Pages

Subscribe:

Saturday, January 31, 2015

မြန်မာ U-20 4:1 ရှက်တာဒိုးနပ် U-21



မြန်မာ U - 20 အသင်းနှုင့် ရှက်တာဒိုး
နတ် U - 21 (ယူကရိန်း)အသင်းတို့ ခြေ
စမ်းကစားကြရာမြန်မာ U - 20 အသင်းမှ ၄ : ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်မြန်မာ
အသင်းအတွက်ဂိုးများကို ၁၃ မိနစ်တွင်
ရှိသောပန်နယ်တီကိုနန္ဒကျော်မှသွင်းယူခဲ့ သည်ဒုတိယဂိုးကိုလည်း ၃၅ မိနစ်
တွင်အဝေးကန်ချက်ဖြင့် သွင်းယူခဲသည်တတိယဂိုးကို ၆၃ မိနစ်တွင်သန်းပိုင်မှသွင်းယူခဲ့ သည် ၈၆ မိနစ်တွင်အောင်သူမှစတုထ္ထဂိုးသွင်းယူခဲ့ သည်
ရှက်တာဒိုးနတ် U -21 အသင်းအတွက်
တစ်လုံးတည်းသောဂိုးကို ၈၁ မိနစ်
တွင်ကျောနံပါတ် ၉ မှသွင်းယူခဲ့ သည်၊

Myanmar Football Federation

ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ဝင်းနက်စ်ဒေး အသင်းကို ထိုင်း စီးပွားရေး အုပ်စုတစ်ခုမှ ၀ယ်ယူ



Written by  ဝေဘုန်းလူ
ရှက်ဖီးလ်၊ ဇန်န၀ါရီ ၃၀။    ။အင်္ဂလန်ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ဝင်းနက်စ်ဒေးအသင်းကို ဒီဖွန်ချန် စီရီဦးဆောင်သည့် ထိုင်းစီးပွားရေး လုပ်ငန်းရှင် အဖွဲ့တစ် ဖွဲ့မှ ၀ယ်ယူ လိုက်ပြီဖြစ်သည်။
ထိုင်းယူနီယံဖရိုး ဇန်းအုပ်စုကိုပိုင်ဆိုင်သည့် ချန်စီရီ မိသားစုသည် ရှက် ဖီးလ်အသင်း၏ ရှယ်ယာ ၁၀၀ ရာခိုင် နှုန်းစလုံးကို ပိုင်ဆိုင် ခဲ့ခြင်းခြင်းဖြစ်သည်။ ၂၀၁၀ ဒီဇင်ဘာတွင်ရှက်ဖီးလ်အသင်းဥက္ကဌဖြစ်လာသည့် မီလန်မန်ဒ ရစ်သည် ယခုလဆန်းပိုင်းကတည်းက သင့်တော်သည့် ရင်းနှီးမြှပ်နှံ သူများနှင့်ဆွေးနွေးနေသည် ဟုပြောကြားထားခဲ့ သည်။
"အသင်းကိုလွှဲပြောင်းယူနိုင်ခဲ့လို့ သိပ်ကိုစိတ် လှုပ်ရှားမိပါတယ်။ ဒီအသင်း ဟာကြီးမားတဲ့ အဟုန်နဲ့ တိုးတက်နေ တယ်လို့ယုံကြည်ပြီး အသင်းအောင်မြင်ရေးအ တွက်လည်း အစွမ်းကုန်ကြိုးစား  သွားမယ်လို့ ပရိသတ်တွေကို အသိပေး လိုပါတယ်" ဟု ချန်စီရီက အသင်းပိုင် ၀က်ဘ်ဆိုက် သို့ပြောကြား ခဲ့သည်။
အသင်း ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း စာချုပ် ကိုဘောလုံးလိဂ်မှ အတည်ပြု လက်မှတ်  ထိုးပေးရန်သာ  ကျန်ရှိတော့ သည်။ ရှက်ဖီးလ်ဝင်း နက်စ်ဒေး အသင်းသည် ချန်ပီယံရှစ်တွင် အဆင့်ကိုးနေရာ၌ရပ်တည်နေပြီး တန်းတက်ခွင့်အတွက် ပလေးအော့ဖ်ကစားရမည့် အဆင့်ခြောက်နေရာနှင့် ကိုးမှတ်ကွာ ဟသောနေရာတွင် ရှိနေသည်။

Ref: BBC
Mizzima

ကာရစ်၏ ဒဏ်ရာက ယူနိုက်တက် အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်လာ



မိုက်ကယ်ကာရစ် ဒဏ်ရာရသွားခြင်းက မန်ချက်စတာ ယူနိုက်တက်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာကြောင်း သိရှိရသည်။

အသက်(၃၃)နှစ်ရှိ အင်္ဂလန် ဝါရင့် ကစားသမားသည် ရာသီအစပိုင်းက ဒဏ်ရာများကြောင့် အနားယူခဲ့ရဖူးပြီး နောက်ပိုင်းတွင် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အားအကိုးဆုံး လက်ရုံးတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် ဗန်ဂါးလ် လက်အောက်တွင် (၁၄)ပွဲထိ ကစားခဲ့သော်လည်း ကြွက်သားဒဏ်ရာကြောင့် စနေနေ့ည လက်ဆက်စတာ စီးတီးနှင့် ကစားမည့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။ တစ်ဖက်တွင်မူ တောင်ပံလူ အက်ရှ်လေယန်းသည် တံကောက်ကြော ဒဏ်ရာမှ သက်သာလာနေပြီ ဖြစ်သည်။

ဗန်ဂါးလ်က “ယန်းက ပြန်ကောင်းလာပါပြီ။ အခုလောလောဆယ် ဒဏ်ရာရနေတာ ကာရစ်တစ်ယောက်ပဲ ရှိတယ်။ သူက ဒီသီတင်းပတ်ကုန် ပွဲစဉ်မှာတော့ မပါနိုင်လောက်ဘူး။ ကာရစ်ရဲ့ ဒဏ်ရာက (၄)ပတ်လောက်ထိ နားရနိုင်တယ်။ ကြွက်သား စုတ်သွားတာဟာ အသေးစား ဒဏ်ရာမျိုးတော့ မဟုတ်ဘူး။ သူဟာ အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါပေမဲ့ မန်နေဂျာ တစ်ယောက်အတွက် ဒီအခြေအနေတွေကို ကိုင်တွယ်ရမှာပဲလေ။ ပြီးတော့ ဒီရာသီမှာ အသင်းက ဒဏ်ရာပြဿနာတွေ အများကြီး ကြုံခဲ့တယ်။ ကာရစ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ။ ဒါပေမဲ့ အခုသူ ဒဏ်ရာရနေတယ်။ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ဘူး”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက်တွင် ကာရစ် ဒဏ်ရာရနေသလို ဒါရင်ဖလက်ချာနှင့် အန်ဒါဆန်တို့မှာလည်း အသင်းမှ ထွက်ခွာရန် စီစဉ်နေခြင်းကြောင့် လာမည့်ပွဲစဉ်များတွင် ဗန်ဂါးလ်သည် ကွင်းလယ်အတွက် အန်ဒါဟာရဲရာ၊ ဒါလေဘလင်းနှင့် မော်ရိုဖယ်လိုင်နီတို့ကိုသာ အဓိက အသုံးပြုသွားရဖွယ် ရှိနေသည်။

Soccer Myanmar

ဝုလ်ဖ်ဘာ့ဂ်၏ တန်ပြန်တိုက်စစ် ကစားပုံကို ဘိုင်ယန် မထိန်းချုပ်နိုင်ခဲ့ဟု ဂွာဒီယိုလာ ဝန်ခံ



ဘွန်းဒစ်လီဂါတွင် တစ်ရာသီလုံး အရှုံးမရှိ ဖြတ်သန်းနေသည့် စံချိန် ပျက်ပြယ် သွားရသည့်နောက် မိမိတို့သည် ဝုလ်ဖ်ဘာ့ဂ်၏ တန်ပြန်တိုက်စစ် ကစားပုံကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ဘိုင်ယန်မြူးနစ် နည်းပြ ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာက ဝန်ခံ ပြောကြားခဲ့သည်။

ဝုလ်ဖ်ဘာ့ဂ်သည် အိမ်ကွင်း ဗော့စ်ဝက်ဂွန်း အေရီနာတွင် လက်ရှိ ဘွန်းဒစ်လီဂါ ချန်ပီယံနှင့် အမှတ်ပေးဇယား ဦးဆောင်သူ ဘိုင်ယန်ကို (၄-၁)ဖြင့် အပြတ်အသတ် ချေမှုန်းနိုင်ခဲ့သည်။ ယခုပွဲစဉ် မစတင်မီတွင် နှစ်ဖက် အသင်းသားများသည် ယာဉ်မတော်တဆမှု တစ်ခုကြောင့် ကွယ်လွန်ခဲ့သည့် ဝုလ်ဖ်ဘာ့ဂ် လူငယ် ကစားသမား ဂျူနီယာ မာလန်ဒါအတွက် ဝမ်းနည်းမှု အထိမ်းအမှတ် အဖြစ် ငြိမ်သက် ခဲ့ကြသေးသည်။ ယခုပွဲတွင် ဝုလ်ဖ်ဘာဂ်သည် ဘတ်စ်ဒေါ့စ်နှင့် ကီဗင်ဒီဘရုမ်းတို့က နှစ်ဂိုးစီ သွင်းယူကာ ဘိုင်ယန်အတွက် ဟွမ်ဘားနတ်က တစ်ဂိုးသာ ပြန်လည် ချေပနိုင်ခဲ့သည်။

ဘိုင်ယန်သည် ယခုပွဲ အရေးနိမ့်ခဲ့သည့်တိုင် အမှတ်ပေးဇယား ဒုတိယ နေရာမှ ဝုလ်ဖ်ဘာ့ဂ်ကို (၈)မှတ်ထိ ဖြတ်ထားဆဲ ဖြစ်သည်။ ဂွာဒီယိုလာက မိမိတို့သည် ဝုလ်ဖ်ဘာ့ဂ် နည်းပြ ဒီယက်တာ ဟက်ကင်၏ အစွမ်းကုန် မြန်နှုန်းမြှင့်တင် ကစားသွားသည့် တန်ပြန်တိုက်စစ် ဗျူဟာအတွက် အဖြေရှာ မရခဲ့ဟု ဝန်ခံခဲ့သည်။ “ဝုလ်ဖ်ဘာ့ဂ်က ဂိုးစောစော ရသွားတဲ့အခါ ပထမပိုင်း တစ်ပိုင်းလုံးကို ကျွန်တော်တို့ မထိန်းချုပ်နိုင်တော့ဘူး။ ဝုလ်ဖ်ဘာ့ဂ်ကို ဂုဏ်ပြုရပါမယ်။ အခုအချိန်မှာ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းနေတယ်။ သီတင်း(၆)ပတ်ကြာ နားရက်အပြီးမှာ ကျွန်တော်တို့ ပွဲဆက်ပြတ်နေပါတယ်။ ဒီအတွက် ပြန်လေ့ကျင့် ပြင်ဆင်ဖို့ လိုတယ်” ဟု စပိန်သား နည်းပြက ဆိုသည်။

ဘိုင်ယန်ကွင်းလယ်လူ ဘက်စတိန်း ရှဝိန်းစတိုင်ဂါကလည်း “ကျွန်တော်တို့ တိုက်စစ်ကစားပုံမှာ အပျက်များခဲ့တယ်။ နောက်တစ်ချက်က တန်ပြန်တိုက်စစ် ကစားပုံ အားကောင်းတဲ့ အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရတုန်းပဲ။ တစ်ဖက်မှာ ဒီဘရုမ်းလို တန်ပြန်တိုက်စစ် အားသန်တဲ့ ကစားသမားတွေ ရှိနေတယ်လေ။ အခုတော့ ကျွန်တော်တို့ ဒီအားနည်းချက်တွေကို ပြန်ဆန်းစစ်ဖို့ လိုပြီ” ဟု မှတ်ချက်ပြု ခဲ့သည်။ ဂိုးသမား မန်နျူရယ်လ် နျူအာကလည်း “ရလဒ်ကတော့ မကောင်းဘူး။ ဒါပေမဲ့ အသင်းအတွက် ကပ်ဆိုက်သွားတာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ် ဆိုတာ သိသာသွားတာပေါ့။ ကျွန်တော်တို့ဟာ အဆုံးအဖြတ် ပွဲတွေမှာ ရှုံးခဲ့တယ်။ ပိုဆိုးတာက ပြိုင်ဘက်တွေဟာ ဂိုးသမားဖြစ်တဲ့ ကျွန်တော့်ဆီ တစ်ယောက်တည်း ဘောလုံးဆွဲပြေးလာနိုင်ကြတယ်။ ဒီအခြေအနေက မလွယ်ပါဘူး”ဟု ပြောကြားသွားသည်။

Soccer Myanmar

ဒီဂီယာကို အသင်းတွင် ဆက်ရှိနေစေလိုသော်လည်း အာမမခံနိုင်ဟု ဗန်ဂါးလ်ဝန်ခံ



မိမိ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင် ဒေးဗစ်ဒီဂီယာကို ကာလရှည်ကြာ ဆက်ရှိစေလိုကြောင်း အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝန်ခံ ပြောကြားခဲ့သည်။

အသက်(၂၄)နှစ်ရှိ စပိန်လက်ရွေးစင် ဂိုးသမားကို ရီးယဲလ်မက်ဒရစ် အသင်းက အလေးအနက် စိတ်ဝင်စားနေချိန်တွင် ဗန်ဂါးလ်က ဒီဂီယာ၏ အိုးလ်ထရက်ဖို့ဒ် အနာဂတ်အပေါ် မည်သူမျှ အာမ မခံနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ရီးယဲလ်သည် အသက်အရွယ် ရလာပြီဖြစ်သည့် အိုင်ကာကားဆီးလက်စ် နေရာတွင် ရေရှည် အစားထိုးရန် ဒီဂီယာကို ကာလ ရှည်ကြာ စောင့်ကြည့်နေသည်။ ယခုရာသီ အထူးလက်စွမ်းပြပြီး ပရိသတ် အချစ်တော်အဖြစ် ရပ်တည်နေသည့် ဒီဂီယာ၏ စာချုပ်သည် (၁၈)လသာ သက်တမ်းကျန်တော့ပြီး လက်ရှိအချိန်ထိ စာချုပ်သက်တမ်း တိုးမြှင့်ရန် အဆင်မပြေသေးဘဲ ဖြစ်နေသည်။

ဗန်ဂါးလ်က “ဒီဂီယာ့ စာချုပ်ကိစ္စက ကစားသမားနဲ့ အသင်းဘုတ်အဖွဲ့ကြားမှာ ရှိနေတဲ့ မေးခွန်းပါ။ ကမ္ဘာ့ဘောလုံးလောကမှာ ဘာမဆို ဖြစ်ပျက် ပြောင်းလဲသွားတတ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ သူ့ကို ဆက်ပြီး ထိန်းထားချင်ပါတယ်”ဟု ဝန်ခံခဲ့သည်။ ယူနိုက်တက်သည် ဆောင်းရာသီ ဈေးကွက်တွင် စပိန်ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်နှင့် ဆဲလ်ဖို့ဒ်စီးတီးမှ လူငယ်ခံစစ်မှူး ဆာဒစ်အယ်လ်ဖီတူရီတို့ကို ခေါ်ယူခဲ့သော်လည်း နောက်ထပ် လူသစ်များ ဝယ်ယူအားဖြည့်မည် မဟုတ်ဟု ဗန်ဂါးလ်က ဆိုသည်။ အန်ဒါဆန်၊ ဝီလ်ဖရိုက်ဒ်ဇာဟာ၊ ဒါရင်ဖလက်ချာနှင့် တတိယဦးစားပေး ဂိုးသမား အန်ဒါလင်ဒီဂါ့ဒ်တို့မှာမူ ဈေးကွက်မပိတ်မီ အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားမည့် အလားအလာ ရှိနေသည်။

သတင်းထောက် များက လူသစ်များ ခေါ်ယူရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ နယ်သာလန်သား မန်နေဂျာကြီးက “ဟင့်အင်း။ သတင်းစာတွေထဲမှာ ကျွန်တော်က ဘယ်ကစားသမားကို စိတ်ဝင်စားနေပါတယ် ဆိုတာတွေ နေ့တိုင်း ဖတ်နေရတယ်။ ကျွန်တော် ဘယ်ကစားသမားကိုမှ ခေါ်ဖို့ လောလောဆယ် အစီအစဉ် မရှိဘူး။ ကစားသမား တချို့ကို ထွက်ခွာခွင့်ပေးဖို့၊ ရောင်းထုတ်ဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့မှ မယုံဘဲလေ”ဟု ဖြေကြားသွားသည်။

Soccer Myanmar

Friday, January 30, 2015

ဗီလာနှင့်ပွဲတွင် အာဆင်နယ်၌ ဆန်းချက်ဇ် ဝင်ကစားဖြစ်ရန် မသေချာဘဲရှိနေ



အာဆင်နယ် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်သည် အက်စ်တန်ဗီလာနှင့် ပွဲစဉ်တွင် ပါဝင် ကစားရန် မသေချာသေးဘဲ ဖြစ်နေကြောင်း သိရသည်။

နွေရာသီ ဈေးကွက် ကာလအတွင်း ဘာစီလိုနာမှ ပြောင်းရွှေ့လာပြီးနောက် ကလပ်အသင်း၏ ထိပ်တန်း ဂိုးသွင်းသူအဖြစ် ရပ်တည်နေသည့် ချီလီလက်ရွေးစင်သည် တံကောက်ကြောဒဏ်ရာ ပြဿနာ အချို့ ရှိနေကြောင်း သတင်းများက ဆိုသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် ကစားမည့် ပွဲစဉ်မတိုင်မီ စနေနေ့၌ ကြံ့ခိုင်မှု စမ်းသပ်ချက် ခံယူရမည်ဖြစ်ပြီး အဆင်သင့် မဖြစ်သေးပါက ဗီလာနှင့်ပွဲကို လွဲချော်ဖွယ် ရှိနေသည်။ ဆန်းချက်ဇ်သည် ယခုရာသီ အာဆင်နယ်၏ ပရီးမီးယားလိဂ် ပွဲစဉ်အားလုံးနီးပါး ကစားပြီး တစ်ပွဲသာ လွဲချော်ခဲ့သည်။ ၎င်းသည် အာဆင်နယ် ရရှိထားသည့် သွင်းဂိုး အားလုံး၏ ထက်ဝက်ကျော်ကို ကိုယ်တိုင်သွင်းယူခြင်း၊ သို့မဟုတ် ပံ့ပိုးခြင်းများဖြင့် ထောက်ကူပေးထားခဲ့သည်။

အကယ်၍ ဗီလာနှင့်ပွဲတွင် ဆန်းချက်ဇ် မပါဝင်နိုင်ပါက မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းသည် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆန်းချက်ဇ် မရှိဘဲ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုကို မိနစ်(၉၀)ပြည့် ကစားရန် အကြောင်းဖန်လာဖွယ် ရှိသည်။ လတ်တလောတွင် အာဆင်နယ် တိုက်စစ်၌ ဒန်နီဝဲလ်ဘက် ပြန်ကစားရန် အလွန်နီးစပ်နေပြီဟု ဝင်းဂါးက အတည်ပြုထားပြီး အဲလက်စ်အော့စ်လိဒ် ချမ်ဘာလိန်၊ ဂျက်ဝီလ်ရှိုင်းယားနှင့် မစ်ကယ် အာတီတာတို့မှာမူ အနားယူနေရဆဲ ဖြစ်သည်။

Soccer Myanmar

ပြိုင်ဘက်ကို ကန်ခဲ့သည့် အတွက် ရော်နယ်လ်ဒို နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ



ပြိုင်ဘက် ကစားသမားကို ကန်ကျောက်ခဲ့သည့် ဖြစ်ရပ်အတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို စပိန်ဘောလုံး အဖွဲ့ချုပ်က (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်နှင့် ကော်ဒိုဘာတို့ ကစားသည့် လာလီဂါ ပွဲစဉ်တွင် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် ကော်ဒိုဘာ ကစားသမား အက်ဒီမာကို ကန်ကျောက်ခဲ့သဖြင့် အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရသည်။ ရီးယဲလ်သည် အဆိုပါ အဝေးကွင်း ပွဲစဉ်ကို ကျပ်ကျပ်တည်းတည်း ကစားခဲ့ရသော်လည်း နောက်ဆုံးမိနစ်ပိုင်းတွင် ရရှိသည့် ပင်နယ်တီကို ဂါရတ်ဘေးလ်က ဝင်အောင်ကန်သွင်းနိုင်သဖြင့် (၂-၁)ဖြင့် အနိုင်ရခဲ့သည်။ ရော်နယ်လ်ဒိုသည် ယင်းပွဲစဉ်တွင် ဟိုဆေး ခရက်စ်ပိုကို လက်ဖြင့် ရိုက်သကဲ့သို့ ဖြစ်ခဲ့သေးသော်လည်း ဒိုင်က မမြင်ခဲ့ဘဲ နောက်ထပ် မိနစ်အနည်းငယ် အကြာမှသာ အက်ဒီမာကို ကန်သည့်အတွက် ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ရော်နယ်လ်ဒိုက Twitterမှတစ်ဆင့် “လူတိုင်းကို တောင်းပန်ချင်ပါတယ်။ အထူးသဖြင့် အက်ဒီမာကိုပေါ့။ ကျွန်တော့်အနေနဲ့ ဒီပွဲမှာ ကြမ်းကြမ်းတမ်းတမ်း လုပ်ခဲ့မိပါတယ်”ဟု ရေးသား တောင်းပန်ခဲ့သည်။ ယခုအခါ စပိန်လာလီဂါ တာဝန်ရှိသူများက ရော်နယ်လ်ဒိုအား လာမည့် လာလီဂါ ပွဲစဉ်နှစ်ပွဲအတွက် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဂိုးသွင်းခဲ့သည့် ဘေးလ်က “ရော်နယ်လ်ဒိုကတော့ အနီကတ် ထိခဲ့တဲ့အတွက် တော်တော်လေး စိတ်ပျက်သွားပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါမျိုးတွေက ကြုံရတတ်ပါတယ်”ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

Soccer Myanmar

တစ်နေ့နေ့တွင် ဂျရတ်သည် လီဗာပူးလ်၏ မန်နေဂျာ ဖြစ်လာမည်ဟု စတားရစ်ဂ်ျ မှတ်ချက်ပြု



တစ်နေ့နေ့တွင် လီဗာပူးလ် အသင်း၏ မန်နေဂျာအဖြစ် စတီဗင်ဂျရတ် ပြန်လည် ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း ဒန်နီရယ်လ် စတားရစ်ဂ်ျက မှတ်ချက်ပြု ပြောကြားလိုက်သည်။

လီဗာပူးလ်၏ သက်တော်ရှည် အသင်းခေါင်းဆောင်ကြီး ဂျရတ်သည် စာချုပ်သက်တမ်း ကုန်ဆုံးချိန် လာမည့် နွေရာသီတွင် အမေရိကန်ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီသို့ ကူးပြောင်းတော့မည် ဖြစ်သည်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး စတားရစ်ဂ်ျသည် ဒဏ်ရာ ပြဿနာများကြောင့် (၅)လမျှ အနားယူနေပြီးနောက် ဝက်စ်ဟမ်းယူနိုက်တက်နှင့် ပွဲစဉ်တွင် ပရီးမီးယားလိဂ်၌ တစ်ကျော့ပြန် ကစားရန် နီးစပ်နေသည်။ ၎င်းက အသက်(၃၄)နှစ်ရှိ ဂျရတ်သည် အန်းဖီးလ်ကို ကျောခိုင်းသွားသော်လည်း တစ်နေ့နေ့တွင် မန်နေဂျာအဖြစ် ပြန်လာပြီး ၎င်းလက်အောက်တွင် မိမိကိုယ်တိုင် ပါဝင်ကစားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။

“သူထွက်ခွာသွားတာက ကြေကွဲစရာပါ”ဟု စတားရစ်ဂ်ျက ဆိုသည်။ ၎င်းက “ဘာပဲဖြစ်ဖြစ် ဂျရတ်ဟာ သိပ်မကြာခင် အသင်းကို ပြန်ရောက်လာနိုင်ပါတယ်။ သူဟာ တစ်နေ့နေ့မှာ လီဗာပူးလ်ကို မန်နေဂျာအဖြစ် ကိုင်တွယ်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲတယ်။ လီဗာပူးလ်အတွက်၊ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် သူဘာတွေ လုပ်ပေးခဲ့တယ် ဆိုတာက စကားလုံးတွေနဲ့ ပြောဆိုနေလို့ မရပါဘူး။ သူဟာ ဒီနေ့ ဒီအချိန်ထိ ဘောလုံးလောကရဲ့ စံနမူနာ ကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။ ကျွန်တော်က သူ့ကို လေးစားမှု အပြည့်နဲ့ မော်ကြည့်နေ ရတာပါ။ အသင်းသား အားလုံးလည်း တူတူပဲလို့ ထင်ပါတယ်။ ဂျရတ်ကို ကျွန်တော်တို့ အားလုံး လွမ်းနေပါလိမ့်မယ်။ သူဟာ ကျွန်တော့်ကို ကစားသမား တစ်ယောက် အနေနဲ့ရော၊ လူတစ်ယောက် အနေနဲ့ပါ အများကြီး တိုးတက်လာအောင် ကူညီ လမ်းပြခဲ့သူ ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

ပြိုင်ဘက်ကို ကြမ်းတမ်းစွာ ပြုမူကြောင်း FA၏ စွဲချက်ကို ကော်စတာ ငြင်းဆို



ချယ်လ်ဆီး အသင်း၏ တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ပြိုင်ဘက်ကို ကြမ်းတမ်းစွာ ပြုမူမှုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)ထံမှ စွဲချက်တင်မှုကို တုံ့ပြန်ရင်ဆိုင်သွားမည်ဟု သိရသည်။

Capital One အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွင် လီဗာပူးလ် ကွင်းလယ်လူ အမ်မရီကန်ကို တက်နင်းခဲ့သည် ဆိုသော စွဲချက်ကို စပိန် လက်ရွေးစင် တိုက်စစ်မှူးက ငြင်းပယ်ခဲ့သည်။ အကယ်၍ ကော်စတာက အဆိုပါ စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံပါက (၃)ပွဲပယ် ပြစ်ဒဏ်တစ်ရပ် အလိုအလျောက် သက်ရောက်လာမည် ဖြစ်သော်လည်း ယခုအခါ ၎င်း၏ ဖြေရှင်းချက်အတွက် ကြားနာသွားမည် ဖြစ်သည်။ ယင်းကြားနာမှုကို သောကြာနေ့တွင် ပြုလုပ်ဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။

ထို့အပြင် ကော်စတာသည် စွဲချက်အတွက် အပြစ်ရှိမရှိ ဆိုသည့် ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့၊ မန်ချက်စတာ စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ချမှတ်သွားနိုင်ကြောင်း သိရှိရသည်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည်လည်း FAအပေါ် ဝေဖန်စကားအချို့ ပြောဆိုမှုကြောင့် ပေါင်စတာလင် (၂၅၀၀၀) ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချမှတ် ခံခဲ့ရသည်။ ယင်းအခြေအနေများတွင် ချယ်လ်ဆီးသည် ၎င်းတို့ပုံမှန် ပြုလုပ်နေကျ အပတ်စဉ် မီဒီယာ တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့ကြောင်းလည်း သိရသည်။

Soccer Myanmar

စထရွတ်မန်း ဒူးဒဏ်ရာ ခွဲစိတ်မှု ခံရမည်ဟု ရိုးမားကြေညာ



ရိုးမားအသင်း၏ ကွင်းလယ် ကစားသမား ကီဗင်စထရွတ်မန်းသည် ဒူးတွင် ဒဏ်ရာရရှိခဲ့သည့်နောက် ခွဲစိတ်မှုတစ်ရပ် ခံယူရမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရာသီကလည်း ဆိုးရွားသော ဒူးဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူခဲ့ရသည့် နယ်သာလန် လက်ရွေးစင် သည် နောက်ထပ်တစ်ကြိမ် ကံဆိုးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဒုက္ခပေးနေသည့် ဘယ်ဘက်ဒူးတွင် အရေးပါသည့် ခွဲစိတ် ကုသမှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း အီတလီ စီးရီးအေ ကလပ်အသင်းက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန် ကြေညာသည်။ ထို့ကြောင့် ၎င်းသည် နောက်ထပ် လအတန်ငယ်မျှ အနားယူရမည့် သဘောဖြစ်သည်။

စထရွတ်မန်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ နှောင်းပိုင်းမှစကာ အနားယူခဲ့ရပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ခဲ့သလို ယခုရာသီတွင်လည်း ခရစ္စမတ် ကာလဝန်းကျင်မှ ပြန်ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ ရိုးမားအသင်းက စထရွတ်မန်း၏ ဒူးတွင် တစ်သျှူးများ ပြန်လည် တည်ဆောက်မှု မှန်ကန်စေရန်အတွက် ခွဲစိတ်မှုတစ်ခု ပြုလုပ်ရမည်ဟု ဆိုသည်။ “ဗုဒ္ဓဟူးနေ့မှာ စထရွတ်မန်းဟာ စစ်ဆေးမှုတွေ ခံယူခဲ့ပါတယ်။ သူ့ရဲ့ဒူးမှာ တစ်သျှူးစုဖွဲ့မှုက အရှုပ်အထွေးတွေ ရှိနေတာ တွေ့ခဲ့ရတယ်။ ဒါကို ခွဲစိတ်မှု တစ်ခုပြုလုပ်ပြီး ဖယ်ရှားရမှာ ဖြစ်ပါတယ်။ သောကြာနေ့ကျရင် အမ်စတာဒမ်မှာ ခွဲစိတ်မှု လုပ်ပါမယ်။ ခွဲစိတ်မှုပြီးမှ သူ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ဆန်းစစ်ပါမယ်”ဟု ရိုးမား၏ ကြေညာချက်တွင် ပါရှိသည်။

စထရွတ်မန်း အနေဖြင့် မည်၍မည်မျှ အနားယူရမည် ဆိုခြင်းကိုမူ ရိုးမားက သတင်းထုတ်ပြန်ခြင်း မရှိချေ။ စထရွတ်မန်းကို မန်ချက်စတာ ယူနိုက်တက်က အလေးအနက် စိတ်ဝင်စားနေသော်လည်း ကစားသမား၏ ဒဏ်ရာ ပြဿနာများကြောင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေဖွယ် ရှိကြောင်းလည်း သိရှိရသည်။

Soccer Myanmar

ဆောင်းရာသီ ဈေးကွက် မပိတ်မီ ယူနိုက်တက်မှ အန်ဒါဆန် ထွက်ခွာဖြစ်ဖွယ်ရှိ



မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အန်ဒါဆန်သည် ဇန်နဝါရီ ဈေးကွက်ကာလ အတွင်းမှာပင် အသင်းမှ ထွက်ခွာနိုင်ခြေ ရှိနေကြောင်း သိရှိရသည်။
ယူနိုက်တက်သည် ဘရာဇီးလ် ကစားသမားကို အသင်းမှ ထွက်ခွာရန် ခွင့်ပြုထားပြီး ဖြစ်သော်လည်း အန်ဒါဆန်အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရှိသဖြင့် ကစားသမားသည် အိုးလ်ထရက်ဒ်ဖို့ဒ်တွင် ဆက်လက် သောင်တင်နေခဲ့သည်။ သို့သော်လည်း ယခုအခါ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်လ်က အန်ဒါဆန်အတွက် ချဉ်းကပ်လာပြီး ယူနိုက်တက်နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ အကယ်၍ ယင်းကိစ္စ အဆင်ပြေပါက အန်ဒါဆန်သည် ယခုဈေးကွက် ကာလအတွင်းတွင်ပင် အသင်းပြောင်းဖြစ်ရန် နီးစပ်နေသည်။
ယူနိုက်တက်သည် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် နေရာမရသည့် ပိုလျှံကစားသမားများကို ရှင်းထုတ်သွားရန် စီစဉ်နေသည်။ အန်ဒါဆန်အပြင် စကော့တလန် ကွင်းလယ်လူ ဒါရင်ဖလက်ချာသည်လည်း ဝက်စ်ဟမ်းယူနိုက်တက်၊ ဝက်စ်ဘရွန်းဝစ်ခ်ျ၊ ဗလန်စီယာ အစရှိသော အသင်းများ၏ ချိတ်ဆက်မှုကို ခံနေရပြီး အသင်းမှ ထွက်ခွာဖြစ်ဖွယ် ရှိနေသည်။ အန်ဒါဆန်ရော၊ ဖလက်ချာပါ နွေရာသီတွင် စာချုပ်သက်တမ်း ကုန်မည် ဖြစ်သော်လည်း ယင်းထက် အချိန်စောပြီး ယူနိုက်တက်နှင့် လမ်းခွဲရန် အကြောင်းဖန်လာခဲ့သည်။
အခြားသော သတင်းများအရ ယူနိုက်တက်သည် ဆဲလ်ဖို့ဒ်စီးတီးမှ အသင်းသို့ လာရောက် အစမ်းသပ်ခံ လေ့ကျင့်နေသည့် အသက်(၂၀)အရွယ် လူငယ် ကစားသမားလေး ဆာဒစ်ခ်အယ်လ် ဖီတူရီကို (၁၈)လ စာချုပ်တစ်ရပ် ချုပ်ဆို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ညာနောက်ခံ နေရာတွင် ကစားသည့် အယ်လ်ဖီတူရီသည် ယူနိုက်တက် အသက်(၂၁)နှစ်အောက် အသင်းနှင့်အတူ အစမ်းသပ်ခံ ကစားပြီးနောက် လူငယ်အသင်း နည်းပြများ၏ အထင်ကြီးမှုကို ရရှိခဲ့ပြီးနောက် ယူနိုက်တက်က ၎င်းကို စာချုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဟု သိရှိရသည်။

ှSoccer Myanmar

Thursday, January 29, 2015

ပရီးမီးယားလိဂ် တွင်ကစား ရန်အိပ်မက်ခဲ့ဟု အာဆင်နယ်နောက်ခံ လူသစ် ပေါ်လစ္စ တာပြော



Written by  ဝေဘုန်းလူ
လန်ဒန်၊ ဇန်န၀ါရီ ၂၉။     ။ ပရီးမီးယားလိဂ် တွင်ကစားရန် အိပ်မက် ခဲ့ကြောင်း အာဆင်နယ်နောက် ခံလူသစ် ဂါဘရီ ရယ်ပေါ် လစ္စတာ ကပြောကြား ခဲ့သည်။ ယင်းနောက်ခံ လူသည် အာဆင်နယ် အသင်း သို့ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းဖြင့်ရောက်ရှိ လာခြင်းဖြစ် ပြီးလေးနှစ်ခွဲ စာချုပ်ချုပ် ဆိုခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် အပြန်အလှန် အားဖြင့် တိုက်စစ်မှူး ဂျိုယေးကမ်းဘဲလ်ကို ဗီလာရီးယဲလ်သို့ ရာသီကုန်အထိအငှားပြန် ချပေးခဲ့သည်။ အသက် ၂၄နှစ် အရွယ်ရှိယင်း ဘရာဇီးနောက်ခံလူ သည်နိုင်ငံလက်ရွေးစင် အသင်းနှင့်ပွဲထွက် ကစားရခြင်းမ ရှိသေးသော်လည်း အင်္ဂလန် တွင်အလုပ်လုပ် ခွင့်ပါမစ် ရရှိခဲ့ပြီး ယခု တစ်ပတ် တွင်ကစား မည့် ဗီလာနှင့် ပွဲတွင် ပွဲထွက် လာဖွယ် ရှိနေသည်။
"အခုလိုအခွင့်ရေးရခဲ့လို့ ဘုရားသခင် ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိသားစုနဲ့လည်းဆွေးနွေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့ဆိုတာ ကျွန်တော့် အိပ်မက် တစ်ခုလို့ လည်းပြောခဲ့ပါတယ်။ ဂါဘရီရယ်ဆိုတာ အသင်းအတွက်အရေးပါတဲ့အရာတွေ ယူဆောင်ပေးလာနိုင်ဖို့ ကွင်းထဲမှာစိတ်ဓါတ် အပြည့်နဲ့ကစားသူ အဖြစ် ပရိသတ်တွေမျှော် လင့်နိုင် ပါတယ်"ဟု ဂါဘရီရယ်ပေါ်လစ္စတာ ကပြောကြား ခဲ့သည်။
ဂါဘရီရယ်ပေါ်လစ္စတာသည် ၂၀၁၃ခုနှစ်တွင်မှ ဘရာဇီးကလပ် ဗစ်တိုးရီးယားမှ ဗီလာရီးယဲလ် သို့ပြောင်းရွှေ့ခဲ့သူဖြစ် ပြီးနောက်တန်း အစွန်နှင့် အတွင်းနေရာ များတွင် ကစားနိုင် သူဖြစ်သည်။ ၎င်းအနေဖြင့် အာဆင်နယ် အသင်းတွင် အခြေခံလစာ တစ်ပတ်ပေါင် ၆၀,၀၀၀ ခန့် ရရှိ မည်ဖြစ်သည်။
Ref: BBC

Mizzima

အင်္ဂလန် ထိပ်တန်းကလပ်များ စိတ်ဝင်စားနေသော်လည်း အက်သလက်တီကိုတွင်သာ ပျော်ရွှင်နေဟု ကိုကီဖွင့်ဟ



ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များ၏ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရသည့်တိုင် အက်သလက်တီကို မက်ဒရစ်တွင်သာ ပျော်ရွှင်နေကြောင်း ကိုကီက ပြောကြားခဲ့သည်။
စပိန်နှင့် အင်္ဂလိပ် မီဒီယာ အချို့က လာမည့်နွေရာသီတွင် ကိုကီ အနေဖြင့် အက်သလက်တီကို အသင်းမှ ထွက်ခွာနိုင်ကြောင်း ခန့်မှန်းရေးသားလာသော်လည်း စပိန် ကွင်းလယ် ဖန်တီးရှင် ကစားသမားလေးက ဗင်းဆင့် ကယ်လ်ဒါရွန်တွင်သာ အနာဂတ်ကို ရှေ့ဆက်လိုကြောင်း ဆိုသည်။ မန်ချက်စတာ ယူနိုက်တက်သည် ကိုကီကို အစဉ်တစိုက် ချိတ်ဆက်နေခဲ့ပြီး လီဗာပူးလ်ကလည်း အသင်းခေါင်းဆောင် စတီဗင်ဂျရတ် နေရာတွင် အစားထိုးရန်အတွက် အသက်(၂၃)နှစ်ရှိ ကစားသမားကို အလိုရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ကိုကီကိုယ်တိုင်ကမူ “ကျွန်တော်ကတော့ အပြောင်းအရွှေ့ သတင်းတွေအတွက် စိတ်အေးအေးပဲ ထားပါတယ်။ အဖြူနဲ့ အနီကျား ဂျာစီကို ဝတ်ဆင်ထားရင်း ကျွန်တော် ပျော်ရွှင်နေဆဲပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက “အက်သလက်တီကိုမှာ ကျွန်တော် အဆင်ပြေနေပါတယ်။ အသင်းက တဖြည်းဖြည်း တိုးတက် ကြီးထွားလာနေသလို ကျွန်တော်လည်း အသင်းမှာ ကစားရင်း တိုးတက်လာနေတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ဒီအသင်းက ထွက်ခွာသွားမယ့် အချိန်ရော၊ ဘယ်ကို သွားရမယ် ဆိုတာမျိုးပါ လုံးဝ မတွေးထားပါဘူး”ဟုလည်း ဆိုသည်။
ကိုကီက “အက်သလက်တီကို ပရိသတ်တွေ ပျော်ရွှင်နေတာကို ကျွန်တော် ကျေနပ်ပါတယ်။ ဖြစ်နိုင်ရင် ဒီအသင်းမှာ အမြဲတမ်း နေသွားချင်တာပေါ့။ ဒါပေမဲ့ ဘောလုံးမှာက ဘာမှ ကြိုပြောလို့ မရဘူးလေ။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ကျွန်တော် ဒီမှာရှိနေတာကို လူတွေက ပျော်နေကြတယ်။ ကျွန်တော်ကလည်း နောက်ထပ် နှစ်ပေါင်းများစွာ အက်သလက်တီကိုအတွက် ကစားချင်ပါတယ်”ဟု ဖွင့်ဟခဲ့သည်။ ၎င်းသည် ယခုရာသီ အက်သလက်တီကို၏ လာလီဂါ ပွဲ(၂၀)တွင် (၁၈)ပွဲ ပွဲထွက်ပါဝင်ခဲ့ပြီး (၁)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈)ကြိမ် ပြုလုပ်ပေးထားသည်။

Soccer Myanmar

ရီးယဲလ်မက်ဒရစ် တိုက်စစ်သမား သုံးဦးပေါင်းထက် မက်ဆီက ပိုထက်မြက်ကြောင်း ဆီမြွန်နီပြောကြား



လီယွန်နယ် မက်ဆီသည် ရီးယဲလ်မက်ဒရစ် တိုက်စစ်သမား သုံးဦးပေါင်းထက် ပိုမို၍ အစွမ်းထက်ကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။
အက်သလက်တီကို အသင်းသည် အိမ်ကွင်း ဗင်းဆင့် ကယ်လ်ဒါရွန်တွင် ဘာစီလိုနာကို (၃-၂)ဖြင့် အရေးနိမ့်ပြီးနောက် ကိုပါဒယ်လ်ရေး ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ အက်သလက်တီကိုသည် မြို့ခံပြိုင်ဘက် ရီးယဲလ်မက် ဒရစ်ကို ဖြုတ်ချပြီး ဘာစီလိုနာနှင့် ဆုံလာခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် (၄-၂)ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပွဲရလဒ်နှင့် ပတ်သက်၍ စိတ်ပျက်နေသော်လည်း ၎င်းနှင့် တစ်နိုင်ငံတည်းသားဖြစ်သည့် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ၏ စွမ်းဆောင်ရည်များအတွက် ပျော်ရွှင်မိကြောင်း ဆီမြွန်နီက ဆိုသည်။
သတင်းထောက်များက ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် မက်ဆီတို့အနက် မည်သူက ပိုကောင်းကြောင်း မှတ်ချက်တောင်းဆိုရာ ဆီမြွန်နီက “ကျွန်တော်က ရီးယဲလ်ရော၊ ဘာစီလိုနာနဲ့ပါ ကစားဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ ခင်ဗျားတို့ အနေနဲ့ ရော်နယ်လ်ဒိုကို မက်ဆီနဲ့ သွားယှဉ်လို့ မရပါဘူး။ မက်ဆီ တစ်ယောက်တည်းဟာ ရော်နယ်လ်ဒိုအပြင် ဂါရတ်သ်ဘေးလ်၊ ကာရင်မ် ဘန်ဇီးမားတို့ သုံးယောက် ပေါင်းထားတာထက် ပိုပြီး အန္တရာယ် ပေးနိုင်ပါတယ်”ဟု ဖြေကြားသွားသည်။
မက်ဆီသည် ကမ္ဘာ့ဘောလုံးလောက၏ အထူးချွန်ဆုံး ကစားသမား တစ်ဦးအဖြစ် အသိအမှတ် ပြုခံထားရသော်လည်း ၎င်း၏ပြိုင်ဘက် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်လ်ဒိုက ပြီးခဲ့သည့် (၂)နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို သိမ်းပိုက်ထားသည်။

Soccer Myanmar

ရီးယဲလ်၏ အိမ်ကွင်းအမည်ကို ရောင်းချရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်



အသင်း၏ အိမ်ကွင်းအမည်ကို ရောင်းချရန် ရီးယဲလ်မက်ဒရစ် အနေဖြင့် သဘောတူညီမှုတစ်ခု ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
Diario ASက UAE စီးပွားရေး လုပ်ငန်းစုများနှင့် ညှိနှိုင်းမှုအရ ဆန်တီယေဂို ဘာနေဗျူးကွင်း၏ အမည်ကို အဘူဒါဘီ ဘာနေဗျူး အဖြစ် ပြောင်းလဲရန် ရီးယဲလ်က သဘောတူထားကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ သဘောတူညီမှုအရ တစ်နှစ်လျှင် ရီးယဲလ် က ပေါင်စတာလင် (၁၅)သန်း ရရှိပြီး နှစ်ပေါင်း(၂၀)ကြာ စာချုပ်ဖြင့် ပေါင်စတာလင် သန်း(၃၀၀)ထိ ပိုင်ဆိုင်လာမည်ဟု ဆိုသည်။ ရေနံနှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများကြောင့် အလွန်ကြွယ်ဝ ချမ်းသာနေသည့် UAE နိုင်ငံမှ အဘူဒါဘီ တော်ဝင် မိသားစု သည် မန်ချက်စတာ စီးတီး အသင်းကို ကျောထောက်နောက်ခံ ပိုင်ဆိုင်ထားသလို ရီးယဲလ်နှင့်လည်း လက်တွဲပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသည်။
ဘာနေဗျူးကွင်း၏ အမည်မူပိုင်ခွင့် ဝယ်ယူရေးကို Coca-Colaနှင့် Microsoft ကုမ္ပဏီများကလည်း စိတ်ဝင်စားခဲ့သည့်တိုင် အဘူဒါဘီ စီးပွားရေး လုပ်ငန်းစုက ပိုင်ဆိုင်သည့် စပိန် စွမ်းအင်ကုမ္ပဏီ Cepsa၏ ညှိနှိုင်းမှုက အောင်မြင်သွားခြင်းဟု ဆိုသည်။ မက်ဒရစ်တွင် အခြေစိုက်သည့် Cepsaသည် စပိန်၏ စတုတ္ထ အကြီးဆုံး စက်မှုလုပ်ငန်းကြီး တစ်ခုအဖြစ်လည်း ရပ်တည်လျက် ရှိသည်။ ရီးယဲလ်အနေဖြင့် ကွင်းအမည် ပြောင်းလဲမည့် ကိစ္စကို တစ်စုံတစ်ရာ တရားဝင် မကြေညာသော်လည်း Diario ASက အဘူဒါဘီ ဘာနေဗျူးဆိုသော အမည်ကို ပြောင်းလဲသွားလိမ့်မည်ဟု ရေးသား ဖော်ပြခဲ့သည်။
နောက်ဆုံး ကောက်ခံထားသော စစ်တမ်းများအရ ရီးယဲလ်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ကလပ်အသင်းအဖြစ် ရပ်တည်လျက်ရှိရာ အကယ်၍ အားကစားကွင်း အမည်ရောင်းချမှုဖြင့် ပေါင်စတာလင် သန်း(၃၀၀) ရရှိလာပါက အသင်း၏ ဓနအင်အားသည် ပိုမိုတောင့်တင်း အားကောင်းလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

အဒီဘာယောကို အငှားခေါ်ယူရန် PSG စိတ်ဝင်စားနေဟု သတင်းများ ထွက်ပေါ်



PSG အသင်းသည် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောကို ရာသီကုန်ထိ အငှားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
Sky Sports သတင်းဌာနက ပြင်သစ်ချန်ပီယံ အသင်းအနေဖြင့် တိုဂို လက်ရွေးစင် အဒီဘာယော၏ အနေအထားကို အလေး အနက် စောင့်ကြည့်နေကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ကလပ်အသင်း နှစ်ခုကြား ကနဦးအဆင့် ဆွေးနွေးမှု အချို့ ပြုလုပ်ခဲ့ပြီးပြီဟု ယုံကြည်ရပြီး PSG အနေဖြင့် အင်္ဂလန်ကလပ် QPR၏ အားပြိုင်မှုနှင့်လည်း ကြုံရဖွယ် ရှိနေကြောင်း Sky Sportsက ဆိုသည်။ အဒီဘာယောသည် စပါးတိုက်စစ်တွင် လူငယ်ကြယ်ပွင့် ဟယ်ရီကိန်း၏ တောက်ပလာမှုကြောင့် နေရာပျောက်နေသူ ဖြစ်သည်။
အဒီဘာယောသည် စပါးတွင် (၁၁၁)ပွဲ ကစားပြီး (၄၂)ဂိုး သွင်းယူထားသူ ဖြစ်သည်။ ၎င်းသည် ယခုရာသီ အသင်းအတွက် စုစုပေါင်း (၁၁)ပွဲသာ ပွဲထွက်ကစားခွင့် ရခဲ့ပြီး (၂)ဂိုးသာ ရရှိထားသည်။ စပါး၏ မန်နေဂျာသစ် မော်ရို ပိုချက်တီနိုသည် အဒီဘာယောအပေါ် ယုံကြည်မှု အပြည့်အဝ မရှိလှခြင်းကလည်း ကစားသမား အနေဖြင့် ဝှိုက်ဟတ်လိန်းတွင် မတည်မငြိမ် ဖြစ်လာစေသည်။ ၎င်းသည် ရှက်ဖီးလ်ယူနိုက်တက်နှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသလို ပွဲချိန် မိနစ်(၆၀)တွင် ရောဘတ်တို ဆိုလ်ဒါဒိုနှင့် လူစားလဲ ခံခဲ့ရသည်။

Soccer Myanmar

ဆောက်သမ်တန်နှင့် ပွဲအပြီး မှတ်ချက်အတွက် ဒဏ်ငွေပေးဆောင်ရမည့် မော်ရင်ဟို



ဆောက်သမ်တန်နှင့် ပွဲစဉ်အပြီး ၎င်းပြောဆိုခဲ့သည့် မှတ်ချက်များအတွက် ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က ဒဏ်ငွေတစ်ရပ် ချမှတ်လိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလက ချယ်လ်ဆီးသည် စိန့်မေရီ၌ ဆောက်သမ်တန်နှင့် (၁)ဂိုးစီ သရေကျခဲ့သည့်နောက် မော်ရင်ဟိုက ချယ်လ်ဆီး ဒုက္ခရောက်အောင် ဝိုင်းဝန်း ဆော်ဩသည့် လှုပ်ရှားမှုတစ်ခု ရှိနေကြောင်း အရွဲ့တိုက် မှတ်ချက်ပေးခဲ့သည်။ ယင်းပွဲစဉ်တွင် ချယ်လ်ဆီး ကွင်းလယ်လူ ဆက်စ်ဖာဘရီဂက်စ် အနေဖြင့် ပင်နယ်တီ ရသင့်သော်လည်း ငြင်းပယ်ခံရပြီးနောက် မော်ရင်ဟိုက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ ဒိုင်လူကြီးများအပေါ် လွှမ်းမိုးနိုင်ရန် လှုပ်ရှားမှုများ ရှိနေကြောင်း မော်ရင်ဟို၏ ဝေဖန်စကားအတွက် FA၏ စွဲချက်တင်ခဲ့သော်လည်း မော်ရင်ဟို ကိုယ်တိုင်ကမူ မိမိတွင် အပြစ်မရှိဟု ငြင်းဆိုခဲ့သည်။
သို့သော်လည်း FAက သီးခြားလွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်း ကြားနာမှုအရ မော်ရင်ဟိုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ပေါင်စတာလင် (၂၅၀၀၀)ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ မော်ရင်ဟိုသည် FA၏ စည်းမျဉ်းစည်းကမ်းများတွင် မီဒီယာနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း FA၏ ကြေညာချက်တွင် စွပ်စွဲ ဖော်ပြထားသည်။ FAသည် Capital One အကြိုဗိုလ်လုပွဲတွင် လီဗာပူးလ် ကွင်းလယ်လူ အမ်မရီကန်ကို တက်နင်းမှုဖြင့် ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာကိုလည်း လတ်တလော စွဲချက်တင်ထားကြောင်း သိရှိရသည်။

Soccer Myanmar

CAPITAL ONE ဗိုလ်လုပွဲသို့ စပါး တက်ရောက်လာနိုင်သဖြင့် ပိုချက်တီနို ပျော်ရွှင်နေ



ရှက်ဖီး ယူနိုက်တက်ကို သရေကစားပြီး Capital One ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခြင်း အတွက် အလွန် ကျေနပ်မိကြောင်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာ မော်ရို ပိုချက်တီနိုက ပြောကြားခဲ့သည်။
စပါးသည် အဝေးကွင်းတွင် ရှက်ဖီးကို (၂)ဂိုးစီ သရေကစားပြီးနောက် နှစ်ကျော့ပေါင်းရလဒ် (၃-၂)ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စပါးသည် ဝင်ဘလေ ကွင်းကြီးတွင် လန်ဒန် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးနှင့် မတ်လ(၁)ရက်နေ့၌ ဗိုလ်လုပွဲ ကစားရတော့မည် ဖြစ်သည်။ ယခုရာသီမှ စပါးကို စတင် ကိုင်တွယ်ပြီးနောက် (၈)နှစ်အတွင်း အသင်းအတွက် ပထမဆုံး ဗိုလ်လုပွဲတစ်ခု ကစားခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အာဂျင်တီးနားသား မန်နေဂျာက အလွန် စိတ်လှုပ်ရှားနေမိကြောင်း ဖွင့်ဟခဲ့သည်။
Sky Sportsနှင့် အင်တာဗျူးတွင် ပိုချက်တီနိုက “ကျွန်တော် အရမ်းပျော်တာပေါ့ဗျာ။ ကစားသမားတွေ အတွက်လည်း ကျေနပ်မိတယ်။ သူတို့ဟာ ဗိုလ်လုပွဲမှာ ကစားဖို့ ထိုက်တန်တဲ့ သူတွေပါ။ ပြီးတော့ ပရိသတ်တွေ အတွက်လည်း ပျော်ပါတယ်။ အခုဆို ကျွန်တော်တို့ဟာ ဝင်ဘလေလို ခမ်းနားတဲ့ ကွင်းကြီးထဲမှာ ကစားရတော့မယ်။ ဒီကွင်းကြီးမှာ ဗိုလ်လုပွဲ ကြည့်ခွင့်ရဖို့ စပါးပရိသတ်တွေ ထိုက်တန်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက ယခုပွဲတွင် အထူးခြေစွမ်းပြခဲ့သည့် ဒိန်းမတ် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆန်ကိုလည်း ချီးကျူးခဲ့သည်။
“အဲရစ်ခ်ဆန် ဒါမျိုး လုပ်ပြတာ အရင်က ကျွန်တော် ခဏခဏ မတွေ့ခဲ့ဖူးဘူး။ သူက လေ့ကျင့်ရေး ကွင်းမှာတော့ ဂိုးတွေ သွင်းလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့အတွက် ကျွန်တော်တို့ ပျော်ပါတယ်။ ပြီးတော့ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်”ဟု ပိုချက်တီနိုက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

Wednesday, January 28, 2015

လီဗာပူးလ်နှင့်ပွဲမှ ဒဏ်ရာကြောင့် ဖာဘရီဂက်စ် မန်စီးတီးနှင့် ပွဲစဉ်တွင် ပါဝင်နိုင်ရန် မလွယ်



Written by  အောင်သုတ
လန်ဒန်၊ ဇန်န၀ါရီ ၂၈။    ။ လီဗာပူးလ် အသင်းကို အိမ်ကွင်းတွင် အနိုင်ရ ခဲ့သော ပွဲစဉ်၌ ဒဏ်ရာရခဲ့သော ချယ်လ်ဆီး အသင်း ကွင်းလယ် ကစားသမား ဖာဘရီ ဂက်စ်သည် စနေနေ့တွင် ကစားမည့် မန်စီးတီး အသင်းနှင့် ပွဲစဉ်တွင် ပါဝင်နိုင်ရန် ရုန်းကန် ရဖွယ် ရှိနေသည်ဟု နည်းပြမော်ရင်ဟို ကပြောသည်။
စပိန်ကွင်းလယ် ကစားသမား ဖာဘရီဂက်စ်သည် လီဗာပူးလ်နှင့် ကစားခဲ့သော ပွဲစဉ်တွင် ပွဲချိန်မိနစ် ၅၀ ခန့်၌ အသင်းဖော် တယ်ရီနှင့် ထိခိုက်မိ ခဲ့ကာ ဒဏ်ရာ ရရှိခဲ့ပြီး ဆက်လက် မကစားနိုင်တော့ သည့်အတွက် ရာမီရက်စ်နှင့် လူစားလဲ ခဲ့ရသည်။ ကွင်းထဲမှ ထွက်ခွာ လာချိန်တွင်ခြေထော့ နင်းထော့နင်းဖြစ် ခဲ့သောဖာ ဘရီဂက်စ်မှာ အ၀တ်လဲခန်း ထဲသို့ချက်ချင်း သွားရောက် ကုသ မှုခံယူခဲ့ ရပြီး ဒူးကောက်ကြော ဒဏ်ရာဟု ယူဆ ရဖွယ် ရှိသည်။
'ဖာဘရီဂက်စ်ရဲ့ဒဏ်ရာကဒူးကောက်ကြောညှပ်သွားတာလို့ထင်ပါတယ်။ဒဏ်ရာမဖြစ်လောက်ပါဘူးလို့သူကတော့ပြောပါတယ်။ မန်စီးတီးနဲ့ပွဲ အမီပြန်ကောင်း လာဖို့တော့မျှော်လင့် ရပါတယ်'ဟု ချယ်လ်ဆီး နည်းပြမော်ရင်ဟို ကပြောသည်။
ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအတွက် အနိုင် ဂိုးသွင်းယူပေးခဲ့သော နောက်ခံလူအိုင်ဗန်နိုဗစ်နှင့် အခြားနောက်ခံ ကစားသမား တစ်ဦးဖြစ်သူ ဖိလစ်ပီလူးဝစ္စ တို့မှာ လည်းဒဏ်ရာ အသီးသီး ရရှိခဲ့ ကြသည် ဟုမော်ရင်ဟိုက ဆက်လက်ပြောသည်။
Ref: Daily Mail

Mizzima

ဥရောပလိဂ် ငါးခုတွင် ထိရောက်မှု အရှိဆုံး တိုက်စစ်ပိုင်း အဖြစ် ရီးယဲလ် အသင်း ထိပ်ဆုံးမှ ရပ်တည်



Written by  အောင်သုတ
မက်ဒရစ်၊ ဇန်န၀ါရီ ၂၈။     ။ဥရောပ၏ ထိပ်သီးလိဂ်ပြိုင်ပွဲငါးခုမှ ပြိုင်ပွဲဝင် အသင်းများထဲတွင် ထိရောက် မှုအရှိဆုံး တိုက်စစ်ပိုင်း ၊ကြောက်စရာ အကောင်းဆုံး တိုက်စစ်ပိုင်း စုဖွဲ့မှုကို ပိုင်ဆိုင် ထားသော အသင်းအဖြစ် လာလီဂါ ကလပ် ရီးယဲလ် အသင်းက ထိပ်ဆုံး၌ရပ် တည်နေကြောင်းလေ့လာမှု တစ်ရပ်က ထုတ်ပြန်ခဲ့ သည်။
ဆွစ်ဇာလန်အခြေစိုက်ဘောလုံး အချက် အလက်များ စူးစမ်းလေ့လာသူ အဖွဲ့အစည်း တစ်ခုမှ ထုတ်ပြန် ခဲ့သော အချက်အလက် များအရ ရီးယဲလ်အသင်းသည် လာလီဂါတွင် ပျမ်းမျှဂိုးပေါက် ကန်သွင်းမှု ၅ ဒသမ ၄ ကြိမ်လုပ်တိုင်း တစ်ဂိုးသွင်း ယူထားနိုင် ခဲ့သည်။
ဥရောပ ထိပ်သီး လိဂ်ငါး ခုဖြစ်သော  ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ် လိဂ်ဝမ်း တို့မှ  အသင်းပေါင်း ၉၈ သင်း၏  တစ်ဂိုးသွင်း ယူနိုင်ရန် ပျမ်းမျှဂိုး ကန်သွင်း မှုပြုလုပ်မှု ကိုလေ့လာခဲ့ပြီး ရီးယဲလ် အသင်းက ထိပ်ဆုံး၌ ရပ်တည် ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်း၌ ယခုနှစ်ရာသီတွင် လိဂ်ပွဲ၁၈ ပွဲတွင် ၂၈ ဂိုးထိ သွင်းယူထားသော တိုက်စစ်မှူးစီရော်နယ်ဒို၊ ၁၆ပွဲတွင် ၁၀ ဂိုးသွင်းယူထားသော ဂါရတ်ဘေးလ် စသည့်ကစားသမားများ ပိုင်ဆိုင် ထားမှုကြောင့် တိုက်စစ်ပိုင်းစုဖွဲ့မှုမှာ အတောင့်တင်း ဆုံးပုံစံရှိနေကာ ဂိုးကန် သွင်းမှုအ နည်းဆုံးဖြင့် ဂိုးအများ အပြား သွင်းယူ ထားနိုင်ခြင်းဖြစ်သည်။
ရီးယဲလ် အသင်း ၏နောက် ဒုတိယ တိုက်စစ် အထက်မြက် ဆုံးအသင်း အဖြစ် ဗလင်စီယာအသင်း၊ တတိယနေရာတွင် အက်သလက်တီကို၊ စတုတ္ထနေရာတွင် ဘာစီလိုနာအသင်းတို့ ရှိနေပြီး ထိပ်ဆုံး ၄နေရာကို စပိန်လာလီဂါအသင်းများက ကြီးစိုးထားသည်။ ပရီးမီးယားလိဂ်မှ တိုက်စစ် အထက်မြက် ဆုံးအသင်း အဖြစ် ချယ်လ်ဆီး အသင်း ကနံပါတ် ၁၀နေရာ တွင်ရပ်တည် ခဲ့ပြီး ထိပ်ဆုံး ၁၀ သင်းတွင် ဂျာမနီမှ ၃ သင်းနှင့်ပြင်သစ် မှ ၂ သင်းပါဝင် ခဲ့သည်။
Ref: Daily Mail

Mizzima

၂၀၁၄ ခုနှစ်တွင် အပြောင်းအရွှေ့အသုံးစရိတ် ကန်ဒေါ်လာ လေးဘီလီယံအထိ စံချိန်တင်မြင့် တက်ခဲ့ကြောင်း ဖီဖာ ထုတ်ပြန်



Written by  အောင်ငြိမ်းသွေး
ဂျနီဗာ၊ ဇန်န၀ါရီ ၂၈။      ။၂၀၁၄ ခုနှစ် အတွင်းနိုင်ငံ တကာ အပြောင်း အရွှေ့ အသုံး စရိတ်မှာ အမေရိ ကန်ဒေါ် လာလေး ဘီလီယံ အထိ စံချိန် တင်မြင့်တက် ခဲ့ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်ကြေ ညာခဲ့သည်။
ထိုအပြောင်းအရွှေ့များအားလုံးအတွက် အေးဂျင့်များကို ပေးချေခဲ့ရသည့် ငွေကြေးပမာဏမှာလည်း ကန်ဒေါ်လာ ၂၄၆ သန်းအထိ ရှိခဲ့သည်ဟု ဖီဖာ၏စစ်တမ်း များကဖော်ပြသည်။ကလပ်များ ကအေးဂျင့်များ ကိုပေးရသောငွေကြေးသည် ၂၀၁၁ ခုနှစ်ကထက်၂၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် ကပေးချေ ရသည့် ပမာဏမှာ ကန်ဒေါ်လာ ၁၃၁ သန်းသာ ရှိခဲ့သည်။
စံချိန်တင်မြင့်တက်  လာသောအေးဂျင့်များ သို့ပေးချေ ရသောငွေကြေးတွင် အင်္ဂလန် ကလပ်များက ၃၇ ရာခိုင်နှုန်းဖြင့် အများ ဆုံးပေးချေ ခဲ့ရသည်။ အင်္ဂလန် ကလပ်များ သည်အေးဂျင့် များကို ပေါင် ၈၇ သန်း အထိပေးချေ ခဲ့ရသည်။ ၂၀၁၃ ခုနှစ်ကထက် ပေါင် ၁၂ သန်းပိုမိုပေးချေ ခဲ့ရခြင်းဖြစ်သည်။
ယူအီး အက်ဖ်အေမှ ချမှတ် ထားသော  ဘဏ္ဍာရေး ညီမျှမှု  စည်းမျဉ်း  ရှိနေသော်လည်း အင်္ဂလန် ကလပ် များသည် အလွန်  အမင်း တိုးတက် လာသော ရုပ်သံ ၀င်ငွေနှင့် ကြေညာဈေး ကွက်ကြောင့် ယခင်နှစ်များ ထက်ငွေကြေးပိုမို သုံးစွဲနိုင်ခဲ့ ကြခြင်းဖြစ်သည်။
အပြောင်းအရွှေ့ဈေးကွက်တွင် အသုံးပြုသောလေးဒေါ်လာတွင် အင်္ဂလန် ကလပ်များက တစ်ဒေါ်လာ အသုံးပြုခဲ့ခြင်းဖြစ်ပြီးအေးဂျင့်များ ကိုပေးရသည် သုံးဒေါ် လာတွင် တစ်ဒေါ်လာမှာ အင်္ဂလန် ကလပ်များ ကပေးရခြင်းဖြစ်သည်။
နိုင်ငံတကာ အပြောင်း အရွှေ့ဈေးကွက်တွင် အသုံးစရိတ် ကန်ဒေါ်လာလေး ဘီလီယံ အထိမြင့် တက်လာခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ အင်္ဂလန်ကလပ် များသည် ကန်ဒေါ်လာ ၁.၁၇ ဘီလီယံဖြင့် အများဆုံး ငွေကြေးသုံးစွဲခဲ့ကြသည်။ ၎င်းတို့၏နောက်တွင် စပိန်ကလပ်များရှိနေပြီး ကန်ဒေါ်လာ သန်း ၇၀၀ အထိ သုံးခဲ့ကြသည်။ စပိန်ကလပ်များ၏နောက်တွင် ဂျာမနီကလပ်များက အသုံးစရိတ် ကန်ဒေါ်လာ ၃၂၇ သန်းဖြင့် ရပ်တည်နေသည်။ ၂၀၁၃ ခုနှစ်က ကန်ဒေါ်လာ ၄၂၁ သန်းအထိအသုံးပြုခဲ့သော ပြင်သစ်ကလပ်များမှာမူ ၂၂၁ သန်းအထိ ကျဆင်းသွားခဲ့သည်။
Ref: Theguardian

Mizzima

အသင်းဟောင်း ယူနိုက်တက်ထံ ပေါ့ဂ်ဘာ ပြန်သွားဖြစ်ဖွယ် မရှိဟု ပီယာလို မှတ်ချက်ပြု



မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ပေါလ်ပေါ့ဂ်ဘာကို မည်သည့်အခါတွင်မျှ ပြန်လည်ခေါ်ယူရန် မဖြစ်နိုင်တော့ဟု အင်ဒရီယာ ပီယာလိုက မှတ်ချက်ပြု ပြောကြားခဲ့သည်။

ယူနိုက်တက်တွင် ဆာအဲလက်စ် ဖာဂူဆန် မန်နေဂျာအဖြစ် တာဝန်ယူစဉ်က ပြင်သစ် ဆယ်ကျော်သက် ကစားသမားလေး ပေါ့ဂ်ဘာကို အသင်းတွင် နေရာပေး သုံးစွဲခဲ့ခြင်း မရှိသည့်နောက် ပေါ့ဂ်ဘာသည် အင်္ဂလန် ကလပ်ကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် (၂၀၁၂)ခုနှစ်၊ ဇူလိုင်လတွင် ပေါ့ဂ်ဘာသည် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ထံ အလွတ် ပြောင်းရွှေ့လာပြီး တဖြည်းဖြည်း တိုးတက်လာရာ ယခုအခါ ကမ္ဘာ့အဆင့် အလယ်တန်း ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီ ဖြစ်သည်။

လက်ရှိ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အသက်(၂၁)နှစ်ရှိ ပြင်သစ် လက်ရွေးစင်ကို အိုးလ်ထရက်ဖို့ဒ်သို့ တစ်ကျော့ပြန် ခေါ်ယူရန် လိုလားနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် ပေါ့ဂ်ဘာ၏ ဂျူဗင်းတပ်စ် အသင်းဖော် ပီယာလိုက ယင်းသည် လက်တွေ့ မဖြစ်နိုင်တော့ကြောင်း ဝေဖန်ခဲ့သည်။ အီတလီ ဝါရင့် ကွင်းလယ် ကစားသမားကြီးက ပေါ့ဂ်ဘာကို ဆက်လက် ထိန်းသိမ်းထားရန် ပျက်ကွက်ခြင်းသည် ဖာဂူဆန်၏ အကြီးဆုံး အမှားတစ်ရပ်ဟုလည်း ယူဆထားသည်။

“အခုအချိန်မှာ ဘာတွေပဲ အကြောင်းပြချက် ပေးနေပါစေ၊ တစ်ချိန်က မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို အခွင့်အရေး မပေးဖို့ ရွေးချယ်ခဲ့ဖူးတယ်လေ။ အဲဒါဟာ တကယ့် အမှားကြီး တစ်ခုပဲ။ သူတို့ဟာ အဲဒီအမှားကို နေ့တိုင်း သတိရပြီး ရှင်သန်နေရပြီ။ ပေါ့ဂ်ဘာ အနေနဲ့တော့ မန်ချက်စတာ ယူနိုက်တက်ကို ပြန်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”ဟု ပီယာလိုက ပြောဆိုသွားသည်။

Soccer Myanmar

မီလန်အသင်း ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိရန်အတွက် အချိန်လိုအပ်ကြောင်း အင်ဇာဂီ ဆို



အေစီမီလန်အသင်း၏ အကောင်းဆုံး ခြေစွမ်းကို ပြန်လည်ရရှိရန်အတွက် မိမိအနေဖြင့် အချိန်လိုအပ်ကြောင်း ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

ဥရောပချန်ပီယံ ဆုဖလားကို ၇ ကြိမ် ရရှိထားသည့် မီလန်သည် လက်ရှိတွင် စီးရီးအေ အဆင့် ၁၁ ၌ ရပ်တည်လျက်ရှိပြီး အင်္ဂါနေ့က ၁၀ ယောက်ကျန် လာဇီယိုကို အရေးနိမ့်ကာ ကိုပါအီတာလီယာမှ ထွက်ခွာခဲ့ရသည်။ ထို့အပြင် မီလန်သည် ပြီးခဲ့သည့် စနေနေ့ကလည်း လာဇီယိုကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုကဲ့သို့ ပြည်တွင်းပြိုင်ဘက်အသင်းကို အရေးနိမ့်ခဲ့သောကြောင့် အင်ဇာဂီ၏ အနာဂတ်အပေါ် သံသယရှိခဲ့ကြသည်။ ထို့နောက် အေစီမီလန် တိုက်စစ်မှူးဟောင်းက အသင်း၏ ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိရန်အတွက် မိမိကို အချိန်ပေးရန် လိုအပ်ကြောင်း ဆိုခဲ့သည်။

“ရှုံးနိမ့်ဖို့ မထိုက်တန်တဲ့ ပွဲကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်။ ဒီညမှာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။ အသင်းကလည်း အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်။ အခုလို ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ အသစ်တစ်ဖန် ပြန်စဖို့လိုပါတယ်။ ကျွန်တော်က ရှုံးနိမ့်တဲ့အတွက် ဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော် သူနဲ့ နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။ ဆာအဲလက်စ်ဖာဂူဆန်တောင်မှ မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူပြီး ၇ နှစ်အကြာမှ ပထမဦးဆုံး ဆုဖလားကို ရယူခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ ခြေစွမ်းပိုမိုတိုးတက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် အသင်းကို ပြန်လည်တည်ဆောက်ရပါမယ်။ အဲ့ဒီအတွက် အချိန်လိုပါတယ်” ဟု အင်ဇာဂီက ပြောကြားခဲ့သည်။

Soccer Myanmar

အက်ဖ်အေဖလားတွင် အမှားကျူးလွန်ခဲ့သော်လည်း ဗွမ်အပေါ် ယုံကြည်မှုရှိကြောင်း ပိုချက်တီနို ပြောကြား



မော်ရစ်စီယို ပိုချက်တီနိုသည် လက်ဆက်စတာစီးတီးနှင့်ပွဲတွင် အမှားပြုလုပ်ခဲ့သော မိုက်ကယ်ဗွမ်ကို တော့တင်ဟမ်၏ ပြည်တွင်းဖလား ပွဲစဉ်တစ်ခုအတွက် ဆက်လက်ရွေးချယ်ခဲ့သည်။

နွေရာသီက ဆွမ်ဆီးမှ တော့တင်ဟမ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် တစ်ပွဲမျှ မကစားရသေးသည့် ဗွမ်သည် ၂၀၁၄-၁၅ ဘောလုံးရာသီ တော့တင်ဟမ်၏ ဖလားပွဲစဉ် ၇ ပွဲတွင် ၆ ပွဲမြောက်အဖြစ် ပါဝင်ကစားခဲ့သည်။ဗွမ်သည် စနေနေ့က အက်ဖ်အေဖလား စတုတ္ထအဆင့်တွင် လက်ဆက်စတာ၏ အနိုင်ဂိုးအတွက် အမှားပြုလုပ်ခဲ့ပြီး နာကျင်အချိန်ပိုတွင် ဂျဖရီ ရှာလပ်၏ မြေမကျကန်ချက်ကို ခွင့်ပြုခဲ့ရသည်။

သို့သော်လည်း ပိုချက်တီနိုက ဗွမ်အပေါ် ယုံကြည်မှုရှိကြောင်းကို ဆက်လက်ပြသသည့် အနေဖြင့် ဗုဒ္ဓဟူးနေ့က ရှက်ဖီးလ်ယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လိဂ်ဖလား အကြိုဗိုလ်လုပွဲတွင် အဆိုပါ ဆွမ်ဆီး ဂိုးသမားဟောင်းကို ဆက်လက်ကစားစေခဲ့သည်။

“သူက လက်ဆက်စတာနဲ့ ပွဲမှာ အရေးပါတဲ့ ကာကွယ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ အမှားတစ်ကြိမ် ပြုလုပ်ခဲ့ပြီး အဲ့ဒီကနေ ဂိုးပေးလိုက်ရတာပါ။ ကစားသမားတိုင်းက အမှားအယွင်း ပြုလုပ်တတ်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူ့အပေါ် ယုံကြည်နေဆဲပါ။ သူက လက်ဆက်စတာနဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူပါ” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

Soccer Myanmar

MYANMAR U20 - 4 VS BAK (BERLIN) - 1



မြန်မာယူ၂၀ ၄ - ၁ BAK ( Berlin)
=============================
မြန်မာ U - 20 အသင်းနှုင့် B A k (Berlin ) ဂျာမဏီ တတိယ
တန်းကလပ် နှုင့် ခြေစမ်းကစားကြရာ မြန်မာ U - 20 အသင်းမှ ၄ : ၁ ဂိုး
ဖြင့် အနိုင်ရခဲ့ကြောင်းသိရသည်။
မြန်မာအသင်း အတွက်ဂိုးများကို ၂၅ မိနစ်တွင်ရရှိ သော ပန်နတီကို နန္ဒကျော်မှ သွင်းယူခဲ့ ပြီး ၆၈ မိနစ်တွင် သန်းပိုင်မှ ဒုတိယဂိုး၊ ၈၈ မိနစ်တွင် အောင်သူမှ တတိယဂိုး၊ ၉၁ မိနစ်တွင်ရရှိသော ပန်နတီကို ငြိမ်းချမ်းအောင် တို့ မှ သွင်းယူပေးခဲ့ ကြသည်။
Myanmar Football Federation


Tuesday, January 27, 2015

အသက်မပြည့်သေးသည့် ကစားသမား ၀ယ်ယူမှုကြောင့် ရီးယဲလ်အသင်း ဘာစီလိုနာ အသင်းကဲ့သို့ အရေးယူ ခံရဖွယ်ရှိ



Written by  အောင်ငြိမ်းသွေး
မက်ဒရစ်၊ ဇန်န၀ါရီ ၂၇။    ။ရီးယဲလ်အသင်းသည် အသက်မပြည့်သေးသည့် ကစားသမားများ ၀ယ်ယူမှုကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ စုံစမ်းစစ်ဆေး ခြင်းကို ခံနေရပြီး ဘာစီလိုနာ အသင်းကဲ့သို့ အပြောင်း အရွှေ့ဈေးကွက်တွင် ကစားသမားဝယ် ယူရောင်းချခွင့် ပိတ်ပင်ခံရ ဖွယ်ရှိနေသည်။
ရီးယဲလ်အသင်းသည် မကြာမီက မှနော်ဝေလူငယ် ကစားသမား အိုဒီဂတ် ကိုခေါ်ယူခဲ့ပြီး သုံးရက် အကြာတွင် ခရူဇီယိုအသင်းမှ လူးကပ်စ်ဆေးလ်ဗား ကိုထပ်မံ ၀ယ်ယူ ထားသည်။ ထိုကဲ့သို့ လူငယ်ကစား သမားများကို ၀ယ်ယူ အားဖြည့်ပြီး မကြာမီမှာပင် ယခုကဲ့သို့ သတင်းများ ထွက်ပေါ် လာခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်က ဗင်နီဇွဲ လားနိုင်ငံမှ အသက် ၁၂ နှစ်  အရွယ်သာ  ရှိသေးသည့် ကစား သမားနှစ်ဦး  ကိုခေါ်ယူခဲ့ မှုကြောင့် ရီးယဲလ်  အသင်းကို  ဖီဖာ ကစုံစမ်း စစ်ဆေးနေခြင်းဖြစ်သည်။
မန်နျူရယ်ဂေါ့ဒွိုင်းနှင့် ဖာနန်ဒို မာဆီယာဟု အမည်ရသည် အဆိုပါ လူငယ်ကစား သမားလေးနှစ်ဦး သည်ရေး ဗားပလိတ် အသင်းနှင့်အေ စီမီလန် အသင်းများ သို့ရောက်ရှိရန် နီးစပ်နေချိန်တွင် ရီးယဲလ်အသင်းက ၎င်းတို့၏သင်တန်းကျောင်းတွင် တက်ရောက်ရန် ကြားဖြတ်ကာ ခေါ်ယူသွား ခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ပထမအကြိမ် လက်မှတ်ထိုးခဲ့ပြီး ထိုကစား သမားလေးများ အသက် ၁၄ နှစ်အရွယ်ရောက် သည့်အချိန်တွင် ဒုတိယအကြိမ် လက်မှတ်ရေးထိုး ခဲ့သည်။
ဖီဖာက စုံစမ်း စစ်ဆေးနေသလို ရီးယဲလ် အသင်း ကလည်း ၎င်းတို့သည် ဥရောပ တိုက်မှ မဟုတ်သည့် လူငယ် ကစားသမားခေါ်ယူမှု စည်းမျဉ်း နံပါတ် ၁၄ ကို ချိုးဖောက် ခဲ့ခြင်း မရှိကြောင်း စာရွက်စာတမ်း များနှင့်တကွ ပြန်လည် အကြောင်းပြန် ခဲ့သည်။
ထိုစည်း မျဉ်းမှာ ဥရောပ တိုက်ပြင်ပမှာ အသက် ၁၈နှစ်အောက် လူငယ် ကစား သမား များသည် မိဘ များက ထိုတိုင်းပြည်  ကိုပြောင်းရွှေ့လာ  ၍ဖြစ်စေ သို့မ ဟုတ်ဘောလုံးနှင့် မပတ်သက်သည့် အခြား အကြောင်းပြချက်တစ် ခုကြောင့်ရောက်ရှိ လာ၍ဖြစ်စေ အသင်းများ အနေဖြင့်ခေါ် ယူနိုင်သည်။
ဘာစီလိုနာအသင်းမှာ ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့ သည့်အတွက် အပြည်ပြည် ဆိုင်ရာအားကစား ခုံရုံးအထိ အယူခံဝင် ခဲ့သော်လည်း အပြောင်းအရွှေ့တစ်နှစ် ပိတ်ပင်ခံ ခဲ့ရပြီး ဒဏ်ငွေ ပေါင် ၂၉၃,၀၀၀ ဒဏ်ရိုက် ခံခဲ့ရသည်။
Ref: Daily Mail


Mizzima

နည်းပြဂွါဒီယိုလာ အသင်းမှ ထွက်လျှင် အရန်သင့် အစားထိုးရန် အစီအစဉ် မရှိဟု ဘိုင်ယန် စီအီးအိုပြော



Written by  အောင်သုတ
မြူးနစ်၊ ဇန်န၀ါရီ ၂၇။    ။ ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ် သစ်ချုပ်ဆို လိုခြင်းမရှိဘဲ လာမည့်နွေ ရာသီတွင် နည်းပြ ဂွါဒီယိုလာ ထွက်ခွာ ဖွယ်ရှိနေ သည်ဟု သတင်းထွက် လာခဲ့ပြီးနောက်အသင်းစီအီးအို ရူမင်နစ်ဂီက ဂွါဒီယိုလာ ထွက်သွားလျှင် အရန်သင့် အစားထိုးမည့် အစီအစဉ်မျိုး အသင်းတွင်ရှိ မနေကြောင်းဝန်ခံပြော ကြားသည်။
ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းသို့ ၂၀၁၃ ခုနှစ်နွေရာသီက ရောက်ရှိလာပြီးနောက် သုံးနှစ်စာ ချုပ်ချုပ်ဆိုခဲ့ ကာလက်ရှိစာ ချုပ်သက်တမ်းမှာ ၁၈ လသာကျန်ရှိတော့သည်။ သို့သော် ဂွါဒီယိုလာမှာ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ် ဆိုလိုခြင်း မရှိဘဲနွေ ရာသီတွင် ထွက်ခွာ ဖွယ်ရှိနေ သည်ဟု အင်္ဂလိပ် မီဒီယာများ ကဖော်ပြနေ ကြသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ အသင်း စီအီးအို ရူမင်နစ်ဂီကို ဂျာမန် သတင်းစာ Kicker  ကမေးမြန်း ခဲ့ရာတွင် 'အစီ အစဉ်က တစ်ခုတည်း ပဲရှိပါတယ်။ Plan B
မရှိပါဘူး။တစ်ခုတည်းရှိတဲ့ အစီအစဉ်ကလည်း ဂွါဒီယိုလာပါပဲ။ သူနဲ့ သူ့မိသားစုက အိမ်မှာရှိနေ တုန်းပဲဆိုရင် ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်မှာ ရှိနေတုန်း ပါပဲ။ အဲဒီလိုမှ မဟုတ်ခဲ့ဘူး ဆိုရင်လည်း ကျွန်တော်တို့ အခြားနည်း လမ်းကိုပဲ စဉ်းစားရတော့ မှာပေါ့'ဟု ရူမင်နစ်ဂီ ကပြောသည်။

ဂွါဒီယိုလာ ကိုယ်တိုင် ကလည်း စာချုပ်သစ် ကိစ္စ အတွက် အဆောတ လျင်မရှိဘဲ လက်ရှိ စာချုပ် သက်တမ်း ကုန်မှ စာချုပ်သစ် အတွက်ဆွေးနွေး မည်ဟုပြီးခဲ့ သည့်အပတ်က ပြောသည်။

အသက် ၄၄ နှစ်အရွယ် စပိန်လူမျိုး နည်းပြဂွါဒီယိုလာ သည်ဘိုင်ယန်မြူးနစ် အသင်းသို့ရောက် ရှိသည့် ပထမရာသီတွင် ဘွန်ဒက်စ်လီဂါဖလား၊ ပိုကယ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနှင့် ကမ္ဘာ့ကလပ်များ ဖလားတို့ကို ရယူထားနိုင် ခဲ့သည်။


Ref: Goal.com

၂၀၁၅ အာရှဖလားပြိုင်ပွဲတွင် အိမ်ရှင် သြစတြေးလျနှင့်တောင်ကိုရီးယားတို့ ဗိုလ်လုရမည်



Written by  အောင်ငြိမ်းသွေး
နယူးကာဆယ်၊ ဇန်န၀ါရီ ၂၇။    ။၂၀၁၅ အာရှဖလားပြိုင်ပွဲ၏ ဒုတိယအကြိုဗိုလ်လုပွဲစဉ်ကို သြစတြေးလျနိုင်ငံ၊ နယူးကာဆယ်မြို့ရှိ၊ နယူးကာဆယ် အားကစား ကွင်း တွင် ယှဉ်ပြိုင် ကစားခဲ့ရာ၌ အိမ်ရှင် သြစတြေးလျအသင်းက ယူအေအီး အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွား ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ပထမ အကြို ဗိုလ်လု ပွဲစဉ်တွင် အနိုင်ရထား သည့်တောင်ကိုရီးယား အသင်းနှင့် သြစတြေးလျ အသင်းတို့ ချန်ပီယံဆု အတွက် ဗိုလ်လု ရတော့ မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၁ အာရှဖလား ပြိုင်ပွဲတွင် ဒုတိယဆုဖြင့် သာကျေနပ် ခဲ့ရသည့် သြစတြေး လျအသင်းသည် ၎င်းတို့ ၏နိုင်ငံတွင် ဆုဖလား ရယူရန် ရည်မှန်းထား သည့်အတိုင်း ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သြစတြေးလျအသင်းအတွက် အနိုင်ဂိုးများကို စိန့်ဘာရီနှင့် ဒေးဗစ်ဆန်တို့က သွင်းယူပေးခဲ့ကြသည်။ သြစတြေးလျအသင်းသည် ယူအေအီးအသင်း ကိုခြေစွမ်း အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် သုံးမိနစ်မှာပင် စိန့်ဘာရီက အဖွင့်ဂိုးကို သွင်းယူပေး ခဲ့သည်။ ဒုတိယဂိုး ကိုလည်း ပွဲချိန် ၁၄ မိနစ်မှာ ပင်ဒေးဗစ်ဆန် ကသွင်း ယူနိုင်ခြင်းဖြစ်သည်။

အာရှဖလား ပြိုင်ပွဲကို ၂၀၀၇ ခုနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် သမုဒ္ဒရာ ပိုင်းဇုန်မှ သြစတြေးလျ အသင်းသည် ဒုတိယ အကြိမ်မြောက် ဗိုလ်လု ပွဲသို့ တက်ရောက်နိုင်ခြင်းဖြစ်သည်။ သြစတြေးလျ အသင်းသည် ၂၀၀၇ ခုနှစ်တွင် ကွာတား ဖိုင်နယ်၊ ၂၀၁၁ ခုနှစ်တွင် ဒုတိယ ရရှိထားသည်။

၂၀၁၅ အာရှ ဖလား ပြိုင်ပွဲ၏ ဗိုလ်လု ပွဲစဉ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ဆစ်ဒနီ မြို့ရှိ သြစတြေးလျ အားကစား ကွင်းတွင် ကျင်းပ မည်ဖြစ်ပြီး သြစတြေးလျ အသင်းနှင့်တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ၎င်းတို့နှစ် သင်းသည် အုပ်စုပွဲစဉ် တွင်တွေ့ဆုံ ခဲ့ကြဖူး ပြီးတောင်ကိုရီးယား အသင်းက ၁-၀ ဂိုးဖြင့် အနိုင် ရထားသည်။ အီရတ်နှင့် ယူအေအီးတို့မှာ တတိယနေရာ အတွက် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ထိုပွဲစဉ်ကို ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ကျင်းပ မည်ဖြစ် သည်။


Ref: AFP
Mizzima

ရီးယဲလ်မှ ထွက်ခွာဖြစ်လျှင် မေဂျာလိဂ်သို့ သွားရောက် ကစားလိုဟု ကားဆီးလက်စ် ဖွင့်ဟ



ကစားသမား ဘဝ အဆုံးပိုင်း ကာလတွင် အမေရိကန် မေဂျာလိဂ်သို့ သွားရောက် အခြေချ ကစားလိုကြောင်း အိုင်ကာ ကားဆီးလက်စ်က ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၃၃)နှစ်ရှိ ကားဆီးလက်စ်သည် ပြီးခဲ့သည့် ရာသီက စုစုပေါင်း (၂၃)ပွဲသာ ကစားခဲ့ရသော်လည်း ယခုရာသီတွင်မူ အသင်း၏ ပွဲထွက်ဂိုးသမား နေရာကို ပြန်လည် ရရှိနေပြီ ဖြစ်သည်။ သို့သော်လည်း အသက်အရွယ် ရလာပြီဖြစ်သည့် ၎င်း၏ နေရာကို အစားထိုးရန် ရီးယဲလ် တာဝန်ရှိသူများက မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို အနီးကပ် စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ကားဆီးလက်စ်ကမူ မိမိသည် ရီးယဲလ်မှ ထွက်ခွာဖြစ်လျှင် အမေရိကန်၌ သွားရောက် ကစားလိုကြောင်း ဆိုသည်။

“မေဂျာလိဂ်မှာ သွားကစားချင်ကြောင်း ထုတ်ပြောဖို့ ကျွန်တော့်အတွက် ဘာမှ ပြဿနာ မရှိပါဘူး။ ရီးယဲလ်က ကျွန်တော် ထွက်ခွာဖြစ်ချိန်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်ခုခုမှာ သွားကစားဖို့ မလွယ်ဘူး။ ဒါပေမဲ့ စွန့်စားခန်း တစ်ခုအတွက်တော့ ဖြစ်နိုင်တယ်။ ဥရောပမှာ မဟုတ်တဲ့ ပြိုင်ပွဲမျိုးပေါ့။ မေဂျာလိဂ်ဟာ ထိုးထွင်းတီထွင်မှု ကောင်းမွန်ပြီး ကွဲပြားတဲ့ အခြေအနေနဲ့ တိုးတက်လာတဲ့ လိဂ်ပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်”ဟု ကားဆီးလက်စ်က မှတ်ချက်ပြုခဲ့သည်။ ဝါရင့် စပိန်ဂိုးသမားကြီးက “ရီးယဲလ်မက်ဒရစ်နဲ့ ဖြတ်သန်းမှုတွေ ကုန်လွန်သွားပြီဆိုရင် ကျွန်တော်က ကွဲပြားတဲ့ ဘောလုံး အတွေ့အကြုံတွေကို ရယူချင်ပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

ဈေးမှန်ရလျှင် ဂျူဗင်းတပ်စ် အနေဖြင့် ပေါ့ဂ်ဘာကို ရောင်းမည်သာဖြစ်ဟု နည်းပြဝန်ခံ



သင့်တော် မှန်ကန်သည့် ဈေးနှုန်းမျိုးဖြင့် ကမ်းလှမ်းလာပါက ပေါလ်ပေါ့ဂ်ဘာကို ရောင်းချရမည်သာ ဖြစ်ကြောင်း ဂျူဗင်းတပ်စ် နည်းပြ မက်ဆီမီလီယာနို အယ်လာဂရီက ဝန်ခံ ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ဂျူဗင်းတပ်စ်အသင်း ချီယေးဗိုးကို အနိုင်ရခဲ့သည့် စီးရီးအေ ပွဲစဉ်တွင် ခြေစွမ်းပြခဲ့သည့် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူကို ဥရောပ ထိပ်တန်း ကလပ် အများအပြားက မျက်စိကျနေသည်။ ပေါ့ဂ်ဘာကို ၎င်း၏ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အပြင် ချယ်လ်ဆီး၊ မန်ချက်စတာစီးတီး၊ PSG အစရှိသည့် အသင်းများကပါ စိတ်ဝင်စားလျက် ရှိသည်။ အယ်လာဂရီက ပေါ့ဂ်ဘာ၏ အရည်အသွေးများကို ချီးကျူးခဲ့သော်လည်း ဂျူဗင်းတပ်စ် အနေဖြင့် ၎င်းကို ရေရှည် ထိန်းသိမ်း သွားနိုင်ရန် လွယ်မည် မဟုတ်ဟု ဖွင့်ဟခဲ့သည်။

“ချီယေးဗိုးနဲ့ပွဲမှာ ပေါ့ဂ်ဘာဟာ ထူးကဲပြောင်မြောက်တဲ့ ဂိုးတစ်ဂိုး သွင်းခဲ့သလို ဒုတိယ ဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းတာက ကျွန်တော်တို့ ဘဝမှာ အရာတိုင်းအတွက် တန်ဖိုးတစ်ရပ် ရှိနေတာပါပဲ။ ပေါ့ဂ်ဘာကို ရောင်းဖို့ဆိုတာက ဈေးနှုန်းမှန်ကန်ရင် ပြဿနာတစ်ရပ် မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့် ကစားသမားတွေကို ပြန်အစားထိုးဖို့ ဆိုတာက အခက်အခဲတော့ ရှိမှာပဲလေ။ ဒါပေမဲ့ ဘောလုံးမှာ ဒါတွေက ပုံမှန် ဖြစ်ပျက်နေတာပါပဲ”ဟု အယ်လာဂရီက ပြောကြားခဲ့သည်။

၎င်းက “ပေါ့ဂ်ဘာဟာ အသက်(၂၁)နှစ်ပဲ ရှိသေးတယ်။ နောက်ထပ် (၁၀)နှစ်၊ (၁၅)နှစ်လောက် ကောင်းကောင်း သုံးနိုင်သေးတယ်။ ပိုအရေးကြီးတာက သူဟာ လက်ရှိထက် အရည်အသွေး မြင့်သထက် မြင့်လာနေမယ် ဆိုတာပါ။ ဘောလုံးပွဲတွေ အနိုင်ရဖို့ ဆိုတာက ကစားသမားကောင်းတွေ လိုတယ်။ ဒီအတွက် ကလပ်တွေက ယူရို သန်း(၁၀၀)လောက် ပေးဝယ်မလား ဆိုတာက တစ်ကဏ္ဍပါ။ ပရော်ဖက်ရှင်နယ် နယ်ပယ်မှာ အရာရာအတွက် အဆင့်အတန်း သတ်မှတ်ချက်တွေ ရှိပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ဘီလ်ဘာအို လူငယ် ခံစစ်မှူး လာပေါ်တာ အတွက် ယူနိုက်တက်နှင့် ရီးယဲလ်တို့ အားပြိုင်ကြဖွယ်ရှိ



အက်သလက်တီကို ဘီလ်ဘာအို အသင်း၏ တက်သစ်စ ခံစစ်မှူးလေး အေမာရစ် လာပေါ်တာအတွက် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်တို့ အပြိုင် ချိတ်ဆက်နေကြောင်း သိရှိရသည်။

အသက်(၂၀)အရွယ်ရှိ ပြင်သစ်လူငယ် ကစားသမားလေး၏ စာချုပ်တွင် ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ကို ပေါင်စတာလင် (၃၁.၅)သန်းထိ ဘီလ်ဘာအိုက ထည့်သွင်း သတ်မှတ်ထားသည်။ ခံစစ်ပိုင်းကို သွေးသစ်လောင်းရန် စီစဉ်နေသည့် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က လာပေါ်တာကို သဘောကျ နှစ်သက်နေပြီး ရီးယဲလ်ကလည်း ပီပီ၏ နေရာတွင် ရေရှည် အစားထိုးရန် ၎င်းကို လျာထားသည်။ ထိုအနေအထားက လာပေါ်တာအတွက် ဥရောပ ထိပ်သီးနှစ်သင်း အကြိတ်အနယ် အားပြိုင်မည့် အခြေအနေသို့ ဦးတည်လာစေဖွယ် ရှိနေသည်။

ဘီလ်ဘာအိုသည် ကစားသမားကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေပြီး အကယ်၍ ရောင်းထုတ်ဖြစ်သည် ဆိုသည့်တိုင် စာချုပ်ပါ သတ်မှတ်ဈေးထက် လျော့နည်းသည့် မည်သည့် ကမ်းလှမ်းချက်ကိုမျှ လက်ခံဖွယ် မရှိချေ။ ရီးယဲလ်သည် လာပေါ်တာကို ခေါ်ယူရေးကိစ္စ အဆင်မပြေပါက ရီးယဲလ်ဆိုစီဒက်မှ အင်နီဂို မာတီနက်ဇ်ဘက် ပစ်မှတ် ပြောင်းလဲဖွယ် ရှိနေသည်။ ဆိုစီဒက်နည်းပြ ဒေးဗစ်မိုယက်စ်က ရီးယဲလ် ကွင်းလယ်လူ အေဆာ အီလာရာမန်ဒီကို စိတ်ဝင်စားကြောင်း ဝန်ခံထားရာ ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုမျိုးဖြင့် ရီးယဲလ်က နွေရာသီတွင် ချဉ်းကပ်လာဖွယ် ရှိနေသည်။

ယူနိုက်တက်သည် ခံစစ်ပိုင်း အတွက် ကစားသမားသစ်များကို စောင့်ကြည့်လျက် ရှိရာ လတ်တလောတွင် PSGမှ အသက်(၂၀)အရွယ် ဘရာဇီးလ် လူငယ်ခြေတက် မာကွင်ဟော့စ်နှင့်လည်း သတင်းကြီးနေကြောင်း သိရှိရသည်။

Soccer Myanmar

အလုပ်လုပ်ခွင့် ပါမစ် ခွင့်ပြုချက် ရခဲ့သည့်နောက် ဂါဘရီရယ်လ်၏ အာဆင်နယ် အပြောင်းအရွှေ့ ပြီးမြောက်ရန် နီးစပ်



အလုပ်လုပ်ခွင့် ပါမစ် ခွင့်ပြုချက် ရရှိသွားပြီးနောက် အာဆင်နယ် အနေဖြင့် ဂါဘရီရယ်လ် ပေါ်လစ္စတာကို အပြီးသတ် ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေပြီဟု သိရှိရသည်။

အသက်(၂၄)နှစ်ရှိ ဘရာဇီးလ် ဗဟိုနောက်ခံလူသည် စနေနေ့က လီဗန်တေးနှင့် ကစားသည့် ပွဲစဉ်တွင် ဗီလာရီးယဲလ် လူစာရင်းမှ နုတ်ထွက် ခဲ့သည့်နောက် အာဆင်နယ်သို့ ပြောင်းရွှေ့ရေးကိစ္စ အရှိန်မြင့်လာခဲ့သည်။ အာဆင်နယ်သည် ဂါဘရီရယ်လ်ကို ပေါင်စတာလင် (၁၁.၂)သန်းဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေပြီး ယခုအခါ ကစားသမားသည် ဗြိတိန်တွင် အလုပ်လုပ်ခွင့် ပါမစ် ရရှိသွားပြီ ဖြစ်ခြင်းကြောင့် အပြီးသတ် စာချုပ်နိုင်ရန် နောက်ဆုံးအဆင့်သာ ကျန်တော့သည်။ ဗီလာရီးယဲလ် အသင်းဘက်ကမူ ဂါဘရီရယ်လ် အနေဖြင့် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြိုတင် ကြေညာထားပြီး ဖြစ်သည်။

အာဆင်နယ်သည် ဂါဘရီရယ်လ်ကို ခေါ်ယူခြင်းအတွက် တောင်ပံတိုက်စစ်သမား ဂျိုဝယ်လ်ကမ့်ဘဲလ်ကို ရာသီကုန်ထိ ဗီလာရီးယဲလ်ထံ အငှားစေလွှတ်ပေးရမည် ဖြစ်သည်။ ဂါဘရီရယ်လ်သည် ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုဖူးခြင်း မရှိသဖြင့် ၎င်း၏ အလုပ်လုပ်ခွင့် ပါမစ် ငြင်းဆိုခံရနိုင်ကြောင်း အစောပိုင်းက စိုးရိမ်မှုများ ရှိခဲ့သည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် နွေရာသီ ဈေးကွက်အတွင်းက ရောင်းထုတ်လိုက်သည့် သောမတ်စ် ဗာမေလန်၏ နေရာကို ပြန်လည် ဖြည့်တင်းရန် ကြိုးစားနေရာမှ ဂါဘရီရယ်လ်ကို ချဉ်းကပ်မှုတွင် အောင်မြင်သွားခြင်း ဖြစ်သည်။

Soccer Myanmar

Monday, January 26, 2015

ကာလကြာရှည် အနားယူပြီးသည့်နောက် ဂိုးပြန်သွင်းယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း ဝဲလ်ကော့ ဖွင့်ဟ



ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရပြီးနောက် တနင်္ဂနွေနေ့က ဘရိုက်တန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားပွဲတွင် အာဆင်နယ်အသင်း၏ ဂိုးသွင်းစာရင်း၌ ပါဝင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း သီအိုဝဲလ်ကော့က ပြောကြားလိုက်သည်။

အင်္ဂလန် ကွင်းလယ်တောင်ပံ ကစားသမားသည် ၂၀၁၄ ခုနှစ် နှစ်သစ်ကူးနေ့မှ စတင်ကာ ဒဏ်ရာကြောင့် အနားယူခဲ့ရသူဖြစ်ပြီး တနင်္ဂနွေနေ့က အေမက်ဇ်ကွင်းတွင် စက္ကန့် ၉၀ အတွင်း အာဆင်နယ်အတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့သည်။

“အခုလို ပြန်ကစားနိုင်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပါတယ်။ အခုလို ပြန်ကစားနိုင်ချိန်မှာ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တစ်နှစ်လောက် အနားယူခဲ့ရတာဆိုတော့ ပုံမှန်ခြေပြန်ရဖို့ အချိန်လိုအပ်ပါတယ်။ အခုလို ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ နောက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ကျွန်တော့်ရဲ့ သွင်းဂိုးတွေကို နောက်ထပ် တွေ့မြင်ရမှာပါ။ ပရိသတ်တွေကလည်း ကျွန်တော် ပွဲတိုင်း ဂိုးသွင်းတာကို မြင်တွေ့ချင်ကြပါတယ်” ဟု ဝဲလ်ကော့က ပြောကြားခဲ့သည်။

Soccer Myanmar

ရီးယဲလ်နှင့် ဘိုင်ယန်တို့ကြား ကွာဟချက် ကြီးကြီးမားမား မရှိဟု ခရူးစ် မှတ်ချက်ပြု



ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် အသင်းများကြားတွင် ကြီးကြီးမားမား ကွာဟမှု ရှိသည်ဟု မထင်ကြောင်း ကွင်းလယ်လူ တိုနီခရူးစ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဂျာမန်လက်ရွေးစင် ခရူးစ်က ရီးယဲလ်တွင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကဲ့သို့ ကမ္ဘာ့ထိပ်တန်း ကြယ်ပွင့်များနှင့် တွဲဖက် ကစားရခြင်းကို ပျော်ရွှင်မိသော်လည်း မိမိ၏ အသင်းဟောင်း ဘိုင်ယန်သည် ရီးယဲလ်နှင့် အဆင့်တူပင် ရပ်တည်နိုင်ဟု သုံးသပ်ခဲ့သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီအသင်းနှင့်အတူ ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ခရူးစ်သည် ပြီးခဲ့သည့် နွေရာသီ ဈေးကွက်အတွင်း ဘိုင်ယန်မှ ရီးယဲလ်သို့ ကူးပြောင်းလာခဲ့သည်။ ယမန်နှစ်က ချန်ပီယံလိဂ်တွင် ရီးယဲလ်သည် ဘိုင်ယန်ကို နှစ်ကျော့ပေါင်း (၅-၀)ဖြင့် အပြတ်အသတ် ချေမှုန်းခဲ့သော်လည်း ထိုနှစ်သင်းကြား အဆင့်အတန်း ကွာဟချက် အလွန်မကျယ်ပြန့်ဟု ခရူးစ်က ဆိုသည်။

ခရူးစ်က “ရော်နယ်လ်ဒိုလို ကြယ်ပွင့် ကစားသမားတွေနဲ့ အတူတွဲ ကစားရတာ သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ ဘိုင်ယန်မှာ ဆိုရင်လည်း အဝတ်လဲခန်းထဲမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပြည့်နေတာပါပဲ။ အားကစား ကဏ္ဍမှာ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်သင်းကြား သိပ်ပြီး အဆင့်မကွာပါဘူး။ နှစ်သင်းစလုံးက ထိပ်တန်း အဆင့်မှာ ရှိကြပါတယ်။ ကျွန်တော်ဟာ အသင်းကောင်း တစ်ခုနေ နောက်တစ်ခုကို ကူးလာတာ ဖြစ်ပါတယ်။ ဒီရာသီအစ ဖြတ်သန်းမှုက သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ရာသီသိမ်းချိန်မှာ အောင်မြင်မှုတွေ ရနေဖို့ပါ ကျွန်တော် မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ရီးယဲလ်မှာ ကျွန်တော် အရမ်း အခြေကျ ပျော်ရွှင်နေပါပြီ။ တဖြည်းဖြည်းလည်း အသင်းနဲ့ ပိုပြီး အံဝင်လာနေတယ်။ ဂျာမနီမှာနဲ့ယှဉ်ရင် ဒီနိုင်ငံက အတွေးအခေါ်၊ အမူအကျင့်တွေက အများကြီး ခြားနားပါတယ်။ ဒါပေမဲ့ အားလုံးနဲ့ ကျွန်တော် အဆင်ပြေနေတာ ပျော်စရာပါ။ ရီးယဲလ်နဲ့ စာချုပ်ဖြစ်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ကျေနပ် အားရ ဖြစ်မိပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

စထရွတ်မန်း၏ ဒဏ်ရာအခြေအနေ မပြင်းထန်ဟု ရူဒီဂါစီယာ ပြောကြား



ရိုးမား ကွင်းလယ်ကစားသမား ကီဗင်စထရွတ်မန်း၏ လတ်တလော ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်ရန် မလိုကြောင်းနှင့် ကစားသမား၏ ဒဏ်ရာသည် ပြင်းထန်ခြင်း မရှိကြောင်း ရူဒီဂါစီယာက ပြောကြားလိုက်သည်။

ဒတ်ခ်ျ ကွင်းလယ်ကစားသမားသည် ၂၀၁၄ ခုနှစ်က ရရှိခဲ့သည့် ဒူးခေါင်းဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ယခုနှစ် ဘောလုံးရာသီတွင် လိဂ်ပွဲ ၆ ပွဲသာ ကစားထားသူ ဖြစ်သည်။ ၎င်းသည် တနင်္ဂနွေနေ့က ဖီအိုရင်တီးနားနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ၃၄ မိနစ် ကစားပြီးနောက် ဒူးခေါင်းဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။

သို့သော်လည်း စထရွတ်မန်း၏ ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိကြောင်းနှင့် ကြိုတင်ကာကွယ်သည့် အနေဖြင့်သာ လူစားလဲခဲ့ခြင်း ဖြစ်ကြောင်း ဂါစီယာက ဆိုခဲ့သည်။ “ဆရာဝန်က ဒဏ်ရာကို ကြည့်ပြီးသွားပါပြီ။ သူ့ရဲ့ဒဏ်ရာက ပြင်းထန်ပုံမပေါ်ပါဘူး။ ဒါပေမဲ့ ဒူးခေါင်းဒဏ်ရာက ကျွန်တော့်တို့ အမြဲတမ်း ဂရုစိုက်ရမယ့်ဒဏ်ရာပါ။ သူက ဒူးခေါင်းဒဏ်ရာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားခဲ့ဖူးသူပါ” ဟု ဂါစီယာက ပြောကြားခဲ့သည်။

ထို့အပြင် ဖီအိုရင်တီးနားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ သရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်း၏ ခြေစွမ်းကို ကျေနပ်အားရမိကြောင်း ဂါစီယာက ဆိုခဲ့သည်။
“အသင်းရဲ့ တုံ့ပြန်ပုံက အရေးပါခဲ့ပါတယ်။ ကျွန်တော်တို့က ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရချင်ခဲ့ပေမယ့် တစ်ဖက်အသင်းက ထက်မြက်တဲ့ ခြေစွမ်းပိုင်ဆိုင်ထားတဲ့ ဖီအိုရင်တီးနား အသင်းပါ။ အိုင်တာဘီရဲ့ ဖန်တီးမှုကနေ အယ်လ်ဂျာဂျစ် သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကျွန်တော်တို့ သရေရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့က ပင်ကိုယ်ပါရမီ ထူးချွန်တဲ့ ကစားသမားတွေပါ” ဟု ဂါစီယာက ပြောကြားခဲ့သည်။

Soccer Myanmar

မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ခြင်းအတွက် အဘူဒါဘီ ခရီးစဉ်အပေါ် အပြစ်တင်ရန် မန်စီးတီး မန်နေဂျာ ငြင်းဆို



မစ်ဒယ်ဘရော့ကို ၂-၀ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ကာ အက်ဖ်အေဖလားမှ ထွက်ခွာခဲ့ရခြင်းအတွက် မန်ချက်စတာစီးတီး၏ အဘူဒါဘီ ခရီးစဉ်အပေါ် အပြစ်တင်ရန် မန်နျူရယ် ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။

အီတီဟတ်တွင် ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ပက်ထရစ်ဘမ်းဖို့ဒ်နှင့် ကစ်ကီတို့၏ ဒုတိယပိုင်း သွင်းဂိုးများကြောင့် ချန်ပီယံရှစ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံအသင်းကို အနိုင်ရယူကာ အက်ဖ်အေဖလား ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့သည်။

ထို့နောက် မန်စီးတီး၏ စွမ်းဆောင်ရည် ဆိုးရွားခြင်းအတွက် ပွဲမတိုင်မီ တစ်ရက်အလိုမှ ပြန်လည်ရောက်ရှိလာသည့် အဘူဒါဘီ ခရီးစဉ်နှင့် မသက်ဆိုင်ကြောင်း ပယ်လီဂရီနီက ဆိုခဲ့သည်။

“အခုလို စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ ရှုံးနိမ့်ခဲ့တာက အဘူဒါဘီ ခရီးစဉ်ကြောင့်ဆိုတဲ့အပေါ် ကျွန်တော် လက်မခံပါဘူး။ ခင်ဗျားတို့က ဒီလိုမြင်ပေမယ့် ကျွန်တော့်ရဲ့အမြင်က အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းက ဒီပွဲမှာ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေး ၇ ကြိမ်လောက်ရခဲ့ပါတယ်။ ပွဲအစမှာလည်း ကစားပုံ အရမ်းကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ ဂိုးရသွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ စုဖွဲ့မှု ပျက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့က တန်ပြန်တိုက်စစ်ကနေ ဂိုးတွေထပ်ရခဲ့ပါတယ်။ ဒါကြောင့် လူတွေပြောသလို အဘူဒါဘီ ခရီးစဉ်အပေါ် အပြစ်တင်လို့မရပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

အဆိုပါ ရှုံးပွဲရလဒ်သည် အာဆင်နယ်ကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်အပြီးတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ခြေစွမ်းဆိုးရွားခြင်းသည် ဆာဂျီယို အဂူရို၏ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်လာခြင်းကဲ့သို့သော အကြောင်းများကြောင့် ဖြစ်ကြောင်း ပယ်လီဂရီနီက ရှင်းပြခဲ့သည်။

“နောက်ဆုံး အိမ်ကွင်း ၂ ပွဲမှာ ဂိုးတစ်ဂိုးမှ မရခဲ့တာက ပုံမှန်အခြေအနေ မဟုတ်ပါဘူး။ အဓိက ပြဿနာက တိုက်စစ်မှူး မပါဘဲ တစ်လလောက် ကစားပြီးတဲ့နောက် ကစားတဲ့ပုံစံ ပြောင်းလဲတဲ့အတွက်ကြောင့်ပါ။ တိုက်စစ်မှူးတွေ ပြန်ပါလာနိုင်တဲ့အချိန်မှာ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြန်ရဖို့ အချိန်လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန်ခြေစွမ်း ပြန်ရဖို့အတွက် အချိန်လိုပါတယ်” ဟု မန်ချက်စတာစီးတီး မန်နေဂျာက ပြောကြားခဲ့သည်။

Soccer Myanmar

ကော်ဒိုဘာနှင့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ရော်နယ်ဒို တောင်းပန်



စနေနေ့က ကော်ဒိုဘာနှင့် ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ရီးယဲမက်ဒရစ် တိုက်စစ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက တောင်းပန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် တစ်ဂိုးစီ သရေကျနေစဉ်အတွင်း ပေါ်တူဂီ ကြယ်ပွင့်က ကော်ဒိုဘာ နောက်ခံလူ အက်ဒီမာကို ကန်ခဲ့သောကြောင့် ဒိုင်လူကြီး ဟာနန်ဒက်ဇ်က အနီကတ်ပြသကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ရော်နယ်ဒို၏ လာလီဂါ ကစားသမားဘဝတွင် လေးကြိမ်မြောက် အနီကတ်ဖြစ်ခဲ့ပြီး ပွဲအပြီးတွင် Ballon d’Or ဆုရှင်က အဆိုပါဖြစ်ရပ်အတွက် တောင်းပန်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

“ဒီနေ့ပွဲမှာ ကျွန်တော့်ရဲ့ စဉ်းစားဆင်ခြင်မှု ကင်းမဲ့တဲ့ လုပ်ရပ်အတွက် အားလုံးကို တောင်းပန်လိုပါတယ်။ အထူးသဖြင့် အက်ဒီမာကို တောင်းပန်လိုပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။ယင်းပွဲစဉ်တွင် ရော်နယ်ဒို ထုတ်ပယ်ခံခဲ့ရသော်လည်း ပွဲပြီးခါနီးတွင် ရရှိသည့် ပင်နယ်တီကို ဂါရတ်ဘေးလ်က သွင်းယူခဲ့သောကြောင့် မက်ဒရစ်က အနိုင်ရရှိသွားခဲ့သည်။

သို့သော်လည်း ရော်နယ်ဒို ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းအနေဖြင့် ကော်ဒိုဘာကို အနိုင်ရရန် ခက်ခဲခဲ့ကြောင်း အိုင်ကာ ကားဆီးလက်စ်က ပြောကြားခဲ့ သည်။“ခရစ္စတီ ယာနိုကြောင့် စိတ် အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဘယ်ကစားသမားကမှ အသင်းကို ၁၀ ယောက်တည်းနဲ့ ကစားချင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုခဲ့သည်။
မက်ဒရစ် နည်းပြ ကာလိုအန်ဆယ်လော့တီကမူ ရော်နယ်ဒို၏ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။“ခရစ္စတီယာနိုရဲ့ လုပ်ရပ်ကို မမြင်ခဲ့တဲ့အတွက် ဒီဖြစ်ရပ်အပေါ် မဝေဖန်နိုင်ပါဘူး” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

Soccer Myanmar

အက်ဖ်အေဖလားမှ ထွက်ခွာခဲ့ရသည့်အတွက် ရှက်မိကြောင်း မော်ရင်ဟို ဝန်ခံ



အက်ဖ်အေဖလားတွင် လိဂ်ဝမ်းကလပ်  ဘရက်ဖို့ဒ်ကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသည့်အတွက် ရှက်မိကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဝန်ခံပြောကြားလိုက်သည်။

အဆိုပါ ပွဲတွင် ချယ်ဆီးသည် ဂယ်ရီကာဟေးလ်နှင့် ရာမီးရက်စ်တို့၏ ဂိုးများဖြင့် ပထမပိုင်းတွင် ဦးဆောင်ခဲ့သော်လည်း ဖီးလ်ပါကင်ဆန်၏ အသင်းက လေးဂိုးပြန် သွင်းကာ ၄-၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

မော်ရင်ဟိုသည် ပွဲမစခင်က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ရှုံးနိမ့်ခဲ့ပါက သိက္ခာကျစရာ ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးခဲ့ပြီးနောက် ပွဲအပြီးတွင် ဘရတ်ဖို့ဒ်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် ရှက်မိကြောင်း ဆိုခဲ့သည်။

“အခုအချိန်မှာ ကျွန်တော် ဘရတ်ဖို့ဒ်အတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ရှက်မိပါတယ်။ ကစားသမားတွေလည်း ကျွန်တော့်လိုပဲ ခံစားရလိမ့်မယ် ထင်ပါတယ်။ ကျွန်တော် မနေ့က စကားကိုပဲ ထပ်ပြောပါမယ်။ ဒီပွဲရှုံးနိမ့်တာက သိက္ခာကျစရာ ဖြစ်ရပ်တစ်ခုပါ။ လိဂ်ဝမ်းက အသင်းကို ရှုံးနိမ့်တာက လက်မခံနိုင်စရာပါပဲ။ ခင်ဗျားနေရာမှာ ကျွန်တော်သာဆိုရင် ချယ်ဆီးမန်နေဂျာနဲ့ ကစားသမားတွေကို အပြင်းအထန် ဝေဖန်မိမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

Soccer Myanmar

အချိန်ဆွဲ ကစားခြင်းမှာ ဘောလုံးရသကို ဖျက်ဆီးနေခြင်းဟု မကွေးနည်းပြ သုံးသပ်



ပုံစာ- မကွေးအသင်းနည်းပြ ဦးဇော်ဝင်းထွန်းကို မြန်မာယူ-၂၃ အသင်းနှင့် အတူတွေရစဉ်

မကွေးအသင်း နည်းပြချုပ်ဖြစ်သူ ဦးဇော်ဝင်းထွန်းသည် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း အများစု အနေဖြင့် အချိန်ဆွဲ ကစားလေ့ရှိခြင်းမှာ ဘောလုံးရသကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် ပွဲပြီးခါနီး အချိန်တွင် အနိုင်ရရှိ နေသော အသင်းများ၊ အမှတ်လိုအပ်နေ အသင်းများက အချိန်ဆွဲမှုများ ဒဏ်ရာ ရရှိဟန်ဆောင်၍ လှဲချမှုများ ပြုလုပ်လျက်ရှိနေခြင်းကို ဦးဇော်ဝင်းထွန်း ကသုံးသပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက“ကျွန်တော်တို့ပြိုင်ပွဲမှာ အချို့အသင်းတွေက ပြိုင်ပွဲရဲ့ ရသကို ဖျက်ဆီးနေပါတယ်။ သူတို့ဟာ နိုင်နေရင်ပဲ ဖြစ်ဖြစ်၊ သရေကျ နေရင်ပဲ ဖြစ်ဖြစ်၊ ကွင်းထဲမှာ လှဲချလိုက်တယ်။ သူတို့တိုက်စစ် ဆင်နေရင် အကောင်း၊ ဘောလုံးပျက်ပြီး သူများ ဘောလုံးရသွားပြီ ဆိုရင် လှဲချလိုက်တယ်။ အဲဒီတော့ ကျွန်တော်တို့က Fair Play လုပ်ပေးရတယ်။ ဒါပေမယ့် အသင်းတွေ အနေနဲ့ ပြိုင်ပွဲကိုတော့ မျှတအောင် ကစားကြဖို့လိုပါတယ်။ ကျွန်တော်တို့ အသင်းမှာ ဒီလိုလုပ်ဖို့ မမှာထားပါဘူး။ တကယ်နာရင် လူစားလဲပေးသွားမယ်။ အနာပဲနဲ့တော့ ကွင်းထဲမှာ လှဲမချဖို့ မှာထားပါတယ်”ဟု ပြောသည်။
မကွေးအသင်းသည် မြန်မာနေ ရှင်နယ်လိဂ် ပွဲစဉ်(၃)တွင် နေပြည်တော် အသင်းနှင့် ဂိုးမရှိသရေကျခဲ့ပြီး ပွဲပြီးချိန်နှင့် နီးကပ်လာသည့် အချိန်တွင် နေပြည်တော် ကစားသမားများ အနေဖြင့် မကြာခဏ ဒဏ်ရာရခဲ့ပြီး ပွဲရပ်နားမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသည်။

Soccer Myanmar

ဖုန်ဂန် ဘောလုံးအသင်း အတွက် ကစားသမားများ ရွေးချယ်



မြန်မာ နေရှင်နယ်လိဂ်-၂မှာ ယခုနှစ်မှ စတင် ၀င်ပြိုင်မည့် ဖုန်ဂန်ဘောလုံး အသင်းသည် ကစားသမားများကို ရ၀မ်စာပေနှင့် ယဉ်ကျေးမှု အသင်းအားကစား ပြိုင်ပွဲများမှ ထူးချွန်သူများအား ရွေးချယ် ထားကြောင်း သိရပါသည်။
“ရန်ကုန်မှာ ရှိတဲ့ ရ၀မ် စာပေနှင့် ယဉ်ကျေးမှု အသင်းက ဘောလုံး ပြိုင်ပွဲတွေနဲ့  တခြား အားကစားပွဲတွေ လုပ်တယ်။ အဲဒီက ကစားသမားတွေကို ရွေးချယ်ပြီး ၀င်ပြိုင်တာပါ” လို့ ဖုန်ဂန်ဘောလုံးအသင်း အမှုဆောင် အရာရှိချုပ် ဦးဖလားဆင်က ပြောပါသည်။
ဖုန်ဂန် ဘောလုံး အသင်းသည် ကချင်ပြည်နယ် ပူတာအို ခရိုင်အတွင်းမှာ ရှိသည့် တိုင်းရင်းသား လုငယ်များနဲ့ မြန်မာ နေရှင်နယ်လိဂ်-၂ကို ၀င်ပြိုင်တာ ဖြစ်ပြီး ကစားသမား အရေအတွက် စုစုပေါင်း ကစားသမား၂၇ယောက် ရှိတယ်လို့ သိရပါ သည်။
“ကစားသမားတွေရဲ့ လစာကတော့ အားလုံးကို ငွေကျပ်သုံးသောင်းစီ ပေးထားပါတယ်။သူတို့ အရည်အချင်းကို ကြည့်ပြီးနောက်ပိုင်းမှာ ဆက်တိုးပေးသွားမှာ ပါ” လို့ ဖုန်ဂန် ဘောလုံး အသင်း အမှုဆောင် အရာရှိချုပ် ဦးဖလားဆင်က ဆိုပါသည်။ ဖုန်ဂန် ဘောလုံး အသင်းသည် လက်ရှိအချိန်မှာ စမ်းချောင်း မြို့ နယ်မှာ အဆောင် ငှားရမ်း နေထိုင်နေပြီး ဗဟန်း အားကစားကွင်းမှာ လေ့ကျင့်နေတယ် လို့ သိရပါသည်။ ၎င်းအပြင် အသင်းအတွက် အိမ်ကွင်းပါ တည်ဆောက်ရန် စီစဉ်နေကြောင်းလည်း ပြောကြားခဲ့သည်။

“ပူတာအို ခရိုင် အတွင်းမှာ  အိမ်ကွင်း ဆောက်လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ဘယ်တော့ လောက်စဆောက်နိုင်မလဲ မသိပေမယ့် မြေနေရာကတော့ သုံးနေရာလောက် ကြည့်ထားပြီးပါပြီ”လို့ ဖုန်ဂန်ဘောလုံး အသင်းမီဒီယာ တာဝန်ခံ ဦးဆလွက်ထ မျိုးရမ်ကပြောပါသည်။ ဒါ့အပြင် ဖုန်ဂန်ဘောလုံး အသင်း အနေနဲ့ အသင်း ရေရှည်ရပ်တည်နိုင်ဖို့ အ တွက် ကချင်ပြည်နယ်မှ ကျောက်စိမ်း လုပ်ငန်းရှင် တစ်ချို့ နဲ့ လည်း ဆက်သွယ် ဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ သိရပါသည်။
“အခုတော့ အသင်းမှာ အဓိက စပွန်ဆာ မရှိသေးပေးမယ့် လုပ်ငန်းရှင်တွေက ထောက်ပံ့ ထားပါတယ်။ နောက်ပိုင်းမှာ အသင်း အတွက် ကျောက်စိမ်းလောပန် တွေနဲ့ လည်း ပြောထားပါတယ်” လို့ ဖုန်ဂန်ဘောလုံးအသင်း အမှုဆောင်အရာ ရှိချုပ် ဦးဖလားဆင်က ဆိုပါသည်။

Soccer Myanmar

Sunday, January 25, 2015

မြန်မာ ယူ-၂၀ အသင်း အီရန် ယူ-၂၂ အသင်းကို ရှုံးနိမ့်



တူရကီနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ-၂၀ အသင်းသည် ဇန်နဝါရီ ၂၅ ရက်က အီရန် ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။
မြန်မာယူ-၂၀ အသင်းသည် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့သော်လည်းအီရန် ယူ-၂၂ အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
အီရန် ယူ-၂၂ အသင်းသည် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရန် ရည်မှန်းချက်ထား ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး တူရကီနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက လာရောက်လေ့ကျင့်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။

အီရန်အသင်းက ၇၊ ၁၉ မိနစ်များတွင် သွင်းယူသော ဂိုးများဖြင့် ပထမပိုင်း နှစ်ဂိုးပြတ် အနိုင်ရနေခဲ့ပြီး ၈၃ မိနစ်တွင် မောင်မောင်စိုးက မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။ မြန်မာအသင်း ခြေပဂိုး ထပ်မံ ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ၈၉ မိနစ်တွင် အီရန်အသင်းက တတိယဂိုး သွင်းယူခဲ့သောကြောင့် မြန်မာအသင်း ပွဲအပြီးတွင် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

Eleven Media Group

စပါးနောက်ခံ လူနောက်တန် ကိုပေါင် ငါးသန်းဖြင့် ဆွမ်ဆီး အသင်းခေါ်ယူ



ဝေးလ်၊ ဇန်န၀ါရီ ၁၆။   ။စပါး အသင်းတွင် ပထမ ကစား သမား နေရာရရန် ရုန်းကန်နေ ရသည့် ညာနောက်ခံ ကစားသ မားနောက်တန်ကို ဆွမ်ဆီး အသင်း ကပြောင်းရွှေ့ကြေးပေါင် ငါးသန်း ဖြင့် အပြီးသတ်ခေါ် ယူလိုက် ပြီဖြစ်သည်။
နောက်တန်သည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၁၀ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသည်။ စပါးအသင်း ၏အားထား ရသောနောက်ခံ ကစားသမား တစ်ဦးဖြစ်သည့် ကယ်လီဝေါ်လ်ကာ ဒဏ်ရာမှ ပြန်လည် သက်သာ လာချိန်  တွင်နောက် တန်သည်  အကန့် အသတ်ဖြင့်သာ ပွဲထွက်ခွင့် ရရှိခဲ့ သည်။
ဆွမ်ဆီး သို့ပြောင်းရွှေ့နိုင် ခဲ့ပြီးနောက် တွင်နောက်တန်က 'ဆွမ်ဆီးအသင်း ကစား တာကို အများကြီး ကြည့်ဖူး ပါတယ်။ ဒီကွင်း မှာလည်း လာကစား ခဲ့ဖူးပါ တယ်။ သူတို့ရဲ့ ကစားပုံက ကျွန်တော့်ကို အများ ကြီး ဆွဲဆောင်နိုင်ပါတယ်။ ဝေါ်လ်ကာ ဒဏ်ရာ ရနေတဲ့ အချိန်မှာ ကျွန်တော်အများ ကြီးကစားခဲ့ ရပါတယ်။
ဒါပေမဲ့ဝေါ်လ် ကာပြန်ကောင်း လာတဲ့ အချိန်မှာ ပွဲကစားခွင့် နည်းသွား ရသလို စပါး ကလည်း ကစားသမား သစ်တွေခေါ်ဖို့ လုပ်နေ  တာကြောင့် ကျွန်တော့် အတွက် အကောင်းဆုံးဖြစ်မယ့် ဟာကိုရွေး ခဲ့တာပါ' ဟုပြောသည်။
Ref: BBC
Written by  အောင်ငြိမ်းသွေး
Mizzima

ဂါဘရီရယ်အတွက် အာဆင်နယ်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ဗီလာရီးယဲ အတည်ပြု



ဗဟိုနောက်ခံ ကစားသမား ဂါဘရီရယ် ပေါ်လစ္စတာကို ခေါ်ယူရန်အတွက် အာဆင်နယ်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် အပြောင်းအရွှေ့ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဂျိုးကမ်းဘဲလ်ကို အငှားဖြင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း ဗီလာရီးယဲမှ ကြေညာခဲ့သည်။
အာဆင်နယ်သည် ဗြိတိန် အလုပ်လုပ်ခွင့်ပါမစ် ရရှိရန် ခက်ခဲဖွယ်ရှိသော်လည်း အဆိုပါ ဘရာဇီးလ် နောက်ခံကစားသမားကို ခေါ်ယူနိုင်ရန်အတွက် သဘောတူညီမှုရရှိရန် ယုံကြည်ထားကြောင်း မကြာသေးမီက ဆိုခဲ့သည်။ 
ထို့နောက် စပိန်ကလပ် ဗီလာရီးယဲက “ဂါဘရီရယ်အတွက် အာဆင်နယ်နဲ့ သဘောတူညီမှု ရခဲ့ပါပြီ။ ကစားသမား အနေနဲ့ လီဗန်တေးနဲ့ ပွဲမတိုင်ခင်မှာ အသင်းကို နှုတ်ဆက်စကားပြောပါလိမ့်မယ်။ ကံကောင်းပါစေ” ဟု Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။ ထို့အပြင် ဗီလာရီးယဲသည် ကော်စတာရီကာ လက်ရွေးစင် ကစားသမား ကမ်းဘဲလ်ကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူသွားမည်ဟု အတည်ပြုခဲ့သည်။
“ဂျိုးကမ်းဘဲလ်ကို ကြိုဆိုပါတယ်။ သူ့ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ သဘောတူညီမှု ရထားပါတယ်” ဟု ဗီလာရီးယဲအသင်း မှ ပြောကြားခဲ့သည်။အသက် ၂၂ နှစ်အရွယ် ကမ်းဘဲလ်သည် ယခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ်အသင်း၌ ပါဝင်နိုင်ရန် မျှော်လင့်ထားသော်လည်း ပရီးမီးယားလိဂ်တွင် ၄၁ မိနစ်သာ ပါဝင်ကစားထားရပြီး အသင်း၏ ပွဲထွက်ခွင့်အတွက် အလက်ဆစ် ဆန်းချက်ဇ်၊ ဒန်နီဝဲဘက်ခ်နှင့် အိုလီဗာ ဂီးရော့ဒ်တို့နှင့် ယှဉ်ပြိုင်နေရသည်။
ဂါဘရီရယ်သည် အာဆင်နယ်၏ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ဒုတိယမြောက် ခေါ်ယူသည့် ကစားသမား ဖြစ်လာမည် ဖြစ်သည်။ အာဆင်နယ်သည် သောကြာနေ့က အသက် ၁၇ နှစ်အရွယ် ပိုလန် ကစားသမား ခရစ္စတီယန်ဘီလစ်ခ်ကို ခေါ်ယူထားသည်။

Soccer Myanmar