Pages

Subscribe:

Wednesday, May 13, 2015

အားကစား ကလောင်ရှင်များ ပေးအပ်သည့် အကောင်းဆုံးဆုကို ဟက်ဇက်ရရှိ



အားကစား ကလောင်ရှင်များ ပေးအပ်သည့် အကောင်းဆုံးဆုကို ဟက်ဇက်ရရှိ
Written by  အောင်ငြိမ်းသွေး

(အင်္ဂလန်)။ ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်မှ ပေးအပ်သည့် PFA တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည့် ချယ်လ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမား ဟက်ဇက်သည် အားကစား ကလောင်ရှင်များ အစည်းအရုံးမှ ပေးအပ်သည့် အကောင်းဆုံးဆုကိုလည်း ထပ်မံသိမ်းပိုက် ရရှိသွားခဲ့သည်။

ထိုဆုအတွက် အားကစား ကလောင်ရှင်ပေါင်း ၃၀၀ ကျော်မှ မဲပေးရွေးချယ်ခဲ့ရာတွင် အသက် ၂၄ နှစ်အရွယ်သာရှိသေးသည့် ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ဟက်ဇက်သည် မဲရာခိုင်နှုန်း ၅၃ ရာခိုင်နှုန်းအထိ ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ရာသီတွင် စပါးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည့် လူငယ်တိုက်စစ်ကစားသမား ဟယ်ရီကိန်းက ဒုတိယရရှိခဲ့ပြီး ပရီးမီးယားလိဂ်၏ ဂိုးသွင်းအများဆုံးနောက်ခံ ကစားသမားဖြစ်လာသည့် တယ်ရီက တတိယရရှိခဲ့သည်။

ဟက်ဇက်သည် ချယ်လ်ဆီးအသင်းသို့ ၂၀၁၂ ခုနှစ်က ရောက်ရှိခဲ့ပြီး အသင်း၏ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ ယခုနှစ်ရာသီတွင်လည်း ပြိုင်ပွဲပေါင်းစုံတွင် ဂိုး ၂၀ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနှင့် ကက်ပီတယ်လ်ဝမ်း ဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

အားကစား ကလောင်ရှင်များ အစည်းအရုံး၏ ဥက္ကဋ္ဌ အန်ဒီဒန်းက 'အားကစား ကလောင်ရှင်များ အစည်းအရုံးက ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ကစားသမား သုံးဦးစလုံးက ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတွေပါ။ ဟက်ဇက်ဟာ ဒီဆုကို ထိုက်တန်စွာ ရရှိခဲ့တာပါ။ သူဟာ အလုပ်ကို ကြိုးစားပြီး ဖန်တီးသူဖြစ်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချယ်လ်ဆီးရရှိခဲ့ရာမှာ ဟက်ဇက်ဟာ အဓိက စွမ်းဆောင်ပေးခဲ့သူပါ' ဟု ချီးကျူးခဲ့သည်။

ရည်ညွှန်း - ဘီဘီစီ

Mizzima

0 comments:

Post a Comment