Pages

Subscribe:

Monday, May 11, 2015

စပါးအတွက် ယူရိုပါလိဂ် ကစားခွင့်သည် အရေးပါကြောင်း တိုက်စစ်မှူးကိန်း ပြောကြား



စပါးအတွက် ယူရိုပါလိဂ် ကစားခွင့်သည် အရေးပါကြောင်း တိုက်စစ်မှူးကိန်း ပြောကြား

ချန်ပီယံလိဂ် ဝင်ခွင့်နှင့် ဝေးကွာခဲ့သော်လည်း လာမည့်ရာသီ ယူရိုပါလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးစားသင့်ကြောင်း အသင်းဖော်များကို တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းက တိုက်တွန်း ပြောကြားလိုက်သည်။

စပါးသည် ပြီးခဲ့သည့် သီတင်းပတ်က စတုတ်ခ်စီးတီးကို အဝေးကွင်းတွင် (၃-၀)ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ် ဝင်ခွင့်နေရာအတွက် ခြိမ်းခြောက် ခံနေရပြီ ဖြစ်သည်။ စပါးသည် လတ်တလောတွင် အမှတ်ပေးဇယား အဆင့်(၆)၌ ရှိနေပြီး ၎င်းတို့နောက် (၁)မှတ်အကွာမှ ဖိအားပေးနေသည့် ဆောက်သမ်တန်၏ ကျော်တက်မှုကို မခံရပါက ရာသီကုန်တွင် ယူရိုပါလိဂ် ဝင်ခွင့် ရရှိမည် ဖြစ်သည်။ အကယ်၍ အာဆင်နယ်က FAဖလား ဗိုလ်လုပွဲတွင် အက်စ်တန်ဗီလာကို အနိုင်ယူခဲ့ပါက အဆင့်(၇) ရရှိသည့် အသင်းပါ ယူရိုပါလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

အင်္ဂလန်၏ တက်သစ်စ တိုက်စစ်မှူး ကိန်းက “ကျွန်တော်တို့ အနေနဲ့ ဆုဖလားတွေ အများကြီး ရယူသွားလိုပါတယ်။ ဒီရည်မှန်းချက်ကို ဖြည့်ဆည်းဖို့အတွက် ယူရိုပါလိဂ်ဟာ အခွင့်အလမ်းကောင်းတဲ့ ပြိုင်ပွဲတစ်ရပ်ပါ”ဟု ဆိုသည်။ ၎င်းက “ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး လက်ကျန် ပရီးမီးယားလိဂ် နှစ်ပွဲကို အနိုင်ရအောင် ကစားဖို့ လိုပါတယ်။ ဒါမှသာ ယူရိုပါလိဂ် ဝင်ခွင့်အတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်တိုင်းကို အလေးအနက် အာရုံစိုက်ပြီး ကစားသွားဖို့ လိုပါတယ်”ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment