Pages

Subscribe:

Saturday, January 24, 2015

အိမ်ကွင်း ပရိသတ်ရှေ့မှာ ဂိုးပြတ် အောင်ပွဲခံခဲ့တဲ့ ဧရာဝတီယူနိုက်တက်



၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဧရာဝတီယူနိုက်တက် အသင်းနဲ့ မနောမြေ အသင်းတို့ ပွဲစဉ်ကို ဧရာဝတီ ယူနိုက်တက် အသင်းအိမ်ကွင်း ဖြတ်တဲ့ ကျောက်တိုင်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ဧရာဝတီ ယူနိုက်တက် အသင်းရဲ့ ပထမဆုံး အိမ်ကွင်းပထမဆုံး ပွဲဖြစ်တာကြောင့် ဧရာဝတီ ယူနိုက်တက် အသင်းဟာ ပွဲစတာနဲ့ မနောမြေ အသင်းကို ဖိအားပေး ကစားခဲ့ပါတယ်။
ပွဲချိန်(၁)မိနစ်မှာပဲ ဧရာဝတီ ယူနိုက်တက် အသင်းဟာ ဘယ်တောင်ပံကနေ ထိုးဖောက်ပြီး ကန်တင်ပေးခဲ့ပေမယ့် မနောမြေ အသင်းနောက်ခံလူတွေ ကာကွယ်နိုင်ခဲ့တာကြောင့် သက်သာခဲ့ရပါတယ်။ မနောမြေ အသင်းကတော့ တန်ပြန် ထိုးစစ်တွေနဲ့သာ ဧရာဝတီ ယူနိုက်တက် ဘက်ကို ထိုးဖောက်နိုင်ခဲ့ပြီး ပွဲချိန်(၆)မိနစ်မှာ မနောမြေ အသင်း အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန်(၁၀)မိနစ်နောက်ပိုင်းမှာတော့ မနောမြေ အသင်းက
အိမ်ရှင် ဧရာဝတီ ယူနိုက်တက် အသင်းထက် ကစားပုံပိုမို ကောင်းမွန်လာခဲ့ပြီး ဧရာဝတီ ယူနိုက်တက် အသင်းကို ပြန်လည် ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် (၁၉)မိနစ်မှာတော့ ဧရာဝတီ ယူနိုက်တက် အသင်းခေါင်းဆောင် မင်းမင်းသူ ဟာ သီဟဇော်ရဲ့ ပေးပို့မှုကို ခေါင်းတိုက် အဆုံးသတ်ခဲ့ ပေမယ့် မနောမြေ ဂိုးသမား မွန်ထွယ်အောင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၃၄)မိနစ်မှာတော့ ဧရာဝတီယူနိုက်တက် အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကို ထောင့်ကန်ဘော ကနေ တစ်ဆင့် တိုက်စစ်မှူး ရစ်တီက ခေါင်တိုက် သွင်းယူခဲ့တာပါ။ ပွဲချိန် (၃၉) မိနစ်တွင်လည်း ဧရာဝတီ ယူနိုက်တက် အသင်းရရှိတဲ့ ပြစ်ဒဏ်  ဘောကနေ ရစ်တီကပဲ ခေါင်းတိုက်သွင်းယူပြီး ဧရာဝတီယူနိုက်တက် အသင်း ဒုတိယဂိုး ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်း ထပ်ဆောင်း အချိန် ပိုတွင်လည်း တိုက်စစ်မှူး ဖွန်ဆီကာက ကွင်းလယ်ကနေ နောက်ခံလူတစ် ဦးကို ကျော်ဖြတ်ပြီး ဂိုးသမားနဲ့တစ်ယောက်ချင်း အတွေ့မှာ ကန်သွင်းယူနိုင်ခဲ့တာ ကြောင့် ဧရာဝတီတို့ တတိယဂိုး ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်း ထပ်ဆောင်း အချိန် ပိုတွင်လည်း တိုက်စစ်မှူး ဖွန်ဆီကာက ကွင်းလယ်ကနေ နောက်ခံလူတစ် ဦးကို ကျော်ဖြတ်ပြီး ဂိုးသမားနဲ့တစ်ယောက်ချင်း အတွေ့မှာ ကန်သွင်းယူနိုင်ခဲ့တာ ကြောင့် ဧရာဝတီတို့ တတိယဂိုး ရရှိခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ဧရာဝတီ ယူနိုက်တက် အသင်း က (၃-၀) ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ဧရာဝတီ ယူနိုက်တက် အသင်းကပဲ တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန်(၄၈) မိနစ်မှာ ဖွန်ဆီကာက နောက်ထပ်ဦးဆောင်ဂိုး တစ်ဂိုး ထပ်သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ဖွန်ဆီကာကပဲ ပွဲချိန် (၈၈)မိနစ်မှာ ကွင်းလယ်က မျှော်ထိုးပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထဲ ဆွဲယူသွားပြီး ဂိုးသမားရဲ့ အနီး ထောင့်ထဲကို ကန်သွင်းယူ နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ (၅-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Soccer Myanmar


0 comments:

Post a Comment