Pages

Subscribe:

Sunday, April 26, 2015

ဥရောပ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဆီမီးပွဲစဉ်များ မဲခွဲ



ဥရောပ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဆီမီးပွဲစဉ်များ မဲခွဲ
Written by  ဝေဘုန်းလူ

နီယွန်၊ ဧပြီ ၂၄။       ။ ဥရောပ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဆီမီးအဆင့် ပွဲစဉ်များ အတွက် မဲခွဲပွဲကို ဥရောပဘောလုံး အဖွဲ့ချုပ် ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ တွင်ဧပြီ ၂၄ ရက် ကပြုလုပ် ခဲ့သည်။

ချန်ပီယံလိဂ်ဆီမီးအဆင့်တွင် စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နှင့် လည်းကောင်း၊ အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်သည် ချန်ပီယံဆု ၁၀ ကြိမ်ဆွတ် ခူးထားသော လက်ရှိချန်ပီယံ ရီးယဲလ် မက်ဒရစ်အသင်းနှင့် လည်းကောင်း ရင်ဆိုင်ကစား ရမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာမှာ အသင်းဟောင်း ဘာစီလိုနာနှင့်ပြန်လည်ရင်ဆိုင် ရမည်ဖြစ်သည်။ ဂွာဒီယိုလာသည် ဘာစီလိုနာ အသင်းကို ဆုဖလား များရယူပေးပြီး ၂၀၁၃ တွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

အီတလီချန်ပီယံ ဂျူဗင်တပ်အသင်းမှာ ရီးယဲလ်မက်ဒရစ်ကို အိမ်ကွင်းတွင် ဦးစွာရင်ဆိုင်ကစားရမည်ဖြစ်သည်။ ဆီမီးအဆင့်သို့တက်ရောက်ခဲ့ သော ယင်းအ သင်းလေးသင်းပေါင်းဆုဖလားရရှိသည့်အကြိမ်အရေအတွက်သည် ဥရောပချန်ပီယံလိဂ် သို့မဟုတ် ဥရောပဖလားပြိုင်ပွဲ သက်တမ်း နှစ် ၆၀ အတွင်း ၂၁ ကြိမ် ရှိပြီး ဒုတိယရ သည့်စုစုပေါင်း အကြိမ် အရေအတွက်မှာ ၁၆ ကြိမ်ရှိခဲ့သည်။

ချန်ပီယံလိဂ်ဆီမီးပထမအကျော့ကို မေ ၅၊၆ နှင့် မေ ၁၂၊၁၃ တွင် ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဇွန် ၆ တွင် ဘာလင်မြို့ရှိ အိုလံပစ်ကွင်းတွင် ကစား မည်ဖြစ် သည်။

ယူရိုပါလိဂ် ဆီမီးအဆင့်တွင် အီတလီ စီးရီးအေကလပ် နာပိုလီ အသင်းသည် ယူကရိန်းကလပ် ဒီနီပရိုနှင့်လည်းကောင်း၊ လက်ရှိချန်ပီယံ စပိန် လာလီဂါကလပ် ဆီဗီလာ အသင်းသည် အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားနှင့် လည်းကောင်း ကစားရမည်ဖြစ်သည်။

ဆီဗီလာအသင်းမှာ ဗိုလ်လုပွဲထိရောက်ပြီး ဗိုလ်စွဲပါက စပိန်အသင်းများ လေးနှစ်ဆက်ဗိုလ်စွဲသည့် စံချိန်ကိုရရှိမည်ဖြစ်သည်။ ယူရိုပါလိဂ် ဆီမီး ပထမအကျော့ ကို မေ ၇၊ ဒုတိယအကျော့ကို မေ ၁၄ တွင်ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ပိုလန်နိုင်ငံ ဝါဆောမြို့တွင် မေ ၂၇ ၌ ကစားမည်ဖြစ် သည်။

Ref;  Daily Mail

Mizzima

0 comments:

Post a Comment