Pages

Subscribe:

Tuesday, May 12, 2015

ရီးယဲလ်တွင် ဘေးလ် အထီးကျန်စွာ ရပ်တည်နေရကြောင်း သတင်းများ ထွက်ပေါ်



ရီးယဲလ်တွင် ဘေးလ် အထီးကျန်စွာ ရပ်တည်နေရကြောင်း သတင်းများ ထွက်ပေါ်

ရီးယဲလ်မက်ဒရစ်တွင် ဂါရတ်သ်ဘေးလ် အနေဖြင့် တစ်စထက်တစ်စ အထီးကျန်လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၈၆)သန်းဖြင့် (၂၀၁၃)ခုနှစ်၊ နွေရာသီက တော့တင်ဟမ် ဟော့စပါးမှ ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့သည့် ဝေလ လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးသည် စပိန်စကား မပြောတတ်ခြင်းကြောင့် အဝတ်လဲခန်းထဲတွင် တသီးတခြား ဖြစ်နေတတ်ကြောင်း သိရသည်။ ဘေးလ်သည် ဘာနေဗျူးတွင် ဆက်နေလိုကြောင်း မကြာခဏ ပြောဆိုလေ့ ရှိသည့်တိုင် လတ်တလော အခြေအနေများကြောင့် ၎င်းကို မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့က စိတ်ဝင်စားလျက် ရှိသည်။

Daily Mail သတင်းစာက ဘေးလ်အတွက် ရီးယဲလ်၏ အဝတ်လဲခန်းသည် သူစိမ်းဆန်နေတတ်ကြောင်း ရေးသားခဲ့သည်။ ရီးယဲလ်သည် ဘေးလ်ကို ရောင်းချရန် ဆန္ဒ မရှိသော်လည်း ပေါင်စတာလင် သန်း(၈၀)ဝန်းကျင် ကမ်းလှမ်းမှုမျိုးကမူ ၎င်းတို့၏ စိတ်ကို အပြောင်းအလဲ ဖြစ်လာစေဖွယ် ရှိနေကြောင်းလည်း Daily Mailက ဖော်ပြခဲ့သည်။ ဘေးလ်သည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ရီးယဲလ်တွင် အဓိက ကစားသမားတစ်ဦး အနေဖြင့် ခြေစွမ်းပြခဲ့သော်လည်း ယခုရာသီတွင်မူ ဖိအားများနှင့် ရုန်းကန်နေရသည်။

Soccer Myanmar

0 comments:

Post a Comment