Pages

Subscribe:

Sunday, April 26, 2015

ကမ္ဘာ့ဖလား ရသကဲ့သို့အောင်ပွဲ ခံသည်ဟု ဟာနန်ဒက်ဇ်ကို အွန်နရီဝေဖန်




ကမ္ဘာ့ဖလား ရသကဲ့သို့အောင်ပွဲ ခံသည်ဟု ဟာနန်ဒက်ဇ်ကို အွန်နရီဝေဖန်
Written by  ဝေဘုန်းလူ

လန်ဒန်၊ ဧပြီ ၂၃။      ။ အက်သလက်တီကိုနှင့် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မြို့ခံပြိုင်ဘက် အက်သလက် တီကိုဘက် သို့နောက်ကျ အနိုင်ဂိုး သွင်းပြီးပြု လုပ်ခဲ့သည့် ဟာနန်ဒက်ဇ် ၏အောင်ပွဲခံပုံမှာ ကမ္ဘာ့ဖလားရသ ကဲ့သို့ဖြစ်နေသည်ဟု အာဆင်နယ် ကစားသမားဟောင်း အွန်နရီကဝေဖန် လိုက်သည်။

ပွဲပြီးရန် နှစ်မိနစ်သာ လိုတော့ ချိန်တွင် ဟာနန်ဒက်ဇ်သည် စီရော်နယ်ဒို၏ ကြိုးစား အားထုတ် ဖန်တီးပေးမှု မှတစ်ဆင့် တစ်လုံး တည်းသော အနိုင် ဂိုးကို သွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးကြောင့် ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆီမီးအဆင့်သို့ တက်ရောက်နိုင် ခဲ့သည်။

ဂိုးသွင်းပြီးနောက် ဟာနန်ဒက်ဇ်သည် အလံတိုင်ထောင့် သို့ပြေးသွား ကာအောင်ပွဲခံ ခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်းနှင့် စကိုင်းစပို့စ် ရုပ်သံတင် ဆက်သူ အွန်နရီကမူ စီရော်နယ်ဒိုထံပြေးကာ ဂုဏ်ပြုအောင် ပွဲခံသင့်သည် ဟုဝေဖန် လိုက်ခြင်းဖြစ်သည်။

အွန်နရီက "မျှမျှတတပြောရရင် သူတကယ်မကစားခဲ့ရဘူး။ ဒီညမှသူကစား ဖို့အခွင့်ရေး ရခဲ့ပေမယ့် သူဘယ်တော့ပြန် ကစားခွင့် ရဦးမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ပွဲချိန်အတွင်းမှာ သူနှစ်ကြိမ်လောက် အခွင့်ရေးရခဲ့တယ်။ ဘယ်ခြေ၊ ညာခြေနဲ့ တစ်ကြိမ်စီ အခွင့်ရေးရခဲ့တာပါ။ ဒါပေ မဲ့ ကျွန်တော်ခင်ဗျား ကိုပြောနိုင် တာကတော့ ဒီညမှာ စီရော်နယ်ဒိုကို သူကျေးဇူးတင်သင့်တယ်။ သူတစ်ယောက်တည်းအောင်ပွဲခံလိုက်တာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုကို သူကျေးဇူးတင်သင့်တယ်။ ကျွန်တော့်အမြင်ကို ပြောတာပါ။ ပွဲကိုဆုံးဖြတ်ပေးသွားတာက စီရော်နယ်ဒိုပဲ ဖြစ်ပါတယ်"ဟု စကိုင်းစပို့စ် သို့ပြော ကြားခဲ့သည်။

သို့သော်လည်း အွန်နရီ၏ ရုပ်သံသုံးသပ်ဖော် လီဗာပူးလ်နောက်ခံလူဟောင်းကာရေဂါက ဂိုးသွင်းသူစီရော်နယ်ဒိုဖြစ်လျှင်လည်း ယင်းသို့အောင်ပွဲခံ လိမ့်မည်ဟု ချက်ချင်းထောက်ပြ ပြောဆိုခဲ့သည်။ အက်သလက်တီကိုအသင်းဘက်သို့ ဂိုးသွင်းသည့် ဟာနန်ဒက်ဇ်အောင်ပွဲခံ ရာနေရာသို့ ရီးယဲလ်မက်ဒရစ် အသင်းဖော် များရောက် လာပြီး ဂုဏ်ပြုခဲ့သော်လည်း ဂိုးဖန်တီးပေးသည့် စီရော်နယ်ဒိုမှာ ပရိသတ်နှင့်သာ အောင်ပွဲ ခံခဲ့သည်။ သို့သော် ပွဲအပြီးတွင်မူ စီရော်နယ်ဒိုနှင့် ဟာ နန်ဒက်ဇ်တို့ အတူတကွဂုဏ်ပြုအောင်ပွဲခံခဲ့ကြသည်။

Ref; Daily Mail

Mizzima

0 comments:

Post a Comment