Pages

Subscribe:

Tuesday, January 20, 2015

အကောင်းဆုံးကစားသမားတွေက မက်ဒရစ်မှာပြောင်းရွှေ့ကစားပါတယ် (ဇီဒန်း)



ရီးရဲအသင်းက ဂျူဗီစတား ပေါ့ဘာကို ခေါ်ယူရန်စိတ်ဝင်စားကြောင်းသိရှရပြီးနောက် ပြင်သစ်ကစားသမားဟောင်း ဇီဒန်းက """ အကောင်းဆုံး ကစားသမားတွေဟာနောက်ဆုံးမှာ ရီးရဲသို့ပြောင်းရွှေ့ကစားကြပါတယ်လို့""" ပြောကြားခဲ့ပါတယ်။
ဂျဗီဒါရိုက်တာ ဂူဆက်ပီ မာရော့တာက ဥရောပအသင်းကြီးများက ကမ်းလှမ်းလာတဲ့နောက်မှာ ဒီ၂၁ နှစ်သားကို အသင်းမှာ ဆက်ထိန်းထားဖို့ခက်ခဲလာပါတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။ရီးရဲ နည်းပြ အန်ဆလော့တီကလည်း ဒီလူငယ် ကြယ်ပွင့်ကိုခေါ်ယူဖို့ချဉ်းကပ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးဆုရ ကစားသမားကြီး ဇီဒန်းက """ကျွန်တော် ပေါ့ဘာကို စပိန်ကလပ်အသင်းသို့ပြောင်းရွှေ့ကစားဖို့စည်းရုံးမှာမဟုတ်ပါဘူး၊ ဘာပြုလို့လဲဆိုရင် ပေါ့ဘာကို ပုဂ္ဂိုလ်ရေး သိကျွမ်း ရင်းနှီးမှုမရှိပါဘူး၊ ဒါပေမဲ့ နောက်ဆုံးမှာ အကောင်းဆုံးကစားသမားတွေဟာ ရီးရဲနဲ့ပူးပေါင်းကြပါတယ်ဟု""" အေအက်စ်သို့ပြောကြားခဲ့ကြောင်း ဂိုးလ်ဒေါ့ကွန်းသတင်းအရသိရပါတယ်။
Football Cafe



0 comments:

Post a Comment