Pages

Subscribe:

Tuesday, January 27, 2015

နည်းပြဂွါဒီယိုလာ အသင်းမှ ထွက်လျှင် အရန်သင့် အစားထိုးရန် အစီအစဉ် မရှိဟု ဘိုင်ယန် စီအီးအိုပြော



Written by  အောင်သုတ
မြူးနစ်၊ ဇန်န၀ါရီ ၂၇။    ။ ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ် သစ်ချုပ်ဆို လိုခြင်းမရှိဘဲ လာမည့်နွေ ရာသီတွင် နည်းပြ ဂွါဒီယိုလာ ထွက်ခွာ ဖွယ်ရှိနေ သည်ဟု သတင်းထွက် လာခဲ့ပြီးနောက်အသင်းစီအီးအို ရူမင်နစ်ဂီက ဂွါဒီယိုလာ ထွက်သွားလျှင် အရန်သင့် အစားထိုးမည့် အစီအစဉ်မျိုး အသင်းတွင်ရှိ မနေကြောင်းဝန်ခံပြော ကြားသည်။
ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းသို့ ၂၀၁၃ ခုနှစ်နွေရာသီက ရောက်ရှိလာပြီးနောက် သုံးနှစ်စာ ချုပ်ချုပ်ဆိုခဲ့ ကာလက်ရှိစာ ချုပ်သက်တမ်းမှာ ၁၈ လသာကျန်ရှိတော့သည်။ သို့သော် ဂွါဒီယိုလာမှာ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ် ဆိုလိုခြင်း မရှိဘဲနွေ ရာသီတွင် ထွက်ခွာ ဖွယ်ရှိနေ သည်ဟု အင်္ဂလိပ် မီဒီယာများ ကဖော်ပြနေ ကြသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ အသင်း စီအီးအို ရူမင်နစ်ဂီကို ဂျာမန် သတင်းစာ Kicker  ကမေးမြန်း ခဲ့ရာတွင် 'အစီ အစဉ်က တစ်ခုတည်း ပဲရှိပါတယ်။ Plan B
မရှိပါဘူး။တစ်ခုတည်းရှိတဲ့ အစီအစဉ်ကလည်း ဂွါဒီယိုလာပါပဲ။ သူနဲ့ သူ့မိသားစုက အိမ်မှာရှိနေ တုန်းပဲဆိုရင် ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်မှာ ရှိနေတုန်း ပါပဲ။ အဲဒီလိုမှ မဟုတ်ခဲ့ဘူး ဆိုရင်လည်း ကျွန်တော်တို့ အခြားနည်း လမ်းကိုပဲ စဉ်းစားရတော့ မှာပေါ့'ဟု ရူမင်နစ်ဂီ ကပြောသည်။

ဂွါဒီယိုလာ ကိုယ်တိုင် ကလည်း စာချုပ်သစ် ကိစ္စ အတွက် အဆောတ လျင်မရှိဘဲ လက်ရှိ စာချုပ် သက်တမ်း ကုန်မှ စာချုပ်သစ် အတွက်ဆွေးနွေး မည်ဟုပြီးခဲ့ သည့်အပတ်က ပြောသည်။

အသက် ၄၄ နှစ်အရွယ် စပိန်လူမျိုး နည်းပြဂွါဒီယိုလာ သည်ဘိုင်ယန်မြူးနစ် အသင်းသို့ရောက် ရှိသည့် ပထမရာသီတွင် ဘွန်ဒက်စ်လီဂါဖလား၊ ပိုကယ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနှင့် ကမ္ဘာ့ကလပ်များ ဖလားတို့ကို ရယူထားနိုင် ခဲ့သည်။


Ref: Goal.com

0 comments:

Post a Comment