Pages
Subscribe:
Wednesday, April 22, 2015
တိုက်စစ်မှုးဟောင်း ဘမ်ဘာကိုဟံသာဝတီ ယူနိုက်တက် ဘောလုံးအသင်း ပြန်လည် ခေါ်ယူမယ်
တိုက်စစ်မှုးဟောင်း ဘမ်ဘာကိုဟံသာဝတီ ယူနိုက်တက် ဘောလုံးအသင်း ပြန်လည် ခေါ်ယူမယ်
ဘမ်ဘာဟာ မနောမြေအသင်းရဲ့ စာချုပ်ဖျက်သိမ်းမှုကို ခံထားရသူ ဖြစ်ပြီးမြန်မာ နေရှင်နယ်လိဂ် ၂၀၁၅ ဒုတိယအကျော့မှာ ဟံသာဝတီ ယူနိုက်တက် ဘောလုံးအသင်းမှ ပြန်လည်ခေါ်ယူ စာချုပ်ချုပ်မှာ ဖြစ်ပါသည်။
“ကျွန်တော်တို့ အသင်းက ဂိုးလည်းမပေးရသလို ဂိုးလည်းမရပါဘူး။ အဲဒါကြောင့် တိုက်စစ်ပိုင်းကို ပြင်ဆင်တဲ့ အနေနဲ့ ဘမ်ဘာကို ပြန်လည်ခေါ်ယူတာပါ။သူကလည်း လာကစားမယ် အကြောင်းကြား ထားပါတယ်”လို့ ဟံသာဝတီ ယူနိုက်တက် ဘောလုံးအသင်း အုပ်ချုပ်သူ ဦးထွန်းထွန်းလင်း ကပြောပါသည်။
ဘမ်ဘာဟာ ဟံသာဝတီ ယူနိုက်တက် ဘောလုံးအသင်း မြန်မာနေရှင်နယ်လိဂ်တူး ချန်ပီယံဖြစ်စဉ်က ဂိုးသွင်းအများဆုံး ဆုကိုရရှိခဲ့သူ ဖြစ်ပေမယ့် မြန်မာနေရှင်နယ်လိဂ် ၂၀၁၅မစခင်က မနောမြေအသင်းထံ ပြောင်းရွှေ့သွားသူ ဖြစ်ပါသည်။
Soccer Myanmar
0 comments:
Post a Comment