာ နိုင်ဂိုလန်က ငြင်းဆို သွားခဲ့သည်။
မန်ချက်စတာ ယူနိုက်တက်ရော၊ မန်ချက်စတာ စီးတီးကပါ စိတ်ဝင်စားနေသည့် ဘယ်လ်ဂျီယံ လက်ရွေးစင်ကို မန်ချက်စတာမြို့တွင် တွေ့မြင်လိုက်ရကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။ အဆိုပါ အခြေအနေကြောင့် နိုင်ဂိုလန်သည် အပြောင်းအရွှေ့အတွက် မန်ချက်စတာ ကလပ်အသင်း တစ်ခုခုနှင့် သွားရောက်ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများလည်း ပျံ့နှံ့လာသည်။ သို့သော်လည်း ထိုအချိန်က မိမိသည် ရောမမြို့တွင်သာ လေ့ကျင့်ခန်း ဆင်းနေကြောင်း နိုင်ဂိုလန်က တုံ့ပြန် ဖြေရှင်းခဲ့သည်။
၎င်းက “တစ်နေရာမှ လေ့ကျင့်ခန်း ဆင်းနေရင် တခြားတစ်နေရာ ရောက်နေဖို့ ဆိုတာက တော်တော်ကို ခက်လိမ့်မယ်”ဟု Twitterတွင် ရေးသားခဲ့သည်။ အသက်(၂၆)နှစ်ရှိ ကစားသမားသည် ယခုရာသီ ရိုးမားအသင်းတွင် အထူးခြေစွမ်းပြနေပြီး စီးရီးအေ (၂၈)ပွဲ ကစားကာ (၃)ဂိုး သွင်းယူထားသည်။ နိုင်ဂိုလန်သည် ကက်ဂလီယာရီနှင့် ရိုးမားတို့ တွဲဖက်ပိုင်ဆိုင်သော ကစားသမားဖြစ်ပြီး ရိုးမားတွင် (၂၀၁၈)၊ နွေရာသီထိ စာချုပ်သက်တမ်း ရှိနေဆဲ ဖြစ်သည်။ ရိုးမားသည် စီးရီးအေ အမှတ်ပေးဇယား အဆင့်(၃)တွင် ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် ဆက်လက် ရှင်သန်နေဆဲ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment