Pages

Subscribe:

Tuesday, May 12, 2015

ပေါ့ဂ်ဘာကို ဝယ်ယူရေး ဆွေးနွေးရန် တူရင်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့သည့် မန်စီးတီး



ပေါ့ဂ်ဘာကို ဝယ်ယူရေး ဆွေးနွေးရန် တူရင်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့သည့် မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းသည် ဂျူဗင်းတပ်စ် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရေးအတွက် တူရင်မြို့သို့ ကိုယ်စားလှယ်များ စေလွှတ် ဆွေးနွေးနေကြောင်း သိရှိရသည်။

မန်စီးတီး၏ ကိုယ်စားလှယ်များသည် အသက်(၂၂)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ကို အစ်တီဟတ်သို့ ခေါ်ယူနိုင်ရေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် အီတလီသို့ ထွက်ခွာသွားကြောင်း Sky Sportsက ဖော်ပြခဲ့သည်။ ပေါ့ဂ်ဘာကို PSG၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် ကစားသမား၏ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေရာ မန်စီးတီးက လျင်လျင်မြန်မြန် လက်ဦးမှု ယူလာသည့် သဘောလည်း ဖြစ်သည်။ ယူနိုက်တက်သည် (၂၀၀၉)ခုနှစ်က ပေါ့ဂ်ဘာကို လီဟက်ဗ်ထံမှ ခေါ်ယူခဲ့သော်လည်း ပွဲထွက်နေရာ မပေးခဲ့ခြင်းကြောင့် (၂၀၁၂)ခုနှစ်၊ ဇူလိုင်တွင် ကစားသမားက ဂျူဗင်းတပ်စ်သို့ အလွတ်ဈေးဖြင့် ပြောင်းရွှေ့သွားခဲ့သည်။

ဂျူဗင်းတပ်စ်သည် ပေါ့ဂ်ဘာကို (၂၀၁၉)ထိ စာချုပ်ထားသော်လည်း ဈေးကွက် တောင်းဆိုမှုအရ ကြိုက်ဈေးဖြင့် ရောင်းထုတ်မည့် အလားအလာ ရှိနေသည်။ မန်စီးတီးသည် အသင်းမှ ထွက်ခွာဖွယ်ရှိသည့် ယာယာတိုရေး နေရာတွင် ရေရှည် အစားထိုးနိုင်ရန် ပေါ့ဂ်ဘာကို အလေးအနက် အလိုရှိနေကြောင်း သိရသည်။ ဘာစီလိုနာသည်လည်း ပေါ့ဂ်ဘာကို ဝယ်ယူရန် ဆန္ဒရှိနေသည့်တိုင် လတ်တလောတွင် အပြောင်းအရွှေ့ လှုပ်ရှားခွင့် ပိတ်ပင်မှုနှင့် ကြုံနေရခြင်းကြောင့် လက်တွေ့ ကမ်းလှမ်းရန် ခက်ခဲဖွယ် ရှိနေသည်။ ယူနိုက်တက်သည်လည်း ကွင်းလယ်အင်အားကို ဖြည့်တင်းရန် စီစဉ်နေသည့်တိုင် ဘိုရပ်ရှားဒေါ့တ်မန်မှ အိုင်ကေ ကွန်ဒိုဂန်ကိုပါ ပစ်မှတ်ထား ဆက်သွယ်နေသောကြောင့် မန်စီးတီးက ပေါ့ဂ်ဘာကို ခေါ်ယူရန် အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Soccer Myanmar

0 comments:

Post a Comment