Pages

Subscribe:

Monday, May 11, 2015

ကလပ်စံချိန်တင် လုပ်ခလစာမျိုးဖြင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရန် မန်စီးတီး စီစဉ်



ကလပ်စံချိန်တင် လုပ်ခလစာမျိုးဖြင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရန် မန်စီးတီး စီစဉ်

မန်ချက်စတာ စီးတီးအသင်းသည် ကလပ်စံချိန်တင် လုပ်ခလစာမျိုး ပေးချေပြီး ပေါလ်ပေါ့ဂ်ဘာကို ကမ်းလှမ်း ခေါ်ယူသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဓိက ကွင်းလယ်လူ ယာယာတိုရေး အသင်းမှ ထွက်ခွာတော့မည့် အခြေအနေတွင် ဂျူဗင်းတပ်စ်၏ လူငယ်ခြေတက် ကစားသမားကို တိုက်ရိုက် အစားထိုးသွားရန် မန်စီးတီးက လိုလားနေခြင်း ဖြစ်သည်။ မန်စီးတီးသည် အသက်(၂၂)နှစ် အရွယ်ရှိ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းအတွက် စုစုပေါင်း ပေါင်စတာလင် သန်း(၇၀)ထိ အကုန်အကျခံသွားရန် လျာထားကြောင်း သိရသည်။ မန်စီးတီး အနေဖြင့် ပေါ့ဂ်ဘာကို တိုရေး၏ တစ်ပတ် ပေါင်စတာလင် (၂၂၀၀၀၀)တန် လုပ်ခလစာထက် ပိုမို ပေးချေပြီး မက်လောက်စရာ ပြောင်းရွှေ့ကြေးမျိုးဖြင့်လည်း ဂျူဗင်းတပ်စ်ထံ ကမ်းလှမ်းရန် စီစဉ်ထားရာ စုစုပေါင်း ပေါင်စတာလင် သန်း(၇၀)မျှထိ အကုန်အကျ ရှိလာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မန်စီးတီး၏ ကွင်းလယ် ကစားသမား တိုရေးသည် ယခုရာသီ အကုန်တွင် အစ်တီဟတ်ကို စွန့်ခွာရန် သေချာသလောက် ရှိနေပြီး ယင်းအခြေအနေအတွက် မန်စီးတီးက ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်သည်။ အင်တာမီလန်နှင့် ဂျူဗင်းတပ်စ်တို့သည် တိုရေးကို အပြိုင်အဆိုင် စိတ်ဝင်စားနေသော်လည်း ကစားသမား၏ လုပ်ခလစာ မြင့်မားလွန်းခြင်းက အီတလီ ကလပ်တိုင်းအတွက် အခက်အခဲ ဖြစ်နေသည်။ တိုရေးကို ပြင်သစ်ချန်ပီယံ PSG အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment