Pages

Subscribe:

Monday, May 11, 2015

ဗီလာတွင် ဆက်နေရန် ဦးစားပေး စဉ်းစားဖွယ်ရှိဟု ကလီဗာလေ ဖွင့်ဟ



ဗီလာတွင် ဆက်နေရန် ဦးစားပေး စဉ်းစားဖွယ်ရှိဟု ကလီဗာလေ ဖွင့်ဟ

မိခင်ကလပ် မန်ချက်စတာ ယူနိုက်တက်သို့ ပြန်သွားရန် ဖြစ်နိုင်ခြေ အလွန်နည်းပြီး အက်စ်တန်ဗီလာတွင် ဆက်ကစားဖြစ်ဖွယ်ရှိကြောင်း တွမ်ကလီဗာလေက ဖွင့်ဟခဲ့သည်။

အင်္ဂလန် ကွင်းလယ်လူသည် ယူနိုက်တက်မှ ဗီလာသို့ အငှားထွက်ကစားနေပြီး ရာသီကုန်တွင် ယူနိုက်တက်နှင့် ချုပ်ဆိုထားသော စာချုပ်လည်း သက်တမ်းကုန်မည်ဖြစ်ရာ စိတ်ကြိုက် အသင်းတစ်ခုကို ရွေးချယ်နိုင်မည် ဖြစ်သည်။ ကလီဗာလေက ၎င်းအနေဖြင့် ယူနိုက်တက်နှင့် စာချုပ်သက်တမ်းတိုးရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဝန်ခံခဲ့ပြီး ဗီလာနှင့် အမြဲတမ်း စာချုပ်ရန် တွေးတောမိကြောင်း ပြောကြားခဲ့သည်။ ကလီဗာလေသည် ဗီလာ၏ နောက်ပိုင်း ပွဲစဉ်များတွင် ခြေစွမ်းပြနေပြီး စနေနေ့က ဝက်စ်ဟမ်း ယူနိုက်တက်ဘက် ၎င်းသွင်းယူသည့် တစ်လုံးတည်းသော အနိုင်ဂိုးသည် ဗီလာကို ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင်သန်နေရန် အကောင်းဆုံး တွန်းအားတစ်ရပ် ဖြစ်လာစေခဲ့သည်။

အသက်(၂၅)နှစ်ရှိ ကလီဗာလေကို ဗီလာမန်နေဂျာ တင်မ်ရှားဝုဒ်က အပြီးသတ် ခေါ်ယူလိုကြောင်း ဝန်ခံထားသည်။ ၎င်းက “ဒီအသင်းမှာ ပြီးခဲ့တဲ့ ကစားနေတဲ့ အခြေအနေကို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သိသိသာသာ သဘောကျလာမိတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကျွန်တော် ခြေစွမ်းပြလာနိုင်ခြင်းနဲ့ ပတ်သက်ပြီး မန်နေဂျာကို အလေးအနက် အသိအမှတ်ပြုဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်တော်က အကောင်းဆုံး နေရာမှာ ကစားခွင့် ရနေတယ်လို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မြင့်တက်လာတယ်။ ကျွန်တော့် တစ်ဦးတည်း ခြေစွမ်းတင် မကဘဲ တစ်သင်းလုံး စွမ်းဆောင်ရည် အနေနဲ့ပါ ပိုကောင်းလာတယ်လို့ ထင်ပါတယ်။ တကယ်လို့ ဗီလာက ကျွန်တော့်အတွက် ကမ်းလှမ်းမှုတစ်ခု လုပ်လာရင် ကျွန်တော် ဦးစားပေး စဉ်းစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

၎င်း၏ ယူနိုက်တက် အနာဂတ်နှင့် ပတ်သက်သော မေးခွန်းကိုမူ ကလီဗာလေက “အသင်းနဲ့ ကျွန်တော့် စာချုပ်က ဇွန်(၃၀)မှာ သက်တမ်း ကုန်ပါမယ်။ ဒါဟာ ကျွန်တော့် အနေအထားပါပဲ”ဟု တုံ့ပြန် ဖြေကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment