Pages

Subscribe:

Saturday, May 9, 2015

ဒီပေးကို ခေါ်ယူရန် စိတ်မဝင်စားခဲ့ဟု ရော့ဂျာနှင့် ဝင်းဂါးတို့ အသီးသီးငြင်းဆို



ဒီပေးကို ခေါ်ယူရန် စိတ်မဝင်စားခဲ့ဟု ရော့ဂျာနှင့် ဝင်းဂါးတို့ အသီးသီးငြင်းဆို

မမ်းဖစ်ဒီပေးကို ခေါ်ယူရန် စိတ်ဝင်စားမှု မရှိခဲ့ကြောင်း ဘရန်ဒန်ရော့ဂျာနှင့် အာစင်ဝင်းဂါးတို့က အသီးသီး ငြင်းဆို သွားခဲ့သည်။

PSV အင်ဒိုဗန် အသင်း၏ တောင်ပံတိုက်စစ် ကစားသမားသည် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ကြာသပတေးနေ့က ကလပ်အသင်းနှစ်ခုက သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အသက်(၂၁)နှစ် အရွယ်ရှိ နယ်သာလန် လက်ရွေးစင်ကို လီဗာပူးလ်က အလေးအနက် ချိတ်ဆက်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သော်လည်း ရော့ဂျာကမူ မိမိတို့သည် ဒီပေးကို စိတ်မဝင်စားခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လုံးဝ စိတ်မဝင်စားခဲ့တဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်တို့မှာ တောင်ပံသမား လေးယောက် ရှိနေပြီး ဖြစ်သလို အားဖြည့်ရမယ့် တခြားဦးစားပေး ကိစ္စတွေ ရှိပါတယ်။ ဒီပေးဟာ တကယ့်ကို အရည်အသွေး ပြည့်ဝတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပေမယ့် ကျွန်တော်တို့မှာ ရာဟင်မ်စတာလင်၊ ယော်ဒန်အိုင်ဘီ၊ အဒမ်လယ်လာနာနဲ့ လာဇာ မာကိုဗစ်တို့က တောင်ပံအတွက် ရှိနှင့်ပြီးသားပါ။ ဒါက ကောင်းကောင်း လုံလောက်ပါတယ်။ အထူးသဖြင့် ဘယ်ခြမ်းအတွက်ပေါ့”ဟု ရော့ဂျာက မှတ်ချက်ပြုခဲ့သည်။

PSV၏ အားကစား ဒါရိုက်တာ မာဆယ်လ်ဘရန်းစ်ကမူ ဒီပေးအတွက် လီဗာပူးလ်က အမှန်တကယ် ဆက်သွယ်ခဲ့ကြောင်း ပြောဆိုထားဖူးသည်။ “လီဗာပူးလ်က ကျွန်တော်တို့ကို ဆက်သွယ်ခဲ့ပြီး ကစားသမားနဲ့ စကားပြောခဲ့ပါတယ်။ တခြားအသင်းတွေကလည်း ဒီပေးကို စိတ်ဝင်စားနေတယ်လေ။ ဒါပေမဲ့ အဆုံးမှာတော့ သူက ယူနိုက်တက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ယူနိုက်တက်က ကျွန်တော်တို့ကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက်က ဆက်သွယ်ဖူးပေမယ့် အပြောင်းအရွှေ့ဖြစ်မယ့် နေ့ကျမှ တိုက်ရိုက် ဆွေးနွေးခဲ့တာပါ။ အားလုံးက မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားပါတယ်။ လူးဝစ်ဗန်ဂါးလ်ကတော့ ဒီပေးရဲ့ ဆုံးဖြတ်ချက်မှာ အဓိက အစိတ်အပိုင်းက ပါဝင်ခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သူနဲ့ (၄)နှစ် အလုပ်တွဲလုပ်ဖူးတယ်။ ကမ္ဘာ့ဖလားမှာ ကတည်းက ဒီပေးနဲ့ ပတ်သက်ပြီး သူက အရမ်း အားရကျေနပ်နေမှန်း ကျွန်တော် သိပါတယ်။ ဗန်ဂါးလ်က ဒီပေးကို အများကြီး ယုံကြည်ထားတာပါ”ဟု ဘရန်းစ်က မှတ်ချက်ပြုခဲ့သည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးကလည်း သတင်း အချို့တွင် ဖော်ပြခဲ့ သကဲ့သို့ အာဆင်နယ်က ဒီပေးကို ချိတ်ဆက်ခဲ့သည် ဆိုခြင်းမှာ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။ “ကျွန်တော် သူ့ကို သဘောကျတယ်ဗျ။ ဒါပေမဲ့ သူကစားတဲ့ နေရာအတွက် အသင်းမှာက ကစားသမား တော်တော်များများ ရှိနေပြီးသားပါ။ ကျွန်တော်တို့ဟာ ထိပ်တန်း အရည်အသွေးမျိုးနဲ့ လူစာရင်း တစ်ခုကို ပိုင်ဆိုင်ပြီးသားပါ။ ဒါပေမဲ့ ဒီလူစာရင်းကို အားဖြည့်ဖို့ လိုအပ်ဦးမယ် ဆိုရင် ကျွန်တော်တို့ သေချာပေါက် လုပ်စရာရှိတာ လုပ်မှာပါပဲ” ဟု ဝင်းဂါးက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment