Pages

Subscribe:

Wednesday, May 13, 2015

ဘာစီလိုနာသည် ကမ္ဘာအကောင်းဆုံးအသင်း ဖြစ်ကြောင်း ရူမင်နစ်ဂီ ချီးကျူး



ဘာစီလိုနာသည် ကမ္ဘာအကောင်းဆုံးအသင်း ဖြစ်ကြောင်း ရူမင်နစ်ဂီ ချီးကျူး

ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာသည် ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အမှုဆောင်အရာရှိချုပ် ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီက ချီးကျူးပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် အိမ်ကွင်းတွင် ဘာစီလိုနာကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က နူးကမ့်တွင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ရလဒ်ကြောင့် ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသည်။

ထို့နောက် ရူမင်နစ်ဂီက မိမိအသင်း အနိုင်ရရှိသည့်အတွက် ဂုဏ်ယူမိကြောင်း သို့သော်လည်း နှစ်ကျော့စလုံးတွင် ဘာစီလိုနာက ပိုကောင်းခဲ့ကြောင်း ဆိုခဲ့သည်။

“ကျွန်တော်တို့က အသင်းတစ်သင်း အနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကစားသမားတွေကလည်း အကောင်းဆုံး တိုက်ပွဲဝင်ပြီး ဂိုး ၃ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဂိုး ၂ ဂိုး ပေးခဲ့ရပါတယ်။ မိနစ် ၁၈၀ ကစားအပြီးမှာ ဘာစီလိုနာက နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ခဲ့ပါတယ်။ အဲ့ဒီအတွက် ဂုဏ်ငယ်တယ်လို့ မခံယူပါဘူး။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဘာလင်မှာ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲနဲ့ လွဲခဲ့ပေမယ့် လေးနှစ်ဆက် အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်” ဟု ရူမင်နစ်ဂီက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment