Pages

Subscribe:

Sunday, April 26, 2015

ရိုနယ်လ်ဒို က မက်ဆီ ထက် ပိုကောင်းပါတယ် (ဖာဂူဆန်)



ရိုနယ်လ်ဒို က မက်ဆီ ထက် ပိုကောင်းပါတယ် (ဖာဂူဆန်)

ရီးရဲမက်ဒရစ် စတား ရိုနယ်နယ်လ် ဒို နှင့် ဘာကာ စတား မက်ဆီ တို့ ဘယ်သူက ပိုကောင်းတယ် ဆိုတဲ့ ပြောဆိုမှုတွေထဲမှာ ဆာအဲလက်စ်ဖာဂူဆန် ကတော့ ရီးရဲမက်ဒရစ်စတား ရိုနယ်လ်ဒို က ပိုမိုကောင်းမွန်ကြောင်းယုံကြည်နေပါတယ်။

ဖာဂူဆန် နှင့် ရိုယ်လ်ဒို တို့သည် မန်ယူတွင် အတူလက်တွဲခဲ့ကြပါတယ်။ ဒါကြောင့် ရိုနယ်လ်ဒို ရဲ့ ကစားပုံကို ကောင်းကောင်းသိပါတယ်။

ကျွန်တော်ဟာ မက်ဆီ ရဲ့ ပရိတ်သတ်တစ်ယောက်ပါ၊ ဒါပေမဲ့ ရိုနယ်လ်ဒို က ပိုပြီး ထူးချွန်တဲ့ကစားသမား လို့ထင်ပါတယ် လို့ စကော့ သားကြီး က ဘီဘီစီ သို့ပြောကြားခဲ့ပါတယ်။

"""ကမ္ဘာပေါ်က လူအတော်များများ ကတော့ ဘယ်သူကအကောင်းဆုံးလဲဆိုတာ အမျိုးမျိုးပြောဆိုနေကြတာပါပဲ၊ များသောအားဖြင့်တော့ မက်ဆီ လို့ ပြောကြတာပါပဲ၊ ဒါပေမဲ့ သူတို့ရဲ့ထင်မြင်ချက် ကိုတော့ အငြင်းပွားလို့မရပါဘူး၊ ဒါပေမဲ့ ရိုနယ်လ်ဒို က မီဝေါ၊ ကျူပီအာ ဘယ်အသင်းနဲ့ ဖြစ်ဖြစ်အကောင်းဆုံးကစားနိုင်ပြီး သူဟာ ဘယ်အသင်း မှာပဲ ကစားကစား Hat-trick သုံးဂိုး သွင်းယူနိုင်ပါတယ်၊ ဒါပေမဲ့ မက်ဆီ အဲဒီလို လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး၊ ရိုနယ်လ်ဒို က ခြေထောက် နှစ်ဘက်စလုံး နဲ့ ကစားတတ်တယ်၊ လျှင်မြန်တယ်၊ လေထဲမှာ (ဘောလုံးကို ခေါင်းဖြင့် ခုန်တိုက်ကစားတာကိုဆိုလိုသည်) လဲ အကောင်းဆုံးပါ၊ သူက ရဲရင့်တယ်၊၊ ဟုတ်ပါတယ် မက်ဆီ လဲ ရဲရင့်သူတစ်ယောက်ပါပဲ၊ မက်ဆီ က ဘာစီလိုနာ ကစားသမား တစ်ယောက်ပါ၊ ကျွန်တော် ဘာပြောတယ် ဆိုတာ ခင်ဗျား သိပါတယ်""" လို့ ဖာဂူဆန် က ဘီဘီစီ သို့ပြောကြားခဲ့ပါတယ်။

#KS

Football Cafe

0 comments:

Post a Comment