Pages

Subscribe:

Wednesday, May 13, 2015

လူငယ်လိဂ်တွင် ရတနာပုံ၊ ရန်ကုန်၊ ဇွဲကပင်တို့ နိုင်ပွဲဆက်ကာ ဇေယျာရွှေမြေ၊ ဟံသာဝတီတို့ ရှုံးပွဲကြုံ



လူငယ်လိဂ်တွင် ရတနာပုံ၊ ရန်ကုန်၊ ဇွဲကပင်တို့ နိုင်ပွဲဆက်ကာ ဇေယျာရွှေမြေ၊ ဟံသာဝတီတို့ ရှုံးပွဲကြုံ
Written by  သောကြာ

မေ ၁၃၊ ရန်ကုန်။      ။ ၂၀၁၅ အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၂ ပွဲစဉ်များကို ဆက်လက် ကစားခဲ့ရာ ဇယားထိပ်ဆုံးမှ ရတနာပုံ၊ ရန်ကုန်၊ ဇွဲကပင်တို့ နိုင်ပွဲ ကိုယ်စီ ရခဲ့ပြီး ဇေယျာရွှေမြေအသင်းနှင့် ဟံသာဝတီ အသင်းတို့မှာ ရှုံးပွဲကြုံတွေ့ခဲ့သည်။

ပွဲစဉ် ၁၁ တွင် ရတနာပုံအသင်းက ဇေယျာရွှေမြေအသင်းကို ၂-၀ ဂိုး၊ မနောမြေအသင်းက ကမ္ဘောဇအသင်းကို ၃-၁ ဂိုး၊ မကွေးအသင်းက ဟံသာဝတီအသင်း ကို ၂-၀ ဂိုး၊ ဧရာဝတီအသင်းက ချင်းယူနိုက်တက်အသင်းကို ၂-၁ ဂိုး၊ ဇွဲကပင်အသင်း က နေပြည်တော်အသင်းကို ၂-၁ ဂိုး၊ ရန်ကုန်အသင်းက MFF Youth အသင်းကို ၁-၀ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်တွင် ကျင်းပခဲ့သော ပွဲစဉ် ၁၁ တွင် သရေပွဲ နှစ်ပွဲ ရှိခဲ့ပြီး ပွဲစဉ် ၁၂ တွင် ပွဲစဉ် ခြောက် ပွဲစလုံး အနိုင်၊ အရှုံး အဖြေပေါ်ခဲ့သည်။ ၁၁ ပွဲစီ ကစားပြီးချိန်တွင် ရတနာပုံအသင်းက ရမှတ် ၁၇မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပြီး ရန်ကုန်အသင်းကရမှတ် ၂၆ မှတ်ဖြင့် ဒုတိယနေရာ တွင် ရပ်တည်နေသည်။

ခြောက်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အဆင့် ၆ နေရာထိ ဆင်းခဲ့ရသည့် ဇွဲကပင်အသင်းမှာ ပွဲစဉ် ၁၁ တွင် နိုင်ပွဲ ပြန်လည်ရရှိခဲ့သောကြောင့် အဆင့် ၃ နေရာ သို့ ပြန်လည်တက်ရောက်နိုင်ခဲ့သည်။

အမှတ်ပေးဇယား အဆင့် ၄၊ ၅ ၊ ၆ နေရာများတွင် ဇေယျာရွှေမြေအသင်း၊ ဟံသာဝတီ အသင်းနှင့် MFF Youth အသင်းတို့က ရမှတ် ၁၇ မှတ်စီဖြင့် ရပ်တည်နေ သည်။

ချင်းယူနိုက်တက်အသင်းက ၁၁ ပွဲကစား ပြီးတွင် ၁၁ ပွဲစလုံး ရှုံးနိမ့်ထားကာ ရမှတ် စတင်ရယူနိုင်ခြင်း မရှိသေးဘဲ အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်နေ သည်။ ပွဲစဉ်၁၃ပွဲစဉ်များကို လာမည့် မေ ၁၈၊ ၁၉ရက်များတွင် ဆက်လက်ကစားမည်ဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်းနှင့် မနောမြေအသင်း၊ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ MFF Youth အသင်းနှင့် ဇွဲကပင်အသင်း၊ ဟံသာဝတီအသင်းနှင့် ရတနာပုံ အသင်း၊ ချင်းယူနိုက်တက်အသင်းနှင့် ဇေယျာရွှေမြေအသင်း၊ နေပြည်တော်အသင်းနှင့် ကမ္ဘောဇအသင်းတို့ ဆက်လက် ကစားမည်ဖြစ်သည်။

Mizzima

0 comments:

Post a Comment