Pages

Subscribe:

Wednesday, April 22, 2015

ဟက်ပီးနက်စ် ဖိလစ်ပိုင်ကလပ်နှင့် ပွဲတွင်ပါဝင်ခွင့် မရခဲ့တာနဲ့ ပတ်သတ်ပြီး အေအက်ဖ်စီထံ ရတနာပုံ ဘောလုံးအသင်း အကြောင်းကြား


ဟက်ပီးနက်စ် ဖိလစ်ပိုင်ကလပ်နှင့် ပွဲတွင်ပါဝင်ခွင့် မရခဲ့တာနဲ့ ပတ်သတ်ပြီး အေအက်ဖ်စီထံ ရတနာပုံ ဘောလုံးအသင်း အကြောင်းကြား

AFC  Cup ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ ရတနာပုံ ဘောလုံးအသင်းဟာ နောက်ခံလူ ဟက်ပီးနက်စ် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အက်ဖ်စီနဲ့ ပါဝင်ခွင့်မရခဲ့ တာနဲ့ ပတ်သတ်ပြီး အာရှ ဘောလုံးအဖွဲ့ ချုပ်ထံ တိုင်ကြား ထားတယ်လို့ သိရပါသည်။
ရတနာပုံ ဘောလုံး အသင်းဟာ AFC Cup အဝေးကွင်း ပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင် ကလပ် ဂလိုဘယ်အက်ဖ်စီ နဲ့ပွဲစဉ်အတွက် ဧပြီလ ဆယ့်သုံးရက်နေ့ ကရောက် ရှိနေခဲ့တာ ဖြစ်ပြီး ကစားသမားတွေ အားလုံးဖိလစ်ပိုင် နိုင်ငံထဲကို ၀င်ခွင့်ရခဲ့ပေမယ့် ဟက်ပီးနက်စ်ကိုတော့ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးက ၀င်ခွင့်မပေးခဲ့ တာပါ။
“အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အာရှဘောလုံးအဖွဲ့ ချုပ်ကိုတိုင် ကြားထားတယ်။ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးက မြန်မာနိုင်ငံက လာတဲ့ နိုင်ငံခြားသား ဇြစ်နေလို့  ဆိုတဲ့ အကြောင်းပြတယ်။ဖိလစ်ပိုင် ကလပ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက် ပေးမှုမရှိဘူး”လို့  ရတနာပုံ ဘောလုံးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဆိုပါ ကိစ္စဖြစ်ပွားခဲ့တာကြောင့် ဟက်ပီးနက်စ်ဟာ မနီလာ လေဆိပ်မှာနာရီ ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသလို ဘန်ကောက် လေဆိပ် မှာလည်း နာရီပေါင်း များစွာထပ်မံ စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

Soccer Myanmar

0 comments:

Post a Comment