Pages

Subscribe:

Wednesday, May 13, 2015

နွေရာသီတွင် ဆက်ခ်ျကို ခေါ်ယူနိုင်ရန် ဘီဆစ်တက်ခ် စတင်ချဉ်းကပ်



နွေရာသီတွင် ဆက်ခ်ျကို ခေါ်ယူနိုင်ရန် ဘီဆစ်တက်ခ် စတင်ချဉ်းကပ်

ချယ်လ်ဆီး ဂိုးသမား ပီတာဆက်ခ်ျကို ခေါ်ယူနိုင်ရန် တူရကီကလပ် ဘီဆစ်ခ်တက်စ်က စတင်ချဉ်းကပ် ဆွေးနွေးနေကြောင်း သိရသည်။

အသက်(၃၂)နှစ်ရှိ ချက်လက်ရွေးစင်သည် ယခုရာသီတွင် ဘယ်လ်ဂျီယံ လူငယ်လက်တက် သီဘောက် ကော်တွိုက်စ်၏ တောက်ပမှုကြောင့် ချယ်လ်ဆီး အရန်ခုံတွင်သာ ထိုင်နေခဲ့ရသူ ဖြစ်သည်။ ဆက်ခ်ျသည် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သည့် ချယ်လ်ဆီးအတွက် ယခုရာသီ လိဂ်ပွဲ (၅)ပွဲသာ ပါဝင် ကစားခဲ့ရသည့်နောက် နွေရာသီတွင် အသင်းသစ် ရှာဖွေရန် သေချာသလောက် ရှိနေသည်။ ရီးယဲလ်မက်ဒရစ်နှင့် PSG အသင်းများသည်လည်း ဆက်ခ်ျ၏ အနေအထားကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဆက်ခ်ျ၏အေးဂျင့် ဗစ်တာကိုလာက “ကျွန်တော့်ကို ဘီဆစ်ခ်တက်စ် အသင်းက ဆက်သွယ်လာပါတယ်။ တူရကီဟာ ဆက်ခ်ျအတွက် ရွေးချယ်ကောင်း ရွေးချယ်နိုင်တဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ ရာသီကုန်မှ ချမှတ်ပါမယ်”ဟု ဆိုသည်။ ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဆက်ခ်ျကို အသင်းတွင် ဆက်နေစေလိုကြောင်း ဖွင့်ဟထားပြီး မဖြစ်မနေ အသင်းပြောင်းမည် ဆိုပါက ပရီးမီးယားလိဂ် အသင်းတစ်ခုခုကို မရွေးချယ်စေလိုကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

မော်ရင်ဟိုက “တကယ်လို့ ဆက်ခ်ျ အသင်းပြောင်းမယ် ဆိုရင်တောင် အင်္ဂလန်ကိုတော့ မရွေးစေချင်တော့ဘူး။ တခြား အင်္ဂလန် အသင်းတစ်ခုခုမှာ သူကစားနေတာမျိုး ကျွန်တော် မလိုလားဘူးလေ။ ဒါပေမဲ့ ဒီအသင်းအတွက် သူလုပ်ပေးခဲ့တာတွေကို ပြန်ကြည့်ရင် ဆက်ခ်ျရဲ့ ရွေးချယ်မှုတိုင်းကို တန်ဖိုးထားပေးသင့်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ဆက်နေစေချင်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းက ထွက်ခွင့်ပေးလိုက်ရင်လည်း ဒါကို လေးစားရမှာပါပဲ”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment