Pages

Subscribe:

Tuesday, May 12, 2015

ဘောလုံးလောကတွင် ကြယ်ပွင့်ကစားသမား ရှားပါးနေဟု ဘရာဇီးလ် ဂန္ထဝင် ရော်နယ်ဒို မှတ်ချက်ပြု



ဘောလုံးလောကတွင် ကြယ်ပွင့်ကစားသမား ရှားပါးနေဟု ဘရာဇီးလ် ဂန္ထဝင် ရော်နယ်ဒို မှတ်ချက်ပြု

ယနေ့ခေတ် ဘောလုံးလောကတွင် ကြယ်ပွင့် ကစားသမားအချို့ ပျောက်ကွယ်စ ပြုနေပြီဟု ဘရာဇီးလ် ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ရော်နယ်လ်ဒိုက မှတ်ချက်ပြု ပြောကြားလိုက်သည်။

၎င်းက ရီးယဲလ်မက်ဒရစ်မှ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဘာစီလိုနာ တိုက်စစ်သမားများ ဖြစ်ကြသည့် လီယွန်နယ် မက်ဆီနှင့် နေမာတို့ကို ချီးကျူးခဲ့သော်လည်း ဘောလုံးလောက တစ်ခုလုံး ခြုံကြည့်ပါက အတောက်ပဆုံး ကြယ်ပွင့် ကစားသမားမျိုး အလွန်နည်းပါးနေပြီဟု ယူဆလျက် ရှိသည်။ ရော်နယ်လ်ဒိုသည် တစ်ခေတ် တစ်ခါက လျှမ်းလျှမ်းတောက်ခဲ့သူဖြစ်ပြီး ဘာစီလိုနာရော၊ ရီးယဲလ်တွင်ပါ ကစားဖူးသလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် အနေဖြင့်လည်း ရပ်တည်နိုင်ခဲ့ဖူးသည်။

အသက်(၃၈)နှစ် ရှိပြီဖြစ်သော ရော်နယ်လ်ဒိုက “ဇနီဒင်းဇီဒန်း ပြောခဲ့ဖူးသလိုပါပဲ။ မက်ဆီက တကယ့်ကို မယုံနိုင်စရာ ကစားသမားလို့ ကျွန်တော်လည်း ယူဆပါတယ်။ ပြီးတော့ ရော်နယ်လ်ဒိုပေါ့။ အံ့ဩစရာ ကစားသမားမျိုးပါ။ နေမာရဲ့ ခြေစွမ်းကလည်း ထူးကဲပါတယ်။ ဒါပေမဲ့လည်း ဒီနေ့ခေတ် ဘောလုံးလောကမှာ တကယ့် ကြယ်ပွင့် ကစားသမားတချို့ ပျောက်ကွယ်နေပြီလို့ ခံစားမိပါတယ်”ဟု Marcaသို့ ပြောကြားသွားသည်။ ၎င်းက ရီးယဲလ် အသင်းဖော်ဟောင်း ဇီဒန်းကဲ့သို့ ဘောလုံးနည်းပြ တစ်ဦးအဖြစ် ရပ်တည်ရန် စိတ်ကူးမရှိဟုလည်း ဆိုသည်။

“သူက ကျွန်တော့် သူငယ်ချင်းပါ။ ကျွန်တော်တို့ ဒီနေ့တင် စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ အခုတော့ သူက နည်းပြတစ်ယောက် ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီအပိုင်းမှာ လုံးဝ စိတ်မဝင်စားပါဘူး။ ဖိအားတွေက ကစားသမား ဘဝနဲ့ အတူတူပါပဲ။ ကွာတာဆိုလို့ နည်းပြက ကွင်းထဲမှာ မဟုတ်တာ တစ်ခုတည်းပါ”ဟု ရော်နယ်လ်ဒိုက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment