Pages

Subscribe:

Thursday, January 29, 2015

အင်္ဂလန် ထိပ်တန်းကလပ်များ စိတ်ဝင်စားနေသော်လည်း အက်သလက်တီကိုတွင်သာ ပျော်ရွှင်နေဟု ကိုကီဖွင့်ဟ



ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များ၏ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရသည့်တိုင် အက်သလက်တီကို မက်ဒရစ်တွင်သာ ပျော်ရွှင်နေကြောင်း ကိုကီက ပြောကြားခဲ့သည်။
စပိန်နှင့် အင်္ဂလိပ် မီဒီယာ အချို့က လာမည့်နွေရာသီတွင် ကိုကီ အနေဖြင့် အက်သလက်တီကို အသင်းမှ ထွက်ခွာနိုင်ကြောင်း ခန့်မှန်းရေးသားလာသော်လည်း စပိန် ကွင်းလယ် ဖန်တီးရှင် ကစားသမားလေးက ဗင်းဆင့် ကယ်လ်ဒါရွန်တွင်သာ အနာဂတ်ကို ရှေ့ဆက်လိုကြောင်း ဆိုသည်။ မန်ချက်စတာ ယူနိုက်တက်သည် ကိုကီကို အစဉ်တစိုက် ချိတ်ဆက်နေခဲ့ပြီး လီဗာပူးလ်ကလည်း အသင်းခေါင်းဆောင် စတီဗင်ဂျရတ် နေရာတွင် အစားထိုးရန်အတွက် အသက်(၂၃)နှစ်ရှိ ကစားသမားကို အလိုရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ကိုကီကိုယ်တိုင်ကမူ “ကျွန်တော်ကတော့ အပြောင်းအရွှေ့ သတင်းတွေအတွက် စိတ်အေးအေးပဲ ထားပါတယ်။ အဖြူနဲ့ အနီကျား ဂျာစီကို ဝတ်ဆင်ထားရင်း ကျွန်တော် ပျော်ရွှင်နေဆဲပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက “အက်သလက်တီကိုမှာ ကျွန်တော် အဆင်ပြေနေပါတယ်။ အသင်းက တဖြည်းဖြည်း တိုးတက် ကြီးထွားလာနေသလို ကျွန်တော်လည်း အသင်းမှာ ကစားရင်း တိုးတက်လာနေတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ဒီအသင်းက ထွက်ခွာသွားမယ့် အချိန်ရော၊ ဘယ်ကို သွားရမယ် ဆိုတာမျိုးပါ လုံးဝ မတွေးထားပါဘူး”ဟုလည်း ဆိုသည်။
ကိုကီက “အက်သလက်တီကို ပရိသတ်တွေ ပျော်ရွှင်နေတာကို ကျွန်တော် ကျေနပ်ပါတယ်။ ဖြစ်နိုင်ရင် ဒီအသင်းမှာ အမြဲတမ်း နေသွားချင်တာပေါ့။ ဒါပေမဲ့ ဘောလုံးမှာက ဘာမှ ကြိုပြောလို့ မရဘူးလေ။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ကျွန်တော် ဒီမှာရှိနေတာကို လူတွေက ပျော်နေကြတယ်။ ကျွန်တော်ကလည်း နောက်ထပ် နှစ်ပေါင်းများစွာ အက်သလက်တီကိုအတွက် ကစားချင်ပါတယ်”ဟု ဖွင့်ဟခဲ့သည်။ ၎င်းသည် ယခုရာသီ အက်သလက်တီကို၏ လာလီဂါ ပွဲ(၂၀)တွင် (၁၈)ပွဲ ပွဲထွက်ပါဝင်ခဲ့ပြီး (၁)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈)ကြိမ် ပြုလုပ်ပေးထားသည်။

Soccer Myanmar

0 comments:

Post a Comment