Pages

Subscribe:

Thursday, January 29, 2015

ဆောက်သမ်တန်နှင့် ပွဲအပြီး မှတ်ချက်အတွက် ဒဏ်ငွေပေးဆောင်ရမည့် မော်ရင်ဟို



ဆောက်သမ်တန်နှင့် ပွဲစဉ်အပြီး ၎င်းပြောဆိုခဲ့သည့် မှတ်ချက်များအတွက် ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က ဒဏ်ငွေတစ်ရပ် ချမှတ်လိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလက ချယ်လ်ဆီးသည် စိန့်မေရီ၌ ဆောက်သမ်တန်နှင့် (၁)ဂိုးစီ သရေကျခဲ့သည့်နောက် မော်ရင်ဟိုက ချယ်လ်ဆီး ဒုက္ခရောက်အောင် ဝိုင်းဝန်း ဆော်ဩသည့် လှုပ်ရှားမှုတစ်ခု ရှိနေကြောင်း အရွဲ့တိုက် မှတ်ချက်ပေးခဲ့သည်။ ယင်းပွဲစဉ်တွင် ချယ်လ်ဆီး ကွင်းလယ်လူ ဆက်စ်ဖာဘရီဂက်စ် အနေဖြင့် ပင်နယ်တီ ရသင့်သော်လည်း ငြင်းပယ်ခံရပြီးနောက် မော်ရင်ဟိုက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ ဒိုင်လူကြီးများအပေါ် လွှမ်းမိုးနိုင်ရန် လှုပ်ရှားမှုများ ရှိနေကြောင်း မော်ရင်ဟို၏ ဝေဖန်စကားအတွက် FA၏ စွဲချက်တင်ခဲ့သော်လည်း မော်ရင်ဟို ကိုယ်တိုင်ကမူ မိမိတွင် အပြစ်မရှိဟု ငြင်းဆိုခဲ့သည်။
သို့သော်လည်း FAက သီးခြားလွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်း ကြားနာမှုအရ မော်ရင်ဟိုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ပေါင်စတာလင် (၂၅၀၀၀)ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ မော်ရင်ဟိုသည် FA၏ စည်းမျဉ်းစည်းကမ်းများတွင် မီဒီယာနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း FA၏ ကြေညာချက်တွင် စွပ်စွဲ ဖော်ပြထားသည်။ FAသည် Capital One အကြိုဗိုလ်လုပွဲတွင် လီဗာပူးလ် ကွင်းလယ်လူ အမ်မရီကန်ကို တက်နင်းမှုဖြင့် ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာကိုလည်း လတ်တလော စွဲချက်တင်ထားကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment