Pages

Subscribe:

Tuesday, April 28, 2015

ရွန်နီ၏ ဒဏ်ရာ အခြေအနေကို စိုးရိမ်စွာ စောင့်ကြည့်နေဟု ဗန်ဂါးလ် ဝန်ခံ



ရွန်နီ၏ ဒဏ်ရာ အခြေအနေကို စိုးရိမ်စွာ စောင့်ကြည့်နေဟု ဗန်ဂါးလ် ဝန်ခံ

အသင်းခေါင်းဆောင် ဝိန်းရွန်နီ၏ ဒဏ်ရာ အတွက် စိုးရိမ်စွာ စောင့်ကြည့်နေ ရကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝန်ခံ ပြောကြားခဲ့သည်။

ရွန်နီသည် ၎င်း၏ အသင်းဟောင်း အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်တွင် (၃-၀)ဖြင့် အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် နှောင်းပိုင်း၌ ဒဏ်ရာ ရသွားခဲ့သည်။ အဆိုပါ အခြေအနေကြောင့် ဗန်ဂါးလ်သည် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးကို ရော်ဘင် ဗန်ပါစီနှင့် လူစား လဲထုတ်ခဲ့ရသည်။ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆုံးအဖြတ် ပွဲများ ကစားနေရပြီး မိုက်ကယ်ကာရစ်၊ ဖီးလ်ဂျုံးစ်နှင့် မားကို့စ်ရိုဟိုတို့ ကဲ့သို့ ကစားသမားများ ဒဏ်ရာ အနာတရ ဖြစ်နေချိန်တွင် ရွန်နီပါ ဒဏ်ရာ ထပ်ရသွားခြင်းက ယူနိုက်တက် အတွက် ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်လာသည်။

MUTVနှင့် အင်တာဗျူးတွင် ဗန်ဂါးလ်က ရွန်နီ ဒဏ်ရာ ရသွားခြင်းကို အတည်ပြု ခဲ့သော်လည်း ဒဏ်ရာ အခြေအနေ အတိမ်အနက်ကို ခန့်မှန်းရန်မှာ စောလွန်းသေးကြောင်း ပြောကြား သွားသည်။ “ဒဏ်ရာ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်” ဟု ဗန်ဂါးလ်က ဖွင့်ဟသွားသည်။ ယူနိုက်တက်သည် ချယ်လ်ဆီးနှင့် အဲဗာတန်တို့ကို နှစ်ပွဲဆက် အရေး နိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရုန်းကန် ရတော့မည်ဖြစ်သလို ရွန်နီပါ ဒဏ်ရာ ရသွားခြင်းကြောင့် အပိုဆောင်း နစ်နာမှုနှင့် ကြုံတွေ့ ခဲ့ရသည်။

Soccer Myanmar

0 comments:

Post a Comment