Pages

Subscribe:

Tuesday, May 12, 2015

မက္ကဆီကို၏ ကိုပါအမေရိကပြိုင်ပွဲ လူစာရင်းမှ ဟာနန်ဒက်ဇ် ချန်လှပ်ခံရ



မက္ကဆီကို၏ ကိုပါအမေရိကပြိုင်ပွဲ လူစာရင်းမှ ဟာနန်ဒက်ဇ် ချန်လှပ်ခံရ

ချီလီတွင် ကျင်းပမည့် ကိုပါအမေရိပြိုင်ပွဲဝင်မည့် မက္ကဆီကိုအသင်းအတွက် ပဏာမ ကစားသမား အယောက် ၃၀ စာရင်း၌ ရီးယဲမက်ဒရစ် တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒက်ဇ် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

မက္ကဆီကို နည်းပြ မီဂွယ်ဟာရဲရားသည် ဟာနန်ဒက်ဇ်နှင့် ဗီလာရီးယဲမှ ဒေါ့ဆန်းတို့စ်အပြင် ပေါ်တိုကွင်းလယ် ကစားသမား ဟက်တာဟာရဲရားနှင့် ပီအက်စ်ဗွီမှ အန်ဒရီစ် ဂွာဒရာဒိုတို့ကိုလည်း အသင်းလူစာရင်းမှ ချန်လှပ်ခဲ့သည်။

သို့သော်လည်း ၂၀၁၄ ခုနှစ် အောက်တိုဘာလကတည်းက မက္ကဆီကိုအသင်းတွင် ပါဝင်ခဲ့ခြင်း မရှိသည့် ဂျာဗီးယား အကွီနိုမှာ အသင်းလူစာရင်းတွင် ပါဝင်လာခြ့သည်။

အဆိုပါ ကွင်းလယ်ကစားသမားသည် ရာယို ဗယ်လက်ကာနိုအသင်းတွင် ရုန်းကန်နေရပြီး ယခုနှစ် ဘောလုံးရာသီတွင် လာလီဂါ ၂၂ ပွဲ၌ ၃ ပွဲသာ ပွဲချိန်ပြည့် ကစားထားသူ ဖြစ်သည်။

၎င်းနှင့်အတူ ဗီရိုနာမှ ရာဖေးလ် မာကွက်ဇ်၊ အက်သလက်တီကို မက်ဒရစ်မှ ရာအူး ဂျင်မီနက်ဇ်နှင့် တွမ်တီမှ ဂျီးဆက် ကော်ရိုနာတို့မှာလည်း မက္ကဆီကို ကစားသမား အယောက် ၃၀ စာရင်းတွင် ပါဝင်လာခဲ့သည်။
မက္ကဆီကိုသည် ပြိုင်ပွဲမစတင်မီ ကိုပါအမေရိက ပြိုင်ပွဲဝင် အသင်းနှစ်သင်းဖြစ်သည့် ပီရူး၊ ဘရာဇီးလ် အသင်းတို့နှင့် ခြေစမ်းကစားမည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment