Pages

Subscribe:

Tuesday, May 12, 2015

အာဂျင်တီးနား ဆန်ခါတင် စာရင်းတွင် မက်ဆီနှင့် အဓိက ကစားသမား အားလုံးပါဝင်



အာဂျင်တီးနား ဆန်ခါတင် စာရင်းတွင် မက်ဆီနှင့် အဓိက ကစားသမား အားလုံးပါဝင်
Written by  အောင်ငြိမ်းသွေး

ဘရူနိုအေးရိစ်၊ မေ ၁၂။        ။ ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မည့် အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် အဓိက ကစားသမားအားလုံးပါဝင်လာခဲ့သည်။

အာဂျင်တီးနား နည်းပြ မာတီနိုသည် တိုက်စစ်ပိုင်းတွင် မက်ဆီအပြင် မန်စီးတီး တိုက်စစ်မှူး အဂူရို၊ နာပိုလီတိုက်စစ်မှူး ဟီဂူအင်၊ ပီအက်စ်ဂျီ တိုက်စစ်မှူး လာဗက်ဇီ၊ ဘင်ဖီကာမှာ ဂိုင်တန်တို့အားလုံးကို ရွေးချယ်ခဲ့သည်။

ကွင်းလယ်ပိုင်းတွင်လည်း မာရှေယာနို၊ ဒီမာရီယာ၊ ပက်စတိုရီ၊ ဘာနီဂါနှင့် စပါးမှ လာမီလာတို့လို နာမည်ကြီး ကစားသမားများပါဝင်ခဲ့သည်။

ခံစစ်ပိုင်း၌လည်း အဓိက ကစားသမားများဖြစ်သည့် မန်ယူနောက်ခံလူ ရိုဟို၊ မန်စီးတီးမှ ဇာဘလက်တာနှင့် ဒီမစ်ချယ်လီ၊ ဇင်းနစ်မှ ဂါရေးနှင့် ဗလင်စီယာ မှ အော့တာမန်ဒီတို့ ပါဝင်လာကြသည်။

အာဂျင်တီးနားအသင်းသည် အုပ်စု(ခ)တွင် လက်ရှိချန်ပီယံဥရုဂွေး၊ ပါရာဂွေး၊ ဂျမေကာတို့နှင့် အတူ ကျရောက်လျက်ရှိပြီး ဇွန်လ ၁၄ ရက်နေ့တွင် ပါရာဂွေး အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ် ကစားရမည် ဖြစ်သည်။

အာဂျင်တီးနားအသင်း၏ နောက်ဆုံး ကစားသမား ၂၃ ဦးစာရင်းကို ဇွန်လ ၁ ရက်နေ့တွင် ကြေညာမည် ဖြစ်သည်။

အာဂျင်တီးနားအသင်း၏ ပဏာမကစားသမားစာရင်း

ဂိုး - ရိုမီယို(ဆမ်ဒိုးရီးယား)၊ ဂက်စ်မန်း(တိုက်ဂါး)၊ အန်ဒူဂျာ(နာပိုလီ)၊ မာချီဆင်(ဆန်းတို့စ်လာဂူနာ)

နောက် - ဇာဘလက်တာ(မန်စီးတီး)၊ ဒီမစ်ချယ်လီ(မန်စီးတီး)၊ ရွန်ကာဂလီယာ(ဂျီနိုအာ)၊ ဂါရေး(ဇင်းနစ်)၊ အော့တာမန်ဒီ(ဗလင်စီယာ)၊ ဖာနန်ဒက်ဇ်(ဆွမ်ဆီး)၊ ရိုဟို(မန်ယူ)၊ ကက်စ်ဆို(နယူးဝဲလ်)၊ အော်ဘန်(ဗလင်စီယာ)

လယ် - မာရှေယာနို(ဘာစီလိုနာ)၊ ဘစ်ဂ်လီယာ(လာဇီယို)၊ ဘာနီဂါ(ဆီဗီလာ)၊ ပါရေယာ(ဂျူဗင်တပ်စ်)၊ ဂါဂို(ဘိုကာဂျူနီယာ)၊ ဒီမာရီယာ(မန်ယူ)၊ မန်ကူရယ်လို(အင်ဒီပန်းဒန့်)၊ မက်ဆီရိုဒရီဂွက်ဇ်(နယူးဝဲလ်)၊ အန်ဇိုပီရက်ဇ်(ဗလင်စီယာ)၊ လာမီလာ(စပါး)၊ ပက်စတိုရီ(ပီအက်စ်ဂျီ)

ရှေ့ - မက်ဆီ(ဘာစီလိုနာ)၊ အဂူရို(မန်စီးတီး)၊ တီဗက်ဇ်(ဂျူဗင်တပ်စ်)၊ ဂိုင်တန်(ဘင်ဖီကာ)၊ ဟီဂူအင်(နာပိုလီ)၊ လာဗက်ဇီ(ပီအက်စ်ဂျီ)

Mizzima

0 comments:

Post a Comment