Pages

Subscribe:

Saturday, April 25, 2015

ကလီဗာလေကို အပြီးသတ် စာချုပ်ခေါ်ယူလိုကြောင်း ဗီလာမန်နေဂျာ ရှားဝုဒ်ဝန်ခံ



ကလီဗာလေကို အပြီးသတ် စာချုပ်ခေါ်ယူလိုကြောင်း ဗီလာမန်နေဂျာ ရှားဝုဒ်ဝန်ခံ

ရာသီကုန်တွင် တွမ်ကလီဗာလေကို အပြီးသတ် စာချုပ် ခေါ်ယူ ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း အက်စ်တန်ဗီလာ မန်နေဂျာ တင်မ်ရှားဝုဒ်က ဝန်ခံ ပြောကြားခဲ့သည်။
အသက်(၂၅)နှစ်ရှိ အင်္ဂလန် ကစားသမားသည် မန်ချက်စတာ ယူနိုက်တက်မှ ဗီလာသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် လာရောက် ကစားနေသူ ဖြစ်သည်။ သို့သော်လည်း ၎င်းနှင့် ယူနိုက်တက်တို့၏ စာချုပ်သည် ရာသီကုန်တွင် သက်တမ်းကုန်မည်ဖြစ်ရာ စိတ်ကြိုက်အသင်း တစ်ခုသို့ ရွေးချယ် ပြောင်းရွှေ့ခွင့် ရထားသည်။ အဲဗာတန် အသင်းသည်လည်း ဗီလာတွင် အငှား ကစားပြီး ခြေစွမ်းပြနေသည့် ကလီဗာလေကို စိတ်ဝင်စားနေပြီး ဆက်သွယ် စုံစမ်းမှုများ ပြုလုပ်လျက် ရှိသည်။
ရှားဝုဒ်ကမူ ဗီလာ အနေဖြင့် ရာသီကုန်တွင် တန်းဆင်းရမည့် အခြေအနေကို ရှောင်လွှဲနိုင်ပါက ကလီဗာလေကို ဆက်လက် ထိန်းသိမ်း ထားနိုင်ရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်လျက် ရှိသည်။ “ကျွန်တော်က ကလီဗာလေရဲ့ ခြေစွမ်းကို တကယ်ပဲ ကျေနပ်မိပါတယ်။ သူ့ကို သဘောလည်း ကျတယ်။ သူဟာ စွမ်းအားအပြည့် ကစား တတ်သလို ဂိုးပေါက်ကိုလည်း ခြိမ်းခြောက်နိုင်တယ်။ ဘောလုံးကို ဖြန့်ဝေ ချိတ်ဆက်ရာမှာ ထူးချွန်တယ်။ လောလောဆယ်တော့ ကျွန်တော်တို့နဲ့ ကလီဗာလေရဲ့ ကိုယ်စားလှယ်တွေကြားမှာ တွေ့ဆုံဆွေးနွေးဖို့ အပြန်အလှန် ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ ကလီဗာလေ အနေနဲ့ ချန်ပီယံရှစ်မှာတော့ ဆင်းမကစားချင်လောက်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ဆက်ရှိရင် သူ့ကို စာချုပ်ဖို့ အခွင့်အလမ်း ပိုကောင်းလာပြီး နှစ်ဦးနှစ်ဖက် ကျေနပ်စရာ ဖြစ်မယ် ထင်ပါတယ်”ဟု ရှားဝုဒ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment