Pages

Subscribe:

Thursday, April 30, 2015

ပရီးမီးယားလိဂ် ထိပ်ဆုံး လေးနေရာ ဝင်ရေး မျှော်လင့်ချက်ကို လက်လျှော့ လိုက်ပြီဟု ရော့ဂျာဝန်ခံ



ပရီးမီးယားလိဂ် ထိပ်ဆုံး လေးနေရာ ဝင်ရေး မျှော်လင့်ချက်ကို လက်လျှော့ လိုက်ပြီဟု ရော့ဂျာဝန်ခံ

ယခုရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်း နေရာတွင် ပါဝင်ပြီး ရာသီသိမ်းရေး မျှော်လင့်ချက်သည် လက်တွေ့ မဖြစ်နိုင်တော့ကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ဝန်ခံ ပြောကြားခဲ့သည်။
ဟူးလ်စီးတီးကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် လီဗာပူးလ်သည် အမှတ်ပေး ဇယား အဆင့်(၄) နေရာမှ ယူနိုက်တက်နောက် (၇)မှတ် ပြတ်ကျန်နေဆဲ ဖြစ်သည်။ လီဗာပူးလ်သည် ပြီးခဲ့သည့် ရာသီက အမှတ်ပေး ဇယား အဆင့်(၂)ထိ ချိတ်ခဲ့သော်လည်း ယခုရာသီတွင်မူ တိုက်စစ်ပိုင်း အားနည်းချက်က အသင်း၏ အနေအထားကို အသိသာဆုံး ပြောင်းလဲစေခဲ့သည်။ လီဗာပူးလ်သည် ယခုနှစ် ပရီးမီးယားလိဂ်တွင် (၄၇)ဂိုး သွင်းယူထားရာ ယမန်နှစ်က လက်ရှိကာလမျိုးထက် (၄၆)ဂိုး လျော့နည်းနေသည်။ ဟူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ရော့ဂျာက လီဗာပူးလ် အနေဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့်(၄)နေရာကို မျှော်လင့်ရန် မဖြစ်နိုင်တော့ဟု ဖွင့်ဟခဲ့သည်။
ရော့ဂျာက လီဗာပူးလ်တွင် အရည်အသွေးမြင့် ကစားသမား ပြတ်လပ်မှုများ ရှိနေကြောင်း ဆိုသည်။ “ပရိသတ်တွေရော၊ ကစားသမားတွေ အတွက်ပါ အသင်းမှာ တကယ့် ထိပ်တန်းအဆင့် ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက် ပိုင်ဆိုင်ထားခြင်းက ကြီးမားတဲ့ ကောင်းကျိုးမျိုး ဖြစ်စေပါတယ်။ ကလပ်အသင်း အနေနဲ့လည်း ဒီအတွက် အရမ်းကို ကြိုးစားနေပြီး အသင်းပိုင်ရှင်တွေကလည်း ထောက်ပံ့ အားပေးပါတယ်။ ဈေးကွက်ထဲမှာ သင့်တော်တဲ့ ကစားသမားတွေ ဝယ်ယူဖို့ အဆင်ပြေလာရင် အသင်းဟာ အစွမ်းရှိသမျှ ကြိုးစားသွားမှာပါ”ဟု ရော့ဂျာက ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော်တို့ အနေနဲ့တော့ လာမယ့်ရာသီ စိန်ခေါ်မှုတွေကိုပဲ မျှော်လင့်ရတော့မယ်။ ရေဆန်လေဆန်ကို ဖြတ်သန်းနိုင်တဲ့ မာကျောကြံ့ခိုင်တဲ့ အသင်းမျိုးကို တည်ဆောက်ရပါမယ်။ လီဗာပူးလ်မှာ ကစားသမားကောင်းတွေ ရှိပေမယ့် မာမာထန်ထန် ဖြတ်သန်းမှုတွေ ကြုံရတိုင်း ဒီရာသီမှာ နိမ့်ပါးခဲ့တာ မြင်သာပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ဟာ မနှစ်ကထက် သွင်းဂိုး(၅၀)လောက် လျော့နည်းသွားတယ်။ ဒါကို ဖုံးကွယ်ထားလို့ မရပါဘူး။ မနှစ်က လီဗာပူးလ်မှာ လူးဝစ်ဆွာရက်ဇ်နဲ့ ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ တိုက်စစ်က အတွဲညီခဲ့တယ်။ ဒီရာသီမှာတော့ စတားရစ်ဂ်ျက တောက်လျှောက် ဒဏ်ရာရနေပြီး ဆွာရက်ဇ်ကတော့ အသင်းက ထွက်ခွာသွားပါပြီ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment