Pages

Subscribe:

Friday, May 8, 2015

နွေရာသီ မှာ ဝဲလ်ကော့ အာဆင်နယ်ကနေ ထွက်ခွာမည်မဟုတ် (အာဆင်ဝင်းဂါး)



နွေရာသီ မှာ ဝဲလ်ကော့ အာဆင်နယ်ကနေ ထွက်ခွာမည်မဟုတ် (အာဆင်ဝင်းဂါး)

တောင်ပံတိုက်စစ် ကစားသမားသည် နောက်လာမည့်နွေရာသီ တွင်စာချုပ်သက်တမ်း ပြည့်မည်ဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု မရရှိသေးပါဘူး။

အာဆင်ဝင်းဂါး က ဝဲလ်ကော့ ကို ယခုနွေရာသီ တွင် ရောင်းချသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝဲလ်ကော့ ရဲ့ စာချုပ်သစ် အတွက် သူ့ ရဲ့တာဝန်ရှိသူနဲ့ ပြောဆိုဆွေးနွေးဖို့ ခွင့်ပြုပေးထားပြီး ကစားသမားရဲ့ လက်ရှိ တစ်ပတ် လုပ်ခဟာ ပေါင် ၁၀၀၀၀၀ ဖြစ်ပြီး နောက်လာမည့် နွေရာသီ မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

၂၆ နှစ်သားဟာ ယခုရာသီ တွင် ဒူး နှင့် ပေါင်ခြံ ဒဏ်ရာများ ကြောင့် ၁၀ ပွဲသာပါဝင်ခွင့် ရရှိခဲ့ပြီး နောက် လီဗာပူးအသင်း သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခဲ့ပါတယ်။

ဝဲလ်ကော့ ကို အာဆင်နယ် အသင်း မှာ နောက်ရာသီ အထိ ဆက်လက်ထိန်းသိမ်း နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး သူ့ရဲ့ နောက်ဆုံးရာသီ အထိ စာချုပ် သက်တမ်း တိုးရန် အတွက် ပြောဆိုဆွေးနွေးရန် ခွင့်ပြုသွားမယ်လို့ ကြာသာပတေး နေ့က အာဆင်ဝင်းဂါး က ပြောကြားခဲ့ပါတယ်။

"""ဘာမှ ထူးခြားမှု မရှိသေးပါဘူး၊ ဟုတ်ပါတယ် ကျွန်တော်တို့ သူ့ကို ပြောဆိုခဲ့ပြီးပါပြီ""" လို့ အာဆင်ဝင်းဂါး က သတင်းသမားများကို ပြောကြားခဲ့ပါတယ်။

"""ဒီနေ့ ကျွန်တော် ဝဲလ်ကော့ ကို ရောင်းချသွားဖို့ စဉ်းစားမထားပါဘူး၊ ဘာပြုလို့လဲဆိုရင် ကျွန်တော် သူ့ကို အသင်းမှာ ဆက်နေသွားစေလိုပါတယ်၊ ဒါကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ၊ သူလည်းဒါကို လုပ်ဆောင်သွားမှာပါ""" လို့ အာဆင်ဝင်းဂါး ကပြောကြားခဲ့ပါတယ်။

ဝဲလ်ကော့ ဟာ ယခုရာသီ မှာ အဓိကအားဖြင့် လူစားဝင် ကစားသမားအနေနဲ့သာ ကစားခဲ့ရပါတယ်။ မတ်လ က ဝဲလ်ကော့ ဟာ အာဆင်ဝင်းဂါး နှင့် အဆင်မပြေမှု များ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး နောက် နေရာတစ်နေရာ မရရင် စာချုပ်သစ် အတွက် ဆွေးနွေး မှာ မဟုတ်ဘူးလို့ တွစ်တာ မှနေ ဖေါ်ပြခဲ့ပါတယ်။

"""ပုံမှန်တော့ ကျွန်တော် ဟာ မှားယွင်းနေတဲ့ အဖြစ်အပျက်များ အတွက် မှတ်ချက်မပေးလိုပါဘူး၊ ဒါပေမဲ့ သတင်းတွေမှာ ဖေါ်ပြနေတဲ့ စာချုပ်ရဲ့ လိုအပ်ချက် အကြောင်းအရာတွေရယ် နဲ့ နည်းပြ နဲ့ အဆင်မပြေ မှုတွေ ဖြစ်နေတယ်ဆို တာ အခြေအမြစ်မရှိတဲ့ သတင်းတွေပါပဲ၊ ကျွန်တော်တို့ စာချုပ်အတွက် ဆွေးနွေးရခြင်းမရှိသေးပါဘူး၊ ကျွန်တော်လက်ရှိ အာရုံစိုက်နေတာက စာချုပ်သစ်ကိစ္စမဟုတ်ပါဘူး၊ ကျွန်တော် အာဆင်နယ် အသင်းအတွက် ကျွန်တော့် ရဲ့ အကောင်းဆုံးတွေ ကို လုပ်ဆောင်နေဖို့ပါ""" လို့ ဝဲလ်ကော့ က ပြောကြားခဲ့ပါတယ်။

#KS

Soccer Myanmar

0 comments:

Post a Comment