Pages

Subscribe:

Thursday, April 23, 2015

ပါးမားအသင်း ကိုပေါင် ၁၄ သန်းဖြင့်ရောင်းချရန် အီတလီ တရားသူကြီး အမိန့်ချ



ပါးမားအသင်း ကိုပေါင် ၁၄ သန်းဖြင့်ရောင်းချရန် အီတလီ တရားသူကြီး အမိန့်ချ
Written by  ဝေဘုန်းလူ

ပါးမား၊ ဧပြီ ၂၂။        ။ ဒေဝါလီခံ ထားရသော ပါးမားအသင်းသည် မေ ၆ ရက်တွင် အနည်းဆုံး ယူရိုသန်း ၂၀ (ပေါင် ၁၄ ဒသမ ၄) သန်းဖြင့် အရောင်း စာရင်း တင်ရမည်ဟု အီတလီ တရားသူကြီး တစ်ဦးက အမိန့်ချ မှတ်လိုက်သည်။

နောက်ဆုံးသတ်မှတ်ရက်အတွင်း ကမ်းလှမ်းမည့် သူမရှိပါက အဆင့်လေးဆင့်ဖြင့် လေလံတင်ရောင်းချရမည်ဖြစ်ပြီး တစ်ဆင့်လျှင် တန်ဖိုး ၂၅ ရာခိုင်နှုန်းလျှော့ ချသွားရ မည်ဖြစ်သည်ဟု ပါးမားအသင်း ပိုင်ဝက်ဘ်ဆိုက် တွင်ဖော်ပြ ထားသည်။

ပါးမားအသင်းမှာ ၎င်းတို့ပိုင်အိမ်ကွင်း တာဒီနီတွင်ပွဲကစားရန် လုံခြုံရေး သို့မဟုတ် ရဲတပ်ဖွဲ့ကို ငှားရမ်းနိုင်ခြင်းမရှိသောကြောင့် ပွဲစဉ်များ ရွှေ့ ဆိုင်းခဲ့ရချိန်တွင် ကစားသမားများမှာလည်း တစ်ရာသီလုံး လစာမရသဖြင့် ကိုယ်ပိုင်ငွေများဖြင့် အဝတ်လျှော်ခပေးရခြင်း၊ အသင်းပိုင်ကား ကိုမောင်းနှင် ရခြင်းများပြု လုပ်ခဲ့ရ သည်။

ယမန်နှစ်ရာသီက စီးရီးအေတွင် အဆင့် ၆ ရခဲ့ကာ ပြီးခဲ့သည့်လကဒေဝါလီခံခဲ့ရသော ပါးမားအသင်းအတွက်ဆုံးဖြတ်ချက်ချရန် တရားရုံး တွင် ၁၀ မိနစ် အချိန် ယူခဲ့ရသည်။ ပါးမားအသင်းမှာ လက်ရှိရာသီတွင် အသင်းပိုင်ရှင်နှစ်ကြိမ်ပြောင်းလဲခဲ့ပြီးလည်း ဖြစ်သည်။

Ref;  theguardian

Mizzima


0 comments:

Post a Comment