Pages

Subscribe:

Tuesday, May 12, 2015

စာချုပ်သစ် ချုပ်ဆိုရန် ဘာစီလိုနာနှင့် ဒန်နီအဲလ်ဗက်စ် သဘောတူညီမှု ရရှိ



စာချုပ်သစ် ချုပ်ဆိုရန် ဘာစီလိုနာနှင့် ဒန်နီအဲလ်ဗက်စ် သဘောတူညီမှု ရရှိ

ဒန်နီအဲလ်ဗက်စ်သည် ဘာစီလိုနာနှင့် နှစ်နှစ်စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီး လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သိရသည်။

ဘရာဇီးလ် လက်ရွေးစင် ကစားသမားသည် ကလပ်အသင်း၏ တစ်နှစ်စာချုပ်သစ်ဖြင့် ကမ်းလှမ်းမှုကို ပယ်ချပြီး ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် နူးကမ့်မှ ထွက်ခွာရန် စီစဉ်ခဲ့သည်။

အဲလ်ဗက်စ်၏ အေးဂျင့်ဖြစ်သူ ဒိုင်နိုရာ ဆန်တာအန်နာသည် ဧပြီ ၉ ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး ဘာစီလိုနာနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှု ထပ်မံပြုလုပ်တော့မည် မဟုတ်ကြောင်း ဆိုခဲ့သည်။

ထို့အပြင် ဘာစီလိုနာ နောက်ခံ ကစားသမား၏ ဇနီးဟောင်းလည်းဖြစ်သည့် အန်နာက မိမိ၏ ကစားသမားကို ကလပ်အသင်းတစ်ခုက မြင့်မားသည့် လုပ်ခလစာဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

မိသားစု အခြေတကျရှိပြီး စပိန်တွင် ဘရာဇီးလ် စားသောက်ဆိုင် ဖွင့်လိုသည့် အသက် ၃၂ နှစ်အရွယ် အဲလ်ဗက်စ်သည် ဘာစီလိုနာတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေချိန်တွင် အသင်းဥက္ကဋ္ဌ ဂျိုးဇက်မာရီယာ ဘာတိုမြူက နှစ်နှစ်စာချုပ်သစ်ဖြင့် ကမ်းလှမ်းခဲ့သောကြောင့် အဲလ်ဗက်စ်အတွက် ဝမ်းမြောက်စရာ ဖြစ်ခဲ့သည်။

ဘာစီလိုနာသည် အသင်း၏ တိုက်စစ်ကို ပံ့ပိုးပေးနိုင်သော နောက်ခံလူ အဲလ်ဗက်စ်၏ ခြေစွမ်းကြောင့် သဘောထား ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ အဲလ်ဗက်စ်သည် ဘာစီလိုနာကို လာလီဂါ ဆုဖလား လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကူညီနိုင်ခဲ့သလို ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်တွင် နိုင်ရခဲ့သည့် ပွဲများ၌ အသင်း၏ အဓိကကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment