Pages

Subscribe:

Friday, January 30, 2015

ပြိုင်ဘက်ကို ကြမ်းတမ်းစွာ ပြုမူကြောင်း FA၏ စွဲချက်ကို ကော်စတာ ငြင်းဆို



ချယ်လ်ဆီး အသင်း၏ တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ပြိုင်ဘက်ကို ကြမ်းတမ်းစွာ ပြုမူမှုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)ထံမှ စွဲချက်တင်မှုကို တုံ့ပြန်ရင်ဆိုင်သွားမည်ဟု သိရသည်။

Capital One အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွင် လီဗာပူးလ် ကွင်းလယ်လူ အမ်မရီကန်ကို တက်နင်းခဲ့သည် ဆိုသော စွဲချက်ကို စပိန် လက်ရွေးစင် တိုက်စစ်မှူးက ငြင်းပယ်ခဲ့သည်။ အကယ်၍ ကော်စတာက အဆိုပါ စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံပါက (၃)ပွဲပယ် ပြစ်ဒဏ်တစ်ရပ် အလိုအလျောက် သက်ရောက်လာမည် ဖြစ်သော်လည်း ယခုအခါ ၎င်း၏ ဖြေရှင်းချက်အတွက် ကြားနာသွားမည် ဖြစ်သည်။ ယင်းကြားနာမှုကို သောကြာနေ့တွင် ပြုလုပ်ဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။

ထို့အပြင် ကော်စတာသည် စွဲချက်အတွက် အပြစ်ရှိမရှိ ဆိုသည့် ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့၊ မန်ချက်စတာ စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ချမှတ်သွားနိုင်ကြောင်း သိရှိရသည်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည်လည်း FAအပေါ် ဝေဖန်စကားအချို့ ပြောဆိုမှုကြောင့် ပေါင်စတာလင် (၂၅၀၀၀) ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချမှတ် ခံခဲ့ရသည်။ ယင်းအခြေအနေများတွင် ချယ်လ်ဆီးသည် ၎င်းတို့ပုံမှန် ပြုလုပ်နေကျ အပတ်စဉ် မီဒီယာ တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့ကြောင်းလည်း သိရသည်။

Soccer Myanmar

0 comments:

Post a Comment