Pages

Subscribe:

Monday, May 11, 2015

လာမည့် နွေရာသီတွင် မန်စီးတီးသို့ ဂွာဒီယိုလာ ပြောင်းရွှေ့လိမ့်မည်ဟု ဘိုင်ယန်ကြယ်ပွင့်ဟောင်း ဟာမန်းဆို



လာမည့် နွေရာသီတွင် မန်စီးတီးသို့ ဂွာဒီယိုလာ ပြောင်းရွှေ့လိမ့်မည်ဟု ဘိုင်ယန်ကြယ်ပွင့်ဟောင်း ဟာမန်းဆို

ပပ်ဂွာဒီယိုလာ အနေဖြင့် ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာပြီး မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့လိမ့်မည်ဟု ဒိုင်ယတ်မာ ဟာမန်းက ပြောကြားလိုက်သည်။

စနေနေ့က ထွက်ပေါ်လာသည့် သတင်းများအရ ဘာစီလိုနာ နည်းပြဟောင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် အီတီဟတ်ကွင်း၌ မန်နျူရယ် ပယ်လီဂရီနီ၏ နေရာတွင် ဆက်ခံရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိထားကြောင်း သိရသည်။

ဂွာဒီယိုလာသည် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရယူနိုင်ခဲ့သော်လည်း လက်ရှိ ဘောလုံးရာသီသည် တာဝန်ယူခဲ့သည့် နှစ်နှစ်အတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် အော့စ်ဘတ်နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် လေးပွဲဆက် အရှုံးရလဒ်နှင့် ကြုံတွေ့ခဲ့ရသည်။

ဘိုင်ယန်မြူးနစ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ဘာစီလိုနာကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဂွာဒီယိုလာအနေဖြင့် ယခုနှစ် နွေရာသီတွင် ဂျာမနီမှ ထွက်ခွာလိမ့်မည်ဟု ဟာမန်းက ဆိုခဲ့သည်။

“ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ခုက ပပ်ဂွာဒီယိုလာနဲ့ မန်စီးတီးတို့ လွန်ခဲ့တဲ့ နှစ်လက ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်ဆိုတာကို မက်ဆေ့ခ်ျ ပေးပို့လာပါတယ်။ အဲ့ဒီတုန်းက ပပ်အနေနဲ့ ငြင်းခဲ့ပေမယ့် အခုအချိန်မှာ ဆွေးနွေးမှုအခြေအနေက တိုးတက်လာနေတယ်လို့ သိရပါတယ်။ လက်မှတ်ရေးထိုးမှု တစ်စုံတစ်ရာ မရှိသေးပေမယ့် လာမယ့်နှစ်မှာ ပပ်အနေနဲ့ မန်ချက်စတာစီးတီးမှာ ရှိနေပါလိမ့်မယ်” ဟု ဘိုင်ယန်ကြယ်ပွင့်ဟောင်းက ပြောကြားခဲ့သည်။

အကယ်၍ ဂွာဒီယိုလာအနေဖြင့် ရာသီကုန်တွင် ဘိုင်ယန်မှ ထွက်ခွာခဲ့ပါက လာမည့် အင်္ဂါနေ့တွင် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ကစားရမည့် ပွဲက ၎င်းနှင့် ဘိုင်ယန်အတွက် နောက်ဆုံးပွဲ ဖြစ်လာဖွယ်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment