Pages

Subscribe:

Wednesday, April 29, 2015

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် ရန်ကုန်နှင့် ရင်ဆိုင်ရန် အသင့် ရှိဟု GFA နည်းပြ ဆို



ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် ရန်ကုန်နှင့် ရင်ဆိုင်ရန် အသင့် ရှိဟု GFA နည်းပြ ဆို
Written by  ရွှေဘုတ်

ဧပြီ ၂၉၊ ရန်ကုန်။        ။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းပြိုင်ပွဲ ပထမအဆင့်ပွဲစဉ် တွင်မြ၀တီအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင် ကစားကာ အချိန်ပိုမှ အနိုင် ရခဲ့သော GFA အသင်းသည် ဒုတိယအဆင့်၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယှဉ်ကစားရန် အသင့်ဖြစ်နေပြီ ဟု နည်းပြချုပ် ဦးကေဘီ ကပြောသည်။

GFA အသင်းသည်  ၂၀၁၄ ဘောလုံး ရာသီ တွင်မြန်မာနေ ရှင်နယ်လိဂ်-၁ ၌ ရန်ကုန် အသင်းကို ဂိုးမရှိသရေ ကစားနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအိမ် ကွင်း ၂၇ ပွဲဆက်နိုင်ပွဲ ဆက်စံချိန်ကို ချိုးဖျက်ခဲ့ဖူးသည်။

ရန်ကုန်အသင်းနှင့် ဒုတိယအဆင့်တွင်တွေ့ဆုံမည့်အပေါ် နည်းပြချုပ်ဦးကေဘီက “ ကျွန်တော်တို့ ဒုတိယအဆင့်မှာ ရန်ကုန် နဲ့တွေ့မယ် ဆိုတာ မဲခွဲပြီးကတည်း ကသိပြီး သားပါ။ တကယ့် ကိုတွေ့ချင် ပါတယ်။ အဆင့် သင့်လည်းဖြစ်နေ ပါပြီ။ သူတို့လည်း ၁၁ ယောက် ကျွန်တော်တို့လည်း ၁၁ယောက်ဆိုတော့ အကောင်း ဆုံးကြိုးစား သွားမှာပါ။ ပြီးခဲ့တဲ့ ရန်ကုန် အိမ်ကွင်း ၂၇ ပွဲဆက် စံချိန်ချိုး ဖျက်ခဲ့ဖူးတဲ့ အစဉ်အလာလည်းရှိတော့ သူတို့နဲ့ကစားရမှာ မကြောက်ပါဘူး။ လိဂ်-၂ မှာ လည်းနောက်နှစ် တန်းတက်ခွင့် ရအောင်လို့ အကောင်းဆုံး ကြိုးစားနေပါတယ် ” ဟု သူ့အမြင် ကိုပြောသည်။

GFA အသင်းသည် ၂၀၁၄ဘောလုံးရာသီတွင် လိဂ်-၂ သို့တန်းဆင်းခဲ့ရသော်လည်း ၂၀၁၅မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် ၉ ပွဲကစားပြီးချိန်တွင် ငါးပွဲနိုင်နှစ် ပွဲ သရေ နှစ်ပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင် ထားနိုင်ကာ အမှတ်ပေးဇယား အဆင့် သုံးနေရာတွင် ရပ်တည် လျက်ရှိသည်။

Mizzima

0 comments:

Post a Comment