Pages

Subscribe:

Tuesday, April 28, 2015

စိတ်ရှည် သည်းခံခြင်း၏ အကျိုးကျေးဇူးကို ချီချာရီတို ခံစားနေရကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ် ပြောကြား



စိတ်ရှည် သည်းခံခြင်း၏ အကျိုးကျေးဇူးကို ချီချာရီတို ခံစားနေရကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ် ပြောကြား

တနင်္ဂနွေနေ့က ဆယ်လ်တာဗီဂိုကို ၄-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် ပွဲတွင် ရီးယဲမက်ဒရစ် အတွက် နှစ်ဂိုး သွင်းယူခဲ့သည့် ဂျာဗီးယား ဟာနန်ဒက်ဇ်သည် စိတ်ရှည် သည်းခံခြင်း၏ အကျိုးကျေးဇူးကို ရရှိ ခံစားနေရခြင်း ဖြစ်ကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ပြောကြားလိုက်သည်။

အဆိုပါ ပွဲတွင် မက်ဒရစ်သည် နိုလီတို၏ အစောပိုင်းသွင်းဂိုးဖြင့် ဦးဆောင်ခြင်း ခံခဲ့ရသော်လည်း တိုနီခရူးစ်၏ ဂိုးဖြင့် ပြန်လည်ချေပနိုင် ခဲ့သည်။ ထို့နောက် ဟာနန်ဒက်ဇ်က မက်ဒရစ်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပထမပိုင်း မပြီးခင်တွင် ဆန်တာမီနာက ဆယ်လ်တာဗီဂိုအတွက် ချေပဂိုး သွင်းယူခဲ့သည်။

သို့ရာတွင် ၄၃ မိနစ်၌ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က မက်ဒရစ်အတွက် တတိယဂိုး သွင်းယူခဲ့သလို ဒုတိယပိုင်းတွင် ချီချာရီတိုက စတုတ္ထဂိုး သွင်းယူ ခဲ့သောကြောင့် ပွဲအပြီးတွင် ဆယ်လ်တာဗီဂိုကို ၄-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်မှ ရီးယဲမက်ဒရစ်သို့ တစ်ရာသီ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဟာနန်ဒက်ဇ်သည် အက်သလက်တီကို မက်ဒရစ်ကို အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲတွင် ရီးယဲမက်ဒရစ်၏ သူရဲကောင်း တစ်ဦး ဖြစ်ခဲ့သူဖြစ်သည်။

ထို့နောက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က အရန်ခုံပေါ်တွင် ကာလကြာရှည် ထိုင်ခဲ့ရသည့် ဟာနန်ဒက်ဇ် အနေဖြင့် စိတ်ရှည်သည်းခံခြင်း၏ အကျိုးကျေးဇူးကို ရရှိနေပြီ ဖြစ်ကြောင်း ဆိုခဲ့သည်။

“ချီချာရီတိုက လေ့ကျင့်ရေး ကွင်းမှာလည်း အပြင်းအထန် ကြိုးစားသူပါ။ သူ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ဒါဟာ သူ့ရဲ့ စိတ်ရှည် သည်းခံနိုင်မှုကြောင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး မက်ဒရစ် နည်းပြ ကာလိုအန်ဆယ်လော့တီသည် အိမ်ရှင်အသင်း၏ ဂိုးသွင်းခွင့် ဖန်တီးနိုင်မှုအပေါ် စိုးရိမ်ခဲ့ပြီး ဒုတိယပိုင်းတွင် အသင်းကို ဟန်ချက်ညီညီ ကစားရန် တိုက်တွန်းခဲ့ကြောင်း အဆိုပါ မက်ဒရစ် ကွင်းလယ် ကစားသမားက ဖွင့်ဟခဲ့သည်။

“ဒုတိယပိုင်းမှာ ပွဲကို ပိုမိုထိန်းချုပ်ဖို့ အန်ဆယ်လော့တီက တိုက်တွန်းခဲ့ပါတယ်။ သူတို့က တိုက်စစ်မှုတွေ အများကြီး လုပ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်” ဟု ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment