Pages

Subscribe:

Saturday, May 2, 2015

မန်ချက်စတာယူနိုက်တက်နဲ့ ၃ နှစ်သက်တမ်း စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ Andreas Pereira



မန်ချက်စတာယူနိုက်တက်နဲ့ ၃ နှစ်သက်တမ်း စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ Andreas Pereira
===============================
စာချုပ်သစ်ချုပ်ဆိုပြီးနောက် Andreas Pereira ဟာ အိုးလ်ထရက်ဖို့မှာ ၂၀၁၈၊ ဇွန်လအထိ ရှိနေမှာ ဖြစ်ပါတယ်။

"Andreas နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ အတွက် ၀မ်းမြောက်မိပါတယ်။ သူ့ရဲ့ ပါရမီနဲ့ သင်ကြားလိုစိတ်တွေကြောင့် သူဟာ ပထမပွဲထွက်စာရင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမရာသီမှာ တိုးတက်မှုတွေ တွေ့ရလို့ ကျေနပ်မိပါတယ်။ သူ့အရည်အချင်းတွေ ပိုမိုကောင်းမွန်လာတာကို စောင့်ကြည့်နေပါတယ်" လို့ လူးဝစ်ဗန်ဟားက ပြောကြားခဲ့ပါတယ်။

Pereira ဟာ အသက် ၁၅ နှစ်အရွယ်မှာ PSV Eindhoven အသင်းကနေ သရဲနီတွေနဲ့ ပူးပေါင်းခဲ့တာ ၂၀၁၁ ကဖြစ်ပြီး သည်ရာသီ လူးဝစ်ဗန်ဟားရဲ့ ပထမပွဲထွက်စာရင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံဖွား၊ ဘရာဇီးလူမျိုး Pereira ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ မတ်လတုန်းက တော့တင်ဟမ်အသင်းကို ၃-၀ နဲ့ နိုင်တဲ့ပွဲမှာ လူစားလဲ ၀င်ရောက်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ Capital One ပွဲစဉ်မှာ MK Dons အသင်းနဲ့ ရင်ဆိုင်တုန်းကလည်း ၄၄ မိနစ် ကစားခဲ့ပါတယ်။

စပါးနဲ့ပွဲမှာ သူ့ရဲ့ အားထုတ်မှုတွေကို ဗန်ဟားက အထူးနှစ်ခြိုက်လျက်ရှိပြီး "မင်းဟာ အသက် ၁၉ နှစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားနေပြီဆိုရင် ပါရမီထူးလို့ပဲ" လို့ ပြောကြားခဲ့ပါတယ်။

Pereira ဟာ ဘရာဇီး Under 20 အသင်းနဲ့ ဖလားတစ်ခုရဖူးပြီး အခုရာသီကုန်ခါနီးမှာတော့ ပရီးမီးယားလိဂ်မှာ ဘယ်လောက် အရည်အချင်း ပြသနိုင်မလဲ စောင့်ကြည့်ရမှာပါ။ လက်ရှိ လီဗာပူးလ်နဲ့ ၇မှတ်အကွာ အဆင့် ၄ မှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ စနေနေ့မှာ ၀က်စ်ဘရွန်းအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
#လာလေယောင်း

Football Cafe

0 comments:

Post a Comment