Pages

Subscribe:

Sunday, May 10, 2015

ချယ်ဆီး နဲ့ လီဗာပူး ပွဲမတိုင်ခင် သတင်းများ




ချယ်ဆီး နဲ့ လီဗာပူး ပွဲမတိုင်ခင် သတင်းများ

၁၂ လ ကြာပြီး တဲ့ နောက် ဘာတွေကွဲ ပြားခြားနားသွားပါသလဲ။ လွန်ခဲ့တဲ့ နှစ်ဒီ အချိန်လောက်မှာ ချယ်ဆီး အသင်းရဲ့ ပိတ်ဆို့ ကစားမှုကြောင့် လီဗာပူးလ် ရဲ့ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်ခဲ့ရပါတယ်။

ယခုအချိန်မှာတော့ ချယ်ဆီး အသင်း က ချန်ပီယံ ဖြစ်နေပြီး လီဗာပူးလ် အသင်းကတော့ ချန်ပီယံလိဂ် ဝင့်ခွင့် အတွက် အခွင့် အရေး နည်းပါးလွန်းနေတဲ့ အနေအထားမှာ ရှိနေပါတယ်။

စတီဗင်ဂျာရတ် အနေနဲ့ လည်း ဒီပွဲ မှာ သူ့ရဲ့ အရိပ်မည်း ကို ပယ်ဖျက်နိုင်လိမ့်မယ်လို့ မျှော်လင့် နေပါလိမ့်မယ်။ နောက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း က မော်ရင်ညို ကလည်း ဂျာရတ် ကို ချီးကျူးခဲ့သေးပြီး ဂျာရတ် ကို သာ ၂၀၀၅ ခုနှစ်က ချယ်ဆီး သို့ ခေါ်ယူနိုင်ခဲ့ရင် သူ့ ကို ပိုမိုကောင်းမွန်တဲ့ မန်နေဂျာ အဖြစ် စွမ်းဆောင်ပေးမည့်သူ လို့ပြောကြားခဲ့ပါသေးတယ်။

လီဗာပူးလ် အသင်း အနေနဲ့ အနိုင်ရရှိဖို့ လိုအပ်နေပေမဲ့ ဂိုးသွင်းယူနိုင်ဖို့ ခက်ခဲလျှက်ရှိပြီး နောက်ဆုံး လေးပွဲမှာ သုံးဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဧည့်သည် အသင်း အနေနဲ့ ချန်ပီယံ ကို ရင်ဆိုင်ဖို့ သရေရလဒ်ဟာ အကောင်းဆုံးဖြစ်မှာပါ။

နှစ်သင်းရဲ့ မှတ်တမ်းများ—

- မန်နေဂျာ သက်တမ်း ၁၃ နှစ် ရှိပြီဖြစ်တဲ့ မော်ရင်ညို ဟာ ကစားပွဲ ၃၄ တိုင်း မှာ ဆုဖလား တစ်လုံး ရရှိတဲ့မှတ်တမ်း ကိုပိုင်ဆိုင်ထားပါတယ်

- ဆိုင်မွန်မဂ်နိုလက် ဟာ ဖရေဇာဖေါ်စတာ နှင့် အတူ ပရီးမီးယားလိဂ် ၁၃ ပွဲ ပေးဂိုးမရှိ လက်စွမ်းပြထားပါတယ်

- ပီအက်ဖ်အေ အကောင်းဆုံး ကစားသမားဆုရ ဟာဇတ် ဟာ ပရီးမီးယားလိဂ် တရာသီ အတွင်း ပစ်ဒဏ် ၁၀၀ နှင့် အထက် ကျူးလွန်ခံရတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်

- လီဗာပူးလ် အသင်း ဟာ အဝေးကွင်း ခြောက် ပွဲ ရှုံးနိမ့်ခဲ့ခြင်း မရှိပဲ ငါးပွဲနိုင် တစ်ပွဲသရေကျခဲ့ပြီးနောက်ပိုင်း နောက်ဆုံး အဝေးကွင်း သုံးပွဲမှာ တစ်ပွဲ သရေ နှစ်ပွဲရှုံး သည်အထိ အဝေးကွင်း ရလဒ် ကျဆင်းခဲ့ပါတယ်။

နှစ်သင်းရဲ့ သတင်းများ—

ရာမီးယပ်စ် သည် ကျောက်ကပ် ရောဂါကြောင့် ပြီးခဲ့တဲ့ သတင်းပတ် ချယ်ဆီးပွဲမကန်ခင် က ဆေးရုံ တက်ခဲ့ရပြီး ဒီရာသီ မှာ ပြန်လည်ကစားနိုင်ဖို့ အတွက် မသေချာသေးပါဘူး။

အော်စကာ သည်လည်း ပေါင် ဒဏ်ရာကြောင့် သီတင်းခြောက်ပတ် အနားယူရမည်ဖြစ်ပါတယ်။ ဒါပေမဲ့ ဟာဇတ် ကတော့ အင်အားပြည့် ပါဝင်နိုင်မည်ဖြစ်ပါတယ်။

မော်ရင်ညို အနေနဲ့ ကော်စတာ ကိုတော့ ဂရုတစိုက် အသုံးပြုသွားမယ်လို့ မျှော်လင့်ရပြီး ချယ်ဆီး အသင်း အနေနဲ့ ပရီးမီးယားလိဂ် ဖလား ကို ရမှတ် ၉၀ အထိ ရရှိရန် ရည်ရွယ်နေပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်းမှာ—

ချက်၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ လူးဝစ်၊ ဖာဘရီဂက်စ်၊ မီခေးလ်၊ ဇူးမား၊ ဝီလျှံ၊ ဟာဇတ် နဲ့ ဒရော့ဘာ တို့ ပွဲထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။

လူးကပ်စ် အနေ နဲ့ လီဗာပူးလ် အသင်းရဲ့ လူစာရင်းမှာ ပြီးခဲ့သည့် သတင်းပတ် က ပြန်လည်ပါဝင်ခဲ့ပြီး ဘရန်ဒန်ရော့ဒ်ဂျာ ရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးလ် အသင်းအနေနဲ့ သူတို့ အကျွမ်းတဝင် ရှိတဲ့ ၃-၄-၃ ကစားကွက် ကို ပြန်လည် အသုံးပြုဖွယ်ရှိပါတယ်၊ ဘာလော့တယ်လီ ရဲ့ခြေထောက် ဒဏ်ရာက ပြန်လည် သက်သာလာပေမဲ့ စတားရိုက် ရဲ့ တင်ပါးဒဏ်ရာကတော့ နောက်ထပ် ငါးလအထိ အနားယူရမှာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်းမှာ—

မဂ်နိုလက်၊ လဗ်ရန်၊ ကန်၊ စကာတယ်လ်၊ မိုရီနို၊ ဂျာရတ်၊ လူးကပ်စ်၊ ဂျွန်ဆင်၊ ကော်တင်ဟို၊ အိုင်ဘီ၊ စတာလင် တို့ ပွဲထွက်လာဖွယ်ရှိပါတယ်။

#KS

Soccer Myanmar

0 comments:

Post a Comment