Pages

Subscribe:

Wednesday, May 13, 2015

မန်စီးတီးတွင် ဆက်ကစားရန် တိုရေးကို ဘိုနီတိုက်တွန်း



မန်စီးတီးတွင် ဆက်ကစားရန် တိုရေးကို ဘိုနီတိုက်တွန်း

မန်ချက်စတာ စီးတီးတွင်သာ ရှေ့ဆက် ကစားပါရန် ယာယာတိုရေးကို ဝီလ်ဖရိုက်ဒ် ဘိုနီက တိုက်တွန်း ပြောကြားလိုက်သည်။

ဘိုနီသည် ဆောင်းရာသီ ဈေးကွက်အတွင်း ဆွမ်ဆီးစီးတီးမှ မန်စီးတီးသို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။ ကွင်းလယ်လူ တိုရေး၏ အေးဂျင့်ဖြစ်သူ ဒီမီထရီ ဆီလက်ခ်က မိမိ၏ ကစားသမားသည် ရာသီကုန်တွင် အစ်တီဟတ်ကို စွန့်ခွာရန် (၉၀)ရာခိုင်နှုန်း သေချာနေကြောင်း ဆိုသည်။ မန်စီးတီး တိုက်စစ်မှူးသစ် ဘိုနီကမူ ၎င်း၏ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းဖော်ကို မန်စီးတီးတွင် ဆက်လက် ရှိနေစေလိုကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်တော် ဒီအကြောင်း သူ့ကို အမြဲလိုလို ပြောပါတယ်။ ကျွန်တော့် အတွေးကို တိုရေးသိပါတယ်။ တကယ်ဆို သူရှိလို့ ကျွန်တော် ဒီကို ပြောင်းလာတာပါ။ ဒါကြောင့် အသင်းမှာ သူဆက်နေသင့်ပါတယ်”ဟု ဘိုနီက ဆိုသည်။

၎င်းက “မန်စီးတီးဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်ခုလို့ တိုရေးက ကျွန်တော့်ကို ပြောပြတယ်။ သူတို့ ဘယ်လိုဘယ်ပုံ ချန်ပီယံ ဖြစ်ခဲ့တယ် ဆိုတာရောပေါ့။ ဒီအသင်းဟာ နေရာအတွက် အမြဲတမ်း တိုက်ပွဲဝင် ကြိုးစားနေရတာပါ။ ကျွန်တော်ကလည်း ဒီလို စိန်ခေါ်မှုမျိုးကို ကြိုက်ပါတယ်။ တိုရေးက ဒီမှာ ကျရောက်နေတဲ့ ဖိအားနဲ့ တခြားကိစ္စတွေ အားလုံးကို ရှင်းပြတယ်။ သေချာတာတော့ ကစားသမားတိုင်းက သူ့ကို ဆက်ရှိနေစေချင်တာပါပဲ။ သူဟာ ဒီအသင်းအတွက်တော့ သေချာပေါက် ဂန္ထဝင် ကစားသမား တစ်ယောက်ပါ။ ဒါက အမြဲတမ်း တည်ရှိနေပါလိမ့်မယ်။ အားလုံးက သူဆက်နေဖို့ မျှော်လင့်ပါတယ်။ သူအသင်းအတွက် ဘာတွေလုပ်ပေးခဲ့တယ် ဆိုတာကို အားလုံးက သိထားပြီးသားပါ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment