Pages

Subscribe:

Tuesday, January 20, 2015

ယူ-၂၀ အသင်းတွင် အမေရိကန် နိုင်ငံဖွား မြန်မာဂိုးသမားတစ်ဦး စမ်းသပ် ကစားမည်



ရန်ကုန်၊ (မဇ္ဈိမ)။    ။မြန်မာ့ လက်ရွေးစင် ယူ-၂ဝ အသင်းတွင် မြန်မာနိုင်ငံသား မိခင်နှင့် အမေရိကန်နိုင်ငံ သားဖခင်တို့ မှမွေးဖွားသော အမေရိကန်နိုင်ငံ ဖွားမြန်မာ လူငယ် ဂိုးသမား တစ်ဦးလာရောက် အစမ်းသပ်ခံရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ညွှန်ကြားရေးမှူး (စီမံ) ဦးစိုးမိုးကျော် ကပြောသည်။
အသက် ၁၈ နှစ် အရွယ် ရှိ မြန်မာ ဂိုးသမား ဟိန်းထက်မက်အာသာမှာ အမေရိကန်နိုင်ငံ တွင်နေထိုင်လျက်ရှိ ပြီးအပျော် တမ်းနှင့်ကျောင်း သားဘောလုံးပြိုင် ပွဲများတွင် ပါဝင်ကစားလျက်ရှိသည်။
''မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယူ-၂ဝ အသင်း သတင်း တွေကို ဝင်ကြည့် ရင်းနဲ့ စိတ်ဝင်စား တယ်ဆိုပြီး လာကမ်း လှမ်းတာပါ။ သူက အမေရိကန်နိုင်ငံမှာ ဆိုပေမယ့် သူ့အမေက မြန်မာအမျိုးသမီးပါ။ သူကစားထား တဲ့ပုံတွေနဲ့ ဗီဒီယို ဖိုင်ကိုမေးလ် ပို့ထားပါတယ်။ နည်းပြကြီးကိုပြကြည့်တော့ စိတ်ဝင်စားတဲ့အ တွက်ဖေဖော်ဝါရီ လလောက် ကျရင်ကလေး ကိုမြန်မာနိုင်ငံ ကိုခေါ်ပြီး စမ်းသပ်ဖို့ စီစဉ်ထား ပါတယ်'' ဟု ဦးစိုးမိုးကျော် ကပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၂ဝ အသင်းမှာ အာရှချန်ပီယံ ရှစ်ပြိုင်ပွဲပြီးနောက် ပဏာမ ကစားသမား ၂၄ ဦးဖြင့်လေ့ကျင့်ပြင် ဆင်ခဲ့ပြီး တူရကီ ခရီးစဉ် တွင်ကစား သမားသုံးဦး ချန်ရစ်ကာ ၂၁ ဦးသာ ရွေးချယ်ခေါ်ယူသွား ခဲ့သည်။
Written by  ရွှေဘုတ်
Mizzima



0 comments:

Post a Comment